Saturday 3 April 2010

နာရီလေးတစ်လုံး

ကျွန်တော့်ဘ၀မှာ အမြဲတမ်း ပတ်သွားမယ်လို့ ယူဆခဲ့ဖူးတဲ့ နာရီလေးတစ်လုံး ရှိခဲ့ဖူးပါတယ် ၊၊ နာရီလေးဟာ ကျွန်တော့်ကို ချစ်တယ် လို့ ထင်မှတ်ခဲ့ဖူးတယ် ၊၊ ကျွန်တော် မပတ်ချင်ခဲ့ရင်တောင် ကျွန်တော့်အပါးမှာ ရှိနေမှာပဲလို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ် ၊၊ ဒါပေမယ့် အခုတော့ အဲဒီ နာရီလေး ပျောက်သွား ခဲ့တာ နှစ်ပေါက်ခဲ့ပြီပေါ့ ၊၊ တခါတလေ ဖန်စီလေးတွေ ၀တ်ချင်တဲ့အခါ အဲဒီနာရီလေးကို တိတ်တိတ်လေး ခဏချွတ်ချင် ချွတ်တက်ခဲ့ပေမယ့် တစ်ဘ၀လုံး ပတ်သွားမယ့် နာရီလေးမို့ အမြတ်တနိုး တန်ဖိုးထားခဲ့တာ တော့ ကိုယ်တိုင်နဲ့ နာရီလေးသာ အသိဆုံးဖြစ်မှာပါ ၊၊

အဲဒီနာရီလေးကို တမ်းတမိနေဆဲ ……. တခါတခါ ယောင်ယောင် ပြီး ကြည့်မိနေဆဲ …………. ဒါပေမယ့် နာရီလေးကတော့ ကျွန်တော့်အပါးမှာ မရှိခဲ့တာ ကြာခဲ့ပြီ ……………..

နာရီမရှိတာ ကျွန်တော့်အတွက် အသားကျနေပေမယ့် အဖေတို့ အမေတို့အတွက်တော့ စိတ်စနောင့်စနင်း ဖြစ်စေနေခဲ့တယ်လေ ….. နာရီလေးတွေ တစ်လုံးပြီး တစ်လုံး ပြရင်း အလုပ်ရှုပ်နေရှာတဲ့ မိဘတွေကို သနား မိသား ….

ကိုယ်တိုင် စိတ်ထဲမှာ နှစ်နှစ်ကာကာ လိုချင်တပ်မက် မရှိတော့ရင် ဘယ်တော့ မှ နာရီ မပတ်တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ ……..

အခုတော့ နာရီလေးတစ်လုံး ……………

အဲဒါ ကိုယ့်နာရီလေးများလား ရယ်လို့…………………….

8 comments:

ဝက်ဝံလေး said...

ဟင် တခုခုတော့ တခုခုပဲ စဉ်းစားသွားတယ်နော်

ဝက်ဝံလေး said...

??????????????
သမီးက ပုနေလို့ထင်တယ် မမီဘူး နေအူး ခဏ ခုံယူလိုက်အူးမယ် ဟဲဟဲ

သူကြီးမင်း (တုံးဖလား) said...

မိဘက ၀ယ်ပေးတော့လဲ ပတ်လိုက်ပေါ့ ကိုဖြူရာ။ ပူညံပူညံလုပ်ရင် မိဘကြောင့်ပေါ့။ ကောင်းဘူးလား။
လိုတာရ ရတာလိုပါစေဗျာ။
နာရီမပတ်ဘဲ နေရအောင် အသက်က ငယ်တော့တာမှ မဟုတ်တာ။ လက်လွတ်သွားခဲ့တဲ့ နာရီလေးကိုချည်း ဆွေးမနေပါတော့နဲ့။ ဟဲ ဟဲ။

ပျော်ရွှင်ပါစေဗျာ။

ဏီလင်းညို said...

ဟုတ်ဘူး...ကိုမင်းအိမ်.....
အဲ့ဒါ ကျွန်တော့်နာရီပါဗျ......ဟိဟိ......း))
(မိဘသဘောကျတာ လုပ်ပါဗျာ........း))
ခင်မင်တဲ့
ဏီလင်းညို

mae said...

ပြောနေတာက နာရီမှ ဟုတ်ရဲ့လား? ဘာလားညာလား အတွေးခေါင်သွားတယ်

အမေနဲ့ အဖေဝယ်ပေးထားတဲ့ နာရီလေးကို အစည်းအဝေးရှိရင်တော့ ထုတ်ပါတ်လိုက်တယ်

Anonymous said...

နာရီလေးတစ်လုံးတော့ ဝေမျှချင်တယ်

မယ့်ကိုး said...

နာရီရပြီးပြီလား :P

Zar Yee Pwint said...

နင်နဲ့ သင့်တော်မယ့် နင့်စိတ်ကြိုက် နာရီလေးတစ်လုံး အမြန်ရှာတွေ့ပါစေလို့ ဆုတောင်းပါတယ်..