Tuesday 6 October 2009

ပြေးသာပြေး

အခုတလော စာမရေးဖြစ်တာကြာပြီ ၊၊ ဘာတွေများအလုပ်ရှုပ်နေပါလိမ့် ၊၊ စိတ်ထဲလည်း သိပ်မပါ လို့ထင်ပ ၊၊ ကြောက်သလိုဖြစ်ပြီး လက်လည်း တွန့်နေမိတာလည်း ပါတယ်၊၊ အလုပ် လည်း ပြောင်းဖြစ်အုံးမယ်ထင်ပါတယ် ၊၊ နောက်ဆို ပိုပြီးတောင် ဘလော့ကင်းဖို့ မလွယ်လောက် တော့ဘူး ထင်ပ ၊၊ ဘာပဲပြောပြေအခု လက်ရှိအလုပ်လေးက နားအေးပါအေးနဲ့ စိတ်အေးသက်သာတော့ ရှိသား ၊၊ ကိုယ်တစ်ကိုယ် ရေစာတော့ အဆင်ပြေပါတယ်လေ ၊၊ ဒီမှာ လောဘသိပ်မကြီးတက်ဘူးဆိုရင်တော့ ဒီအလုပ်လေးက သာသာယာယာ နဲ့တကယ်ကောင်းတဲ့အလုပ်ပေါ့ ၊၊ ကျွန်တော်နဲ့တော့ ကိုက်သားလား ၊၊ ၀င်ငွေတော့ သိပ်မကောင်းဘူးပေါ့ ၊၊ သို့သော် တကိုယ်ရေတကာယ ဘာပူစရာရှိမှတ်လို့ ၊၊ မိဘဆိုတာကလည်း သားသမီးမျှော်ကိုးတက်တာမျိုး မဟုတ်လေတော့ အေးအေးလူလူပေါ့ ၊၊ ဆူဆူပူပူ လောဘကြီးတဲ့ မိန်းမနဲ့ဆိုရင် တော့ ဒီဝင်ငွေမျိုးနဲ့ ညနေဖက် အချိန်ပို စားပွဲထိုးခိုင်းမှာသေချာတယ် ၊၊ အခုတော့ တစ်ယောက်တည်းဆိုတော့ အေးဆေးပေါ့ ၊၊ ရေလေး သွားကူးလိုက် ၊ ပျင်းပျင်းရှိ ရုပ်ရှင်လေးကြည့်လိုက် ( ကိုယုယဆီက အလကားရထား တာလေးတွေပါ ) ၊ Gym လေး သွားလိုက် နဲ့ အဆင်ကို ပြေနေရောပဲ ၊၊ ( အိမ်နားနီးနေတာလည်း ပါပါတယ် ) ကိုယ်ဘာသာ တစ်ယောက် တည်း ဘ၀မို့ပြော ပါတယ် ၊၊

သူငယ်ချင်းတစ်ယောက်ကမေးတယ် ၊၊ အားကစားတွေ လုပ်လိုက် ရေတွေကူးလိုက်နဲ့ ဘာတွေ လုပ်နေတာ လဲတဲ့ ၊၊ အချိန်ကုန်အောင်လုပ်နေပါတယ်လို့ ရိုးသားစွာ ဖြေလိုက်ပါတယ် ၊၊ နောက် ငယ်ငယ်တည်းက Gym ကစားချင်ခဲ့တယ် ၊၊ ဒါပေမယ့် ရန်ကုန်မှာ တုန်းက ငွေမတက်နိုင်လို့ မလုပ်ခဲ့ရတာ အခုမှ ကိုယ့်ငွေနဲ့ကိုယ် လုပ် နေပါတယ်လို့ ပဲ ဖြေဖြစ်ခဲ့တယ် ၊၊ ဟုတ်တယ်လေ ၊၊ မှတ်မိသေးတယ် ၊၊ ရန်ကုန်က Champion မှာ တုန်းက ၃ သောင်းလားမသိဘူးတောင်းတယ် ၊၊ အဲဒီတုန်းက ကိုယ်ရတာကမှ ၆ သောင်း ရသောင်း ဘယ်လို သွားနိုင်မှာတုန်း ၊၊ မှန်တာပြောတာလေ ၊၊ နောက် အချိန်လည်း မရှိတာပါတာပေါ့ ၊၊ အခုတော့ ဒီမှာ နည်းနည်း အားတာနဲ့ ၊ အလုပ်ကလည်း နည်းနည်းလေး သက်သာသလိုလေးရှိတုန်း အားတဲ့အချိန်လေး ကစားပေါ့ ၊၊ ဘာမှ မလုပ်ဖြစ်တဲ့နေ့ဆို ပြေးပေါ့ ၊၊ ပိုက်ဆံလည်း မကုန် ၊ ဘယ်လောက်ကောင်းတဲ့ အားကစားလည်း ၊၊ အားရင်တော့ ကစားကြပေါ့ ၊၊ ရည်းစားရှိတဲ့လူတွေ မိန်းမရှိတဲ့သူတွေတော့ တော့ လုပ်လို့မရဘူးနော် ၊၊ အချိန်မပေးလို့ဆိုပြီး ပြသနာ ရှာ ခံရနိုင်တယ် ၊၊ ဒါကတော့ လူပိုလူလွတ်တွေ ရည်းစားလက်ဆုပ်လက်ကိုင် မရှိတဲ့သူတွေ အတွက် ဒီကျွန်း လေးမှာ အကုန်အကျမများပဲ ၊ ကျန်းမာရေးအတွက်လည်း စိတ်ချရတဲ့ အချိန်ဖြုန်းနည်းလေးပါပဲ ၊၊ အော်နောက်တစ်ခုက ဘီယာလေးနဲ့ အပမ်းဖြေပေါ့ သို့သော် ဘတ်ဂျတ်လိုငွေ ပြသွားနိုင်ပါတယ် ၊၊လစာကောင်းရင်တော့ တစ်မျိုးပေါ့ ၊၊အဲဒီနည်းကတော့ သိပ် အဆင်မပြေပါဘူး ကျွန်တော့် အတွက် ပြောပါတယ် ၊၊ ဒါကြောင့် ပြေးသာပြေး အဲဒါအကောင်းဆုံးပါပဲ ၊၊

