Friday 6 November 2009

ဝမ်းသာမိတယ်

ကျွန်တော် ဒီနေ့ညလေး ကို တကယ်ဝမ်းသာမိတယ် ၊၊ ကျွန်တော် ဒီလို ၀မ်းမသာရတာ ကြာပါပြီ ၊၊ တကယ်ကြာခဲ့ပြီ ၊၊ ဒီခံစားချက်လေးကို ဟိုး လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းက ပိုစ့်လေးတစ်ခုအဖြစ် တင်ခဲ့ဖူးတယ် ၊၊ နေရာလေးတစ်ခု ဆိုပြီးတော့လေ ၊၊ ကျွန်တော် စိတ်ညစ်နေတယ်ထင်လို့ ၀ိုင်းဝန်း အားပေးသွားတဲ့ ငှက်ကလေး တစ်ဖြစ်လဲ ၀က်ကလေးရယ် ၊ သူငယ်ချင်း ယုယ ရယ် ၊ နောက် ခင်ရတဲ့ မေ ရယ် ၊ ကျွန်တော့်ကို ညီမင်းအိမ် လို့ ခေါ်တဲ့ ကိုကြီးမိုးကုတ် ရယ် ၊ အခုအွန်လိုင်းမှာ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်း ကိုနေဒေး ရယ် ပေါ့ ၊၊ သူတို့ ပို့ပေးတဲ့ မေတ္တာတွေ ကြောင့် အဲဒီ နေရာလေးကို သွားခွင့် ရတော့မယ်၊၊ လိုအပ်တဲ့ ညှိုနှိုင်းမှုတွေပြည့်စုံရင် ၊ ကိုယ့်ဖက်က လက်ခံပြီးရင် ၊ အားလုံး ပြည့်စုံပြီးရင် ကျွန်တော် သွားခွင့်ရတော့မယ်တဲ့လေ ၊၊ သူတို့ဖက်က လက်ခံလိုက်ပြီတဲ့ ၊၊ သူငယ်ချင်းတွေကို ကျေးဇူးတင်တယ်၊၊ လိုအပ်တာတွေ ကိုရှာဖွေ ကူညီပေးခဲ့တဲ့ မြန်မာပြည်က သူငယ်ချင်း ယပက်လက် ရယ် ၊ ဆရာတိုးရယ် ရောပေါ့ ၊၊ ကျွန်တော် ပျော်ရွှင်သလို အားလုံးလည်း ပျော်ရွှင်ပါစေဗျာ ၊၊
ခင်တဲ့
မင်းအိမ်ဖြူ
( သူငယ်ချင်းတွေ ကို အမြဲတမ်း မပျော်ရွှင်တာတွေ ၊ စိတ်ရှုပ်စရာတွေ မျှဝေနေကျမို့ ဒီတခါတော့ ရှားရှားပါးပါး ၀မ်းသာစရာလေး မျှဝေပေးလိုက်ပါတယ်နော် )
(အဲဒီနေရာလေးဟာ ကျွန်တော့်အတွက် စည်းတစ်ခုလားလို့ အမြဲ ခံစားနေရဖူးတယ် )

8 comments:

khin oo may said...

အဆင်ပြေပါစေ။

မယ့်ကိုး said...

အဲဒီတုန်းက ဘာရေးထားမှန်း မသိဘူးလေ။ အခုမှ သိတာလေ။
ပျော်ရွှင်ပါစေ။ အမြင့်ပျံငှက်ရဲ့ ခရီးတိုင်း လှပါစေ။

ဂျူနို said...

ဘာမှန်းတော့ နားမလည်ဘူး။ ပို့စ် အဟောင်း ဖတ်ကြည့်လည်း သဘော မပေါက်ဘူး။ ဒါပေမဲ့ ၀မ်းသာ နေတယ် ဆိုတော့ ၀မ်းသာပါတယ်။


မအယ်

~ဏီလင်းညို~ said...

သွားချင်တဲ့နေရာလေးကို သွားခွင့်ရပြီဆိုလို့ ၀မ်းသာမိပါတယ်ဗျာ...။ အစစ အဆင်ပြေပါစေ...

Yu Ya said...

မင်းတစ်ယောက်ထဲသွားခွင့်ရတော့ ကိုယ့်မှာ ကစားဖို့ အဖော်မဲ့သွားပြီပေါ့ သူငယ်ချင်းရယ်...အဟီး။

ရည်မှန်းချက်တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေဗျာ။

ထပ်ပြောလိုက်အုံးမယ် သူငယ်ချင်းရေ.. ကိုယ်တို့သင်ခဲ့ရသလိုပေါ့ကွာ.. “အချိန်ကျလာတဲ့တစ်နေ့ ဘာကိုမှ ရှောင်လွှဲလို့မရဘူးဆိုတာကိုပေါ့”

အမှန်ကန်ဆုံးလမ်းကို အကောင်းဆုံး ရွေးချယ်နိုင်ပါစေကွာ။ ဘာပဲဖြစ်ဖြစ် အစွမ်းရှိသလောက်တော့ အကောင်းဆုံးကြိုးစားလိုက်ပါ။

သူငယ်ချင်း
yu ya

yu ya

နွေးနေခြည် said...

အဆင်ပြေချောမွေ့ပါစေ ကိုမင်းအိမ်

လသာည said...

ဝမ်းသာစရာဆိုလို့ ၀မ်းသာမိပါတယ်..
အစစအဆင်ပြေပါစေ.....

mae said...

အဆင်ပြေပါစေ လို့ ထပ်ဆုတောင်းပါတယ်

(ပဟေဠိတွေ သိပ်မလုပ်ပါနဲ့ ကိုမင်းအိမ်၊ ဆံပင်ဖြူမှာ ကြောက်တယ်)