Saturday 14 November 2009

တွေ့ဆုံခွင့် နဲ့ အလွမ်းဖေါ်

နောက်ကြောင်း ကိုပြန်ငဲ့ကြည့်လိုက်တဲ့ အခါတိုင်း မပီဝိုးတ၀ါး အရိပ်တွေက ခေတ်ဟောင်းရုပ်ရှင်ကား တစ်ခုလို ဖြူလိုက်မည်းလိုက် တခါတခါတော့ စိမ်းလိုက်ဝါလိုက် ၊၊ အော် အတိတ်ရဲ့ အရိပ်တွေက ကိုယ့်နောက်မှာ ထပ်ချပ် မကွာဘူးနော် ၊၊ နေပူပူမှာ အတူလျှောက်ခဲ့ရတဲ့ ကာလလေးတွေမှာ တစ်ယောက်ကို တစ်ယောက် ကယုကယင် ဖေးမခဲ့ဖူးတဲ့ ကာလလေးတွေကို သတိရတယ် ၊၊ နေပူပူ ခရီးကြမ်းတစ်ထောက်မှာ တစ်ယောက် လက်ကို တစ်ယောက် တွဲပြီး လျှောက်လှမ်းခဲ့ဖူးတာကို လွမ်းတယ် ၊၊ ဟိုအခါ နေပူစဉ်က မင်းလှမ်းခဲ့တဲ့ ရေပူ ခွက် လည်း ဘယ်ဆီမှာလည်းကွယ် ၊၊ ခုနေခါမတော့ မင်းကမ်းမယ့် ခွက်က ကိုယ့်အတွက် မဟုတ်သလို ကိုယ် ကြိုက်တဲ့ ရေနွေးကြမ်းလည်း မဟုတ်နိုင်တော့ဘူး ၊၊ မင်းကိုလှမ်းမယ့် လက်ကလည်း ကိုယ်မှ မဟုတ်တော့တာပဲ ၊၊ မင်းသွား တဲ့လမ်း ပန်းပွင့်တွေ ခင်းထားပေမယ့် ကိုယ်လျှောက်နေရတဲ့ လမ်း ဆက်လက် အထီးကျန် နေဆဲပါလား ၊၊ ဘယ်အချိန်ဘယ်ကာလမှာများ နားခိုရာကိုင်းလေးတစ်ခု ၊ သောက်သုံးစရာ ကမ်းလင့်လာမယ့် ရေအေးလေး တစ်ခွက် ရနိုင်ပါ့မလဲ ရယ်လို့ တမ်းတမ်းတတ ငံ့လင့်နေမိဆဲ ၊၊
ဝိုင်ဝိုင်းကတော့ ကမ္ဘာမြေကြီးရဲ့ တစ်နေရာမှာတော့ ရှိမယ်တဲ့လေ တကယ်များလား ကိုယ့်အတွက်တော့ အတိတ်တွေ သာမက အနာဂတ်ဆိုတာက လည်း မပီဝိုးတ၀ါး ပါလားနော်

လူဆိုတာ အားနည်းနေသမျှ ပြည့်စုံခြင်းဆိုတဲ့ ကံတရား မျှော်လင့်ရင်းမောနေ တဲ့
အမှန်တကယ်ကို အဲဒီမပြည့်စုံခြင်းတွေ အတွက် မောနေရတာပါပဲ
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့ အားပေးမယ့်သူရှိအုံးမယ် တွေ့ချင်သေးတယ်
တကယ်ပါ ၊၊ တစ်နေ့နေ့ပေါ့ ၊၊ တွေ့ခွင့်ရရင် တွေ့ချင်ပါသေးတယ် .................

12 comments:

လသာည said...

လာလည်ရင်း သီချင်းလေး နားထောင်သွားတယ်။ အဲဒီသီချင်း အစ်မလည်း ကြိုက်တယ်။
အစစအဆင်ပြေပါစေလို့..

သူကြီးမင်း (တုံးဖလား) said...

ရေချမ်းတစ်ခွက် ကမ်းလှမ်းလာမဲ့သူ သေချာပေါက် တွေ့မှာပါ။

ယနေ့လား
မနက်ဖန်လား
ဘယ်တော့မှန်းမသိပေမဲ့ တစ်နေ့နေ့ပေါ့။

ပျော်ရွှင်ပါစေ။

~ဏီလင်းညို~ said...

