Tuesday 27 October 2009

ပြည်တန်ဆောင်တိုင်ပွဲတော် ၁






( တရုတ်အမျိုးသာယိမ်းဆိုပေမယ့် ကတာကတော့ တရုတ်မလေးတွေပါ ၊ ပုံပို့ပေးတဲ့သူငယ်ချင်းက အဲဒီယိမ်းကို ပဲ အားပေးလို့ အခြားယိမ်းပုံတွေ မရသေးဘူးဗျ ၊ နှစ်စဉ်အစဉ်အလာမပျက် တရုတ်ယိမ်းကိုပဲ သူက အားပေး တယ် P: တရုတ်မလေးတွေ လှတားကိုး)

ပြည်မြို့ ဆိုတာ မြန်မာပြည် အလယ်ပိုင်းမှာတော့ ထင်ရှားတဲ့မြို့လေးတစ်မြို့ပါ ၊၊ အထက်အညာနဲ့ အောက် ပြည် အောက်ရွာကို ဆက်သွယ်ပေးထားတဲ့ မြို့ ၊၊ ရခိုင်ဒေသရဲ့ ၀င်ပေါက် ၊၊ ဧရာဝတီမြစ်နဘေးက လှပတဲ့ မြို့လေးတစ်မြို့ဆိုတာ ရောက်ဖူး နေဖူးသူတိုင်း သိကြပေလိမ့်မည် ၊၊ တခါတစ်ခေါက်အလည်ရောက်လာသူ တွေ မပြန်ချင်အောင် ဆွဲဆောင်နိုင်တာလည်း ရိုးသားတဲ့ မြို့လေးရဲ့ ဂုဏ်အင်တစ်ရပ်ပါပဲ ၊၊ ပြည်သူတွေ လှသလို ပြည်သားတွေ ချောတယ်လို့ ဆိုစမှတ်ပြုကြရဲ့ ၊၊ စပါးလုံးတစ်ထောက်စာ အပေါ်ယံ အလှထက် အမှန်တကယ် စာဖွဲ့ ရမှာက ရိုးသားတဲ့ ပြည်သူပြည်သားတွေရဲ့ စိတ်သဘောထားပါပဲ ၊၊ ဖြူစင်တယ် ဟန်မဆောင် တက်ကြဘူး ၊၊ ဧည့်ဝတ်ကျေပွန်တယ် ၊၊ အရင်းခံသဘောတိုင်းပေါင်းသင်းတက်ကြတယ် ၊၊ တော ဆန်တယ် ၊၊ မြန်မာမှုကို မြတ်နိုးတယ် ၊၊ တန်ဖိုးထားတယ် ၊၊ ရတနာသုံးပါးလေးစားရိုသေတယ် ၊၊ ပြောရရင် ဂုဏ် အင်တွေ စာမဖွဲ့နိုင်ပေဘူး ၊၊ ရှိစေတော့ ၊၊ အခုတော့ အဲဒီပြည်မြို့ က အခုလောလောဆယ် ကျင်းပနေတဲ့ ပွဲတော် ဓါတ်ပုံလေးတွေ ကို တင်ပေးလိုက်ပါတယ်ဗျာ ၊၊ မျှဝေခံစားခြင်းပေါ့ ၊၊ ကျွန်တော်တို့ ကျောင်းတက်တဲ့ကာလ ကျောင်းပြီးတဲ့နှစ်တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် သုံးနှစ်တစ်ကြိမ်လှည့်လည် ပူဇော် ပွဲနဲ့ ဆုံဖြစ်ခဲ့တယ် ၊၊ သူငယ်ချင်းတွေ အလွမ်းပြေပေါ့ဗျာ ၊၊


မင်းအိမ်ဖြူ


(တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ နောက်ဆုံးနှစ်စာမေးပွဲကြီးပြီးတဲ့နှစ်ကလည်း ပွဲတော် လှည့်တဲ့နှစ် ဖြစ်နေလို့ တော်တော် ပျော်ခဲ့ကြတယ် ၊၊ ကိုယ့်အိမ်ကိုယ့်ယာ မပြန်ကြသေးပဲ ပွဲတော်လည်ပြီး ကဲခဲ့ကြသေးတယ် ၊၊ ချစ်သူ စုံတွဲတွေလည်း ပွဲတော်လှည့်ခဲ့ကြတာပေါ့ ၊၊ ကိုမင်းအိမ်ဖြူတောင် ပါမယ် ထင်တယ် အဲဒီတုန်းက ချစ်သူလေး နဲ့ကိုးဗျ P:)

