Saturday 15 May 2010

ဟိုတစ်နေ့ကလိုပဲ

တကယ်တော့ ကြာခဲ့ပြီ ......... နှစ်ပေါင်းတောင် ၂၀ ကျော်ခဲ့ပြီ ............. အဲဒီကာလတုန်းက ကိုယ်က ခလေး သာသာ မူလတန်းကျောင်းသားပဲလား ရှိအုံးမယ် ....... အရာရာကို သိပ်မသိသေးသလို .. သိသလိုလို လည်း ရှိတဲ့ကာလ ၊၊ အစ်ကိုလတ်က ရန်ကုန်စီးပွားရေး တကသိုလ် ကျောင်းသား ....... သပိတ်သပိတ်ဆိုတော့ သူတို့တွေက လက်မှာ အနီပတ်တွေနဲ့ ......... မှတ်မိသေးတာက သူတို့ဟောတဲ့ နိုင်ငံရေးတရားကို သွားနား ထောင်ရတာတွေ နောက် အိမ်တွေကနေ ထမင်းထုပ်တွေ ပေးရတာတွေ ........... အဲဒီကာလတုန်းမှတ်မှတ် ယယရှိနေတာ .......... ငယ်စဉ်ကာလကမို့ ဘာတွေ ပြောသွားမှန်း မမှတ်မိပေမယ့် သေချာတာကတော့ မဆလ တစ်ပါတီ စနစ်ဆိုးကျိုးတွေ နဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို ဘယ်လို ချီတက်ရမယ် ဆိုတာတွေ ဖြစ်မှာပါ ...............
ဒီတစ်ခေါက် ပြန်တော့ တူတွေ နဲ့ စကားပြောဖြစ်တယ် ......... သူတို့ အမြင်က ကျွန်တော်တို့ အမြင်နဲ့ မတူတော့ ....... အင်းပေါ့လေ ကျွန်တော်တို့ ဆိုတာက မဆလ အပြုတ် နဲ့ စစ်ကောင်စီ တက်လာကာစ မှာ လူဖြစ်ရသူတွေ .......... သူတို့က တော့ အရေးအခင်းနောက်ပိုင်းမှ လူဖြစ်လာရသူတွေ ....... ဘာဖြစ်ဖြစ် အမြင်တော့ တူမှာ မဟုတ်တော့ ........ အသက်တွေ ကွာသလို ခေတ်ကလည်း ကွာပေသည်ကိုး...........ဘာပဲ ဖြစ်ဖြစ် အားလုံးကို အဆင်ပြေစေချင်သည် ........... ဒီနိုင်ငံမှာ စိတ်ညစ်ရလေတိုင်း မြန်မာပြည်ကြီးကို လွမ်းသည် ........... စိတ်တိုမိသည်( ကျေးဇူးရှင်ကြီးတွေကို )
တာဝန်ရှိသူတွေကိုလည်း သိစေချင်စမ်းတော့သည် ၊၊ မသိတာတော့ မဖြစ်နိုင် ၊၊ ချော့ပြောလို့လည်း မရတော့ ခြောက်ပြလို့လည်း မကြောက်တော့ .... တကယ်ကို ဘုန်းကြီးတဆေတွေ ........... တန်ဖိုးရှိတဲ့ ကာလတွေကို အခန်းငယ်တည်းမှာ စတေးဖြစ်ရရှာတဲ့ ၂၀ နှစ် နီးပါး ကုန်ဆုံးသွားရတဲ့ သူ့အတွက်လည်း စိတ်မကောင်း ဒေါသ ထွက်ရသည် ............ မတရားတာတွေ့ရင် မတရားဘူးပြောပါ............ တက်နိုင်တဲ့ဖက်က ပါဝင် ကြစမ်းပါတဲ့ အများအတွက် သူ့ဘ၀ကို စတေးပေးထားပေမယ့် ငါတို့ကတော့ ငါ့တို့အတွက်တောင် ဘာမှ မစွမ်းဆောင် နိုင် ကြတော့ ဘူး .............. ကိုယ့်ကိုကိုယ်လည်း ရင် နာတယ် ..............
မင်းတို့မြင်စေချင်စမ်းတယ် ..........

3 comments:

Anonymous said...

မောတယ် မောတယ်။
မီးတောက်နေတယ် ရေလိုနေတယ်။
ရေလေးပဲ ဝအောင် တိုက်ပါအုန်းလို့။
စိတ်ပိန်တယ်။
မအယ်

လသာည said...

ငယ်တဲ့ကလေးတွေကတော့ ဘယ်သိမှာလဲကွာ..။ လက်တွေ့ကြုံခဲ့တဲ့ သူတွေတောင် ..နားလည်သူရော နားမလည်သူရော ရှိနေသေးတာဆိုတော့လေ..။

ဟုတ်တယ်.. မမအယ်ပြောသလိုပဲ.. မောတယ် မောတယ်..။

ကာရံဆူး said...

ဒါတွေပြောရင် ဒေါတွေပါလို့ မပြောတာပဲ ကောင်းပါတယ်လေ...ခုခေတ် ကလေးတွေကို ဗိုလ်ချုပ်ကဗျာလေး ရွတ်ပြစမ်းပါဆိုရင်တောင် မသိတော့တဲ့ အဖြစ်လေ...ဟင်းးးးးးးးးးးးးး