Tuesday 29 September 2009

ပြီးပြည့်စုံလေသောအခါ

ဟိုးတစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ စကားပြောဖြစ်ခဲ့ပါတယ် ၊၊ မှတ်မှတ်ရရ ဘာပြောလည်း ဆို တော့ ဘာမှ မသိတဲ့ဘ၀လေးတစ်ခုကို လိုချင်လိုက်တာတဲ့ ၊၊ တကယ်ကိုထူးထွေသည့် အံရာသော် ဆိုတာမျိုးလို ပေါ့ ၊၊ ပျော်ရွှင်တဲ့ဘ၀တစ်ခုကို တည်ဆောက်ချင်တယ် တဲ့လေ၊၊ ဘာတွေများလိုအပ်နေပါလိမ့် ၊၊
ပညာရေးလည်း ဆုံခန်းတိုင်ခဲ့ပြီ ၊၊ တစ်ဘွဲ့တောင်မဟုတ် ၊၊ နှစ်ဘွဲ့ ရှိနေပြီ ၊၊ အလုပ် ရော အဆင်ပြေပါတယ် ဆိုတာ ထက် လွန်ပေါ့ ၊၊ သာမာန်လခစားဝန်ထမ်း ထက်ပိုတဲ့ အခွင့်အလမ်းတွေနဲ့ လူတစ်ယောက် ၊၊ အပြင် ပန်းကြည့်ရင် သူ့ဘ၀လောက် နေပျော်တာ ဒီကမ္ဘာမှာ ရှိပါ့မလားဆိုတဲ့ အခြေအနေမျိုး ၊၊ လူတွေ များ တော်တော် ဆိုးတယ် နော် ၊၊ ရတာတွေ မလိုသလို လိုတာတွေလည်း မရကြပါတကား ၊၊ ကိုယ်ချင်းစာမိပါတယ် ၊၊ လူမှန်ရင် ဦးတည်ချက် လိုအပ်ချက်လေး တစ်ခုတစ်လေတော့ ရှိနေမှ သာယာ စိုပြေတာပါ ၊၊
ချစ်ခဲ့ဖူးပြီ ၊ ချစ်သူတွေလည်းထားခဲ့ဖူးပြီ ၊၊ အခုအသက်အရွယ်မှာ သူ့အတွက် ဖူးနုငယ်တဲ့ အချစ်ဖူးလေးတွေ ဘယ်မှာ ရှာတွေ့ပါတော့မလဲ ၊၊ ကြာခဲ့ပြီကော ၊၊ သူမက်မက်စက်စက် လိုချင်နေတာက နှိုင်းယှဉ်မှုမရှိတဲ့ ချစ်ခြင်း တွေနဲ့ တစ်စုံတစ်ယောက်ကို ချစ်ပြီး လက်ထပ် လိုက်ချင်တယ်တဲ့ ၊၊ ဒါပေမယ့် သူအဲဒီကာလကို လွန်ခဲ့ပြီကောတဲ့ ၊၊ အင်း ကျွန်တော် ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါ၏ ၊၊ အခြားသူတွေကော ၊၊ ရည်းစား တွေ အများကြီး မရှိဘဲ ဒီတစ်ယောက်ကို ချစ် ၊ ဒီတစ်ယောက်လက်ထပ် ၊ ဒီတစ်ယောက်ကို တစ်သက်လုံး ချစ်သွား တာမျိုးကို အရင်က ရိုးရှင်းပြီးပျင်းစရာလို့ မြင်မိပေမယ့် ခုများတော့ အဲဒီလို အချစ်တွေ အများကြီးမသိတဲ့ ဘ၀ လေးတစ်ခုကို မက်မက် စက်စက် လိုချင်မိနေတယ် ကွာ တဲ့လေ ၊၊ အင်း ကျွန်တော်ကတော့ ခံစားပေးရင်း နှစ်သိမ့် ခဲ့ပါတယ် ၊၊ တစ်နေ့နေ့တော့ ဖြစ်ရ်ျလာလိမ့်မည် လို့ ၊၊ သို့သော် ..................
ဒီလမ်းကို လျှောက်ဖူးသူမို့ သူ့အတိတ်ဟောင်းကို မေ့နိုင်ပါမည်လော ................
မေ့နိုင်ခဲ့ရင်တောင် ခံစားချက်တွေ လက်ဆက်နေပါအုံမလား ........................
လေးစားစွာဖြင့်
မင်းအိမ်ဖြူ

8 comments:

လသာည said...

အင်း.. သူငယ်ချင်းကလို့ ကိုယ်စားတင်ပြသွားတာဆိုတော့ ကိုမင်းအိမ်ကတော့ အဆင်ပြေတယ်မို့လား။
ဒီခံစားချက်ကို ကိုယ်ချင်းစာပေးနိုင်ပါသည်။ ဒါပေမဲ့ အကြံဥာဏ်တော့ မပေးတတ်ပါ။ :P
အဆင်ပြေပျော်ရွှင်ပါစေ..

မင်းနေဝေး said...

ပြီးပြည့်စုံတဲ့ဘ၀ ....
ဗီလိန်ပဲဗျာ .. အချစ်နဲ့မှ ပြည့်ဆုံမယ်ထင်တယ် ..
အချစ်မရှိပဲ ကျန်တာပြည့်စုံနေရင် ... သောက်စရာ ခွက်မရှိတဲ့ ရေအိုးလိုပဲနေမှာ ... ပြည့်တော့ ပြည့်တယ် သုံးမရဘူး ....

ကျွန်တော့်ထင်မြင်ချက်ပါ ...
ဒါနဲ့ ...
လိပ်စာတော့ မပေးနိုင်ဘူးဗျ .. တစ်ယောက်တည်းသွားမှာ :P

Mogok Thar said...

ညီမင်းအိမ်ရေ

ကြိုးစားထား။
အကိုကတော့
တစ်နေ့နေ့တော့ ဖြစ်ရ်ျလာလိမ့်မည် လို့ ဆိုရင်း
နောက်ဆက်တွဲကတော့
မျှော်သာမျှော်သည်၊ ကြာခဲ့ပြီတဲ့။

ချစ်ခင်လေးစားစွာဖြင့်

မယ့်ကိုး said...

စာဖတ်ပြီး စာရေးသူကို နောက်မလို့ပဲ။ အခု ...အစ်ကိုမိုးကုတ်သားကိုပါ ထည့်နောက်ရမလို ဖြစ်နေပြီ။
လူကြီးဆိုတော့ မနောက်တော့ပါဘူးလေ ..အတည်ပဲပြောပါတော့မယ်။

ကျွန်မအထင်တော့ အနုပညာသမားတွေ အတွက် အထီးကျန်ခြင်းဟာ ဆေးဖက်ဝင်တယ်။

ဝက်ဝံလေး said...

နေကောင်းပါရဲ့လား အစ်ကိုမင်းအိမ်ဖြူ

mae said...

သူပြောတာကို နားလည်တယ်၊ အဟတ်

မငုံ said...

အဆင်ပြေ ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးသွားတယ်နော့။ :)

သူကြီးမင်း (တုံးဖလား) said...

King house white.
ကျနော်လဲ တစ်ယောက်ဆို တစ်ယောက်ထဲဘဲဗျ။
ပျင်းစရာမဟုတ်ပါဘူး။