ဝန်ခံချက် ၊၊ ၊၊ ပြည်သားသူငယ်ချင်းပို့ပေးတဲ့ ဓါတ်ပုံများကို တင်ပါတယ် ၊၊ ယခုလောလောဆယ် ကျင်းပနေဆဲ ပါ ၊၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့မှ သိမ်းမှာပါ ၊၊

9 comments:

ဝက်ဝံလေး said...

လူကိုများ ချားလ် လာစီးဆိုလို့ လာ တာ ဘယ်မှာလဲ ချားလ် လူကြီးနော် ဟွင်းးး

ဂျူနို said...

ဟုတ်တယ်။ အရမ်းစည်တာ။ ရထားတွေဆို ကြပ်ပိတ်နေတာပဲ။ မအယ်လည်း ရောက်ဖူးတယ်။
မြစ်ကမ်းနားလည်း လှတယ်။ ထမင်းသုတ်နဲ့ ငါးသာလောက်ဥကြော် နာမည်ကြီးတယ်။
တကယ် ပျော်စရာကြီးပါ။ ပျောင်းဖူးတွေလည်း တအားကောင်းတယ်။ ရန်ကုန်ပျောင်းနဲ့ တခြားစီပဲလေ။ နတ်ပြည်မွှေးတဲ့ ၀က်မလွတ်တဲ့ မှတ်မိသေးတယ်။

မအယ်

သူကြီးမင်း (တုံးဖလား) said...

ပြည်မြို့က ပျော်စရာကြီးပါလား။
ကျနော်ကတော့ တစ်ခေါက်ဘဲ ရောက်ဖူးတယ်။
မြစ်ကမ်းဘေးအပန်းဖြေသွားရတာ ကြည်နူးဖို့ကောင်းခဲ့ပါတယ်။ အခု တန်ဆောင်တိုင်ပွဲတော်ဆိုတော့ အရမ်းစည်းကားမှာ သေချာတယ်။

မြန်မာနိုင်ငံကို သတိရမိသေးတော့၏။

Thargyi(Gyobingauk) said...

သူငယ်ချင်းရေ..

ဖြတ်သန်းခဲ့ရတဲ့နှစ်တွေကိုလွမ်းမိတယ်..
အမှတ်တရလေးတွေတင်ပေးတာကျေးဇူးပါကွာ

chocothazin said...

ပြည်ကိုခဏခဏရောက်တယ်။ တန်ဆောင်တိုင်တော့ တစ်ခါမှမကြုံဖူးဘူး။ ကျေးဇူးတင်ပါတယ် ကိုမင်းအိမ်ဖြူ။

Nay Lin said...

ပြည် မှာ ဆောင်း ကို ပြန်ပြောင်းအောက်မေ့ သွားပါကြောင်း

မငုံ said...

ပြည်သူ ပြည်သားတွေ ချောသလို စိတ်ရင်းကောင်းတာတော့ ယုံတယ်ဗျို့။ ပြည် က သူငယ်ချင်းတွေ အများကြီးပဲ။ ရောက်ဖူးတယ။် ဒီတန်ဆောင်တိုင်ပွဲလေးတော့ မကြုံဖူးဘူး။

Yu Ya said...

ပြည်တန်ဆောင်တိုင်တွေ့တော့ ဟိုသွားသတိရတယ် သူငယ်ချင်းရေ..

yu ya

mae said...

ကိုမင်းအိမ်ဆီစာလာဖတ်ရင် မြန်မာပြည်က မြို့တွေ အကြောင်း သိရတယ်

တန်ဆောင်မုန်းပွဲကို ရန်ကုန်မှာပဲ ကြုံဖူးတယ်၊ ကြာပြီပေါ့

p.s. ဒီတခါ ချစ်သူကြီးရှာပေါ့ကွယ်