Wednesday 7 October 2009

အထောက်အပံ့ကောင်း

ဘယ်လို ယုံကြည်လဲဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်တာတွေ အများကြီးပဲ။ အဲဒီတော့ ကိုယ့်ဘက်ကလည်း ကြိုးစား အားထုတ်ရတယ်။ တစ်ဖက်ကလည်း ပံ့ပိုးကူညီရတယ်။ ကြိုးစားအားထုတ်မှုနဲ့ ပံ့ပိုးကူညီမှု နှစ်ခုပေါင်းတယ်။ နောက်တစ်ခုက ဖြစ်ဖို့ကံလည်း ပါတယ်။ ပါရမီပေါ့နော်။ ရှေ့ဘ၀အတိတ် ပါရမီပါတဲ့ အခါကျတော့ အဲဒါတွေ ဆုံပြီး ကံကောင်းစွာနဲ့ ကျွန်တော် မင်းသား ဖြစ်သွားပါတယ်

အထက်ကစာပိုဒ်လေးကတော့ “ကံကောင်းလို့ မင်းသားဖြစ်လာတဲ့ နိုင်းနိုင်း” ဆိုတဲ့ ဆောင်းပါးလေးထဲက သရုပ်ဆောင် နိုင်းနိုင်းက အဖြေပေးခဲ့တဲ့ စကားစုလေးတစ်ခု ပါပဲ ၊၊ တကယ်ကိုကောင်းတဲ့ အဖြေလေးတစ်ခုလို့ကျွန်တော်တော့ ထင်ပါတယ် ၊၊ ဘာလို့ဒီလိုဆို သလဲဆိုတော့ လူတစ်ယောက်အောင်မြင်လာဖို့အတွက် လိုအပ်တဲ့ အရာတွေက အင်မတန် မှ များပြားလှလို့ပါပဲ ၊၊ ကျွန်တော်အမြင်ပေါ့လေ ၊၊ ဒါပေမယ့် အဲဒီလူတစ် ယောက်ဟာ နေရာတစ်ခုရလာတဲ့အခါ ၊ တနည်းအားဖြင့် အောင်မြင်လာတဲ့အ ခါမှာတော့ အားလုံးကို မေ့ပြီး ငါတော်လို့ ဖြစ်လာခဲ့တာပါဆိုတဲ့ အမြင်မျိုး အပြောမျိုးလေး တွေ ပြောင်းလဲလာတက်တာကို တွေ့ဖူးကြမှာပါ ၊၊ မှန်ပါတယ် ၊၊ လက်ခံပါတယ် ၊၊ တကယ်တော်တဲ့သူတွေသာ အောင်မြင်နိုင်တာပါ ၊၊ သာမာန် လူတစ်ယောက်ကို ဘယ်လို အထောက်အပံ့တွေ ပေးပေး ၊ ဘယ်လောက်ပဲ ပြည့်စုံတဲ့ အားပေးမှုတွေ ရှိနေပါစေ ကိုယ်တိုင် အားထုတ်မှု မရှိရင်တော့ အောင်မြင်မလာနိုင်တာကို လက်ခံပါတယ် ၊၊ သိုသော် ကိုယ်ဘယ်လောက် ပင် တော် ၊ တက် ၊ ထက်မြက် နေပါစေ ၊ အထောက်အပံ့ ကောင်းလေး တွေ မရှိ ခဲ့ရင်လည်း အောင်မြင်လာဖို့ မလွယ်ကူပါဘူး ၊၊ ဒါ့ကြောင့် အထက်က အဖြေစကားလေးကို တွေ့ရတဲ့အခါ ကိုယ်ကိုတိုင်လည်း ဆင်ခြင်မိသလို သူငယ်ချင်းတွေကိုလည်း သိစေချင်တာမို့ တင်ပြလိုက်မိပါသည် ၊၊ ( ကံဆိုတာ ကိုယ်တိုင် ကြိုးစားအားထုတ်မှုပါ ဆိုသူများအတွက် မရည်ရွယ်ရိုးအမှန်ပါ )

ခင်မင်သမှုဖြင့်

မောင်မင်းအိမ်

4 comments:

လသာည said...

မှန်တယ်။ ဘ၀တစ်ခုစီအတွက် အထောက်အပံ့ကောင်းဆိုတာ လိုအပ်တာပေါ့..။ မိဘနဲ့ ဆရာသမားကလည်း ကိုယ့်ဘ၀ရဲ့ အကြီးအမားဆုံး အထောက်အပံ့တစ်ခုပေါ့.. အစ်မလည်း အဲလိုပဲ ခံယူမိတယ်။

mae said...

သဘောတူပါတယ်

ဒါမျိုး ဆင်ဆင် အရင်ကလဲ ရေးဖူးတယ်နော်၊ ကိုမင်းအိမ်ရေ.. စာရေးဖို့ လက်မတွန့်တော့လို့ ဝမ်းသာပါတယ်

ဝက်ဝံလေး said...

ပြည့်ပြည့် ဝဝ ကြီးကို သဘောတူပါတယ် နော် ကိုမင်းအိမ်ဖြူရေ ဟီးးးးးးးးးးးး

သူကြီးမင်း (တုံးဖလား) said...

အတိတ်ဘ၀က ပါရမီကံနှင့် လက်ရှိဘ၀ကံ ပူးပေါင်းသွားလို့ အောင်မြင်သွားတဲ့ သဘောပါ။