အဲ့ဒီသီချင်းလေးကို အိမ်ကညီလေးတွေဖွင့်တိုင်း...ကျွန်တော်နားထောင်မိတိုင်း...တစ်မျိုးပဲခံစားရတတ်တယ်ဗျ...။
(အာတင်းထာဗျ...။)

ZT (TGO) said...

တွေ့ခွင့်ရရင် တွေ့ချင်ပါသေးတယ် .....come and meet lar ...why do u write your blog .....he he he ....just kidding .....don't angry

Yu Ya said...

ဟောဗျာ..အဲဒီ Zaw ကတော့လေ.. သူငယ်ချင်းရေ.. ခွင့်လွှတ်လိုက်ပါကွာ။ သူကလည်း စိတ်မဆိုးပါနဲ့ဆိုတော့..။

သူငယ်ချင်းရေ. ရခဲလှတဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ပစ္စုပ္ပန်လေး၊ ကိုပဲ တန်ဖိုးထားလိုက်ပါကွာ။ ပစ္စုပ္ပန်လေးသနားပါတယ်။ သူ့ခမြာ.. အတိတ်က စောင့်ဆွဲတာခံရ.. အနာဂတ်က ပြေးလာဝင်ဆောင့်တာခံရနဲ့ .. သူ့နေရာလေးကို သူအချိန်ကြာကြာ မပိုင်ရရှာဘူးကွာ။

ဒါကြောင့် နောက်ကြောင်းတွေလည်း ခဏခဏ ပြန်ပြန်လှည့်မကြည့်နဲ့။ ပြီးခဲ့ပြီးတဲ့ အတိတ်က နောင်တနဲ့ သံဝေဂပဲ ရဖို့ရှိတာပါ။ တခြားကိုယ်တို့ ရစရာ ဘာမှဟုတ်တိပတ်တိ မရှိပါဘူး။

လူတစ်ယောက်ကို ရူးသွပ်သွားစေတာဟာ ဒီနေ့ရဲ့ အတွေ့အကြုံများ မဟုတ်ပါဘူးကွာ။ မနေ့က အဖြစ်အပျက်တွေအပေါ် နောင်တရခြင်း၊ ခါးသည့်နာကျည်းခြင်းနှင့် နက်ဖြန်ဖြစ်လာနိုင်သည့်အရာတွေကို တွေးကြောက်ခြင်းတွေပါ။

ဒါနဲ့ စကားမစပ် အဲဒီသီချင်းထဲက ကောင်မလေးစတိုင်ကို ငါတို့ သူငယ်ချင်းတစ်ယောက် အရမ်းခိုက်ခဲ့တာကိုတော့ မှတ်မိနေသေးတယ်ကွာ..အဟီး။ အခုတော့လည်း အိမ်ထောင်ကျသွားပြီ။

ကိုလူထွေး said...

ယုယက တူးဆွနေပြန်ပြီ...

းဝ)

သီဟသစ် said...

ကိုမင်းအိမ်ရေ

အဖော်မွန် အစစ်နဲ့ တွေ့ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

မငုံ said...

အဲဒီသီချင်းလေးက အကြိုက်ဆုံးထဲမှာ ပါတယ်။ ကိုမင်းအိမ်ဖြူရေ ဆုတောင်းပေးသွားတယ်နော်။ တွေ့ဆုံခွင့်အမြန်ရစေ..

naylin said...

လာရောက် နားဆင်ခံစားသွားပါတယ် ။ ပျော်ရွှင်ပါစေ

မြစ်ကျိုးအင်း said...

တနေ့နေ့လို့ပြောရတာကိုက အားမရှိဘူးနော်

ဒါပေမယ့် ကျနော်လည်း တနေ့နေ့ ပါပဲ။

အချိန်တွေကြာသွားပါစေ ကိုယ့်ဘ၀မှာ အဖော်မွန်ကောင်း ဖြစ်မယ့်သူနဲ့တွေ့ရင် အဲဒီတနေ့နေ့
က ထိုက်တန်ပါတယ်ဗျာ...။

Anonymous said...

တစ်နေ့နေ့တော့ ... တစ်နေ့နေ့ပေါ့.....
အဲဒီတစ်နေ့နေ့ကို အမြန်ရောက်ပါစေလို့ ......!

ရွှင်လန်းချမ်းမြေ့ပါစေ.....

lynn lynn said...

တစ်နေ့နေ့တော့ ... တစ်နေ့နေ့ပေါ့.....
အဲဒီတစ်နေ့နေ့ကို အမြန်ရောက်ပါစေလို့ ......!

ရွှင်လန်းချမ်းမြေ့ပါစေ.....