ပျော်ရွှင်ကြပါစေ

မင်းအိမ်ဖြူ

5 comments:

amayarko said...

အလုပ်အသစ်ပြောင်းမဲ့အကြောင်းများဆက်ရေးတော့မှာလားလို. :-)

ဆက်ရန်ရှိသေးရင် စောင့်နေပါတယ်။

လသာည said...

“..တကိုယ်ရေတကာယ ဘာပူစရာရှိမှတ်လို့ ”
“..အခုတော့ တစ်ယောက်တည်းဆိုတော့ အေးဆေးပေါ့ ”
“..ကိုယ်ဘာသာ တစ်ယောက် တည်း ဘ၀မို့ပြော ပါတယ်”

တယောက်တည်းဘ၀ရဲ့ အားသာချက်တွေကို သေသေချာချာ ဖတ်သွားပါတယ် :D ။ အစစအဆင်ပြေပါစေလို့...

ဝက်ဝံလေး said...

ထောက်ခံတယ် ဘာတဲ့ ရည်းစားရှိတဲ့လူတွေ မိန်းမရှိတဲ့လူတွေ လုပ်လို့မရဘူး ဆိုတာ ဟိဟိ အရင်ကောလိပ်မှာတုံးကတော့ gym ဆော့တယ် အလကားလေ ဝံလေးတို့က full time ဆိုတော့ အခုကောလိပ်က အလကား သုံးမရဘူး သူတို့ PE ကျောင်းသားတွေပဲ ဆော့လို့ရတာ ဆိုလို့ ဝံလေးလဲ စိတ်ညစ်နေတာ ဟားဟားးးးးး ပိုက်ဆံလဲ အကုန်မခံနိုင်ဘူးလေ ဟက်

မအားတော့လဲမရေးနဲ့ပေါ့ နော့် ဘာပဲဖြစ်ဖြစ်လေ အသစ်တင်ရင်တော့ လာဖတ်မယ်နော် ကိုမင်းအိမ်ဖြူ

ဘိုင် တာ့တာ

Lucifer said...

အားနေတဲ့ အချိန်လေးတွေ မမီးကို နည်းနည်းချေးပါ့လား... ဒီမှာဘာတွေနဲ့ မအားလဲးတော့မသိဘူး... အချိန်မရှိတာတော့မှန်တယ်.. ကိုယ်တိုင်လည်းထမင်းမချက်ရ အိမ်မှာ မေမေက အရန်သင့်..မနက် ၆ နာရီကနေ ည ၁၀ နာရီထိ ကုန်သွားချိန်တွေက မမီးလုပ်ချင်တာလုပ်လိုက်ရတာ တစ်ခုမှမပါလိုက်ဘူး...
ဘဝများ ကွာချားချက်တော့လွန်ပါ့

သူကြီးမင်း (တုံးဖလား) said...

ပိုက်ဆံမကုန်တဲ့ အကောင်းဆုံးအားကစား။
ပြေးသာပြေး။
အားပေးနေမယ်။ :D