Thursday 29 October 2009

ပြည်တန်ဆောင်တိုင်ပွဲတော် ၂





လက်ကျန်ပုံလေးတွေပါ ၊၊ ၀န်ခံရရင်တော့ ပုံလေးတွေက သိပ်မကောင်းတာ အမှန်ပါပဲ ၊၊ သို့သော် ပို့လာပေး တဲ့ သူငယ်ချင်းလည်း စေတနာ တွေနဲ့မို့ သည်းခံရင်းသာ ကြည့်ရှုတော်မူကြပါဗျာ ၊၊ အဲဒီလိုယိမ်းကားတွေ အများ ကြီး တန်းစီလှည့်တာပေါ့ဗျာ ၊၊ အဲဒီနယ်တစ်ဝိုက်မှာတော့ အစည်ကားဆုံး ပွဲတော်ကြီးတစ်ခုပါပဲ ၊၊ ပျော် ကြတယ် ၊၊ ရွှင်ကြတယ် ၊၊ ၀ယ်ကြတယ် ၊၊ ခြမ်းကြတယ် ၊၊ ဆိုင်ခန်းတွေလည်း အများကြီးပါပဲ ၊၊ ပွဲဈေးတန်း အစ အဆုံး လျှောက်မယ် ဆိုရင်ဖြင့် အသွားတစ်ခေါက် ၂ နာရီ နဲ့ အပြန် ၂ နာရီ စုစုပေါင်း လေးငါးနာရီစာလောက် ခရီးတွင်မယ်ထင်ပါတယ် ၊၊ ပျော်စရာကောင်းသလို စားစရာ အစုံရပါတယ် ၊၊ ဒေသထွက်ကုန်တွေ အပြင် နာမည် ကြီးတာကတော့ ရှင်မတောင် သနပ်ခါးနဲ့ သင်ဖြူးဖျာတွေပါပဲ ၊၊ နိုင်ငံဒေသအစုံက ပွဲခင်းဈေးသည်တွေ လာတဲ့ပွဲမို့လည်း ပိုစည်ပါတယ် ၊၊ တကယ်လို့များ နောက်ပိုင်း ကြုံကြိုက်ခဲ့မယ်ဆိုရင်တော့ အလည်တစ်ခေါက် ဖြစ်ဖြစ် သွားေ၇ာက် လည်ပတ်ကြပါအုံးလို့ ပဲ တိုက်တွန်းလိုက်ပါတယ်ဗျာ ၊၊
မင်းအိမ်ဖြူ


2 comments:

သိင်္ဂါကျော် said...

ဒီနှစ် စွယ်တော်လှည့်မှာ သိပေမယ့် အိမ်မပြန်ဖြစ်လိုက်ဘူး။
ယိမ်းကားတွေကို ရိုက်ဖို့ ရည်မှန်းထားပေမယ့် မရိုက်လိုက်ရဘူးပေါ့။
ခုလို ကြည့်လိုက်ရတာကိုပဲ ဝမ်းသာပါတယ်။

သူကြီးမင်း (တုံးဖလား) said...

အဲဒီ အ၀ါရောင် ၀တ်စုံနှင့်လူက ဘာကြီးပါလိမ့်။ :D