Tuesday 2 June 2009

စပ်မိစပ်ရာ ဘာဘာညာညာ

ဒီနေ.ဖတ်ဖြစ်တဲ့ The Straits Times သတင်းစာလေးထဲက သတင်း ဆောင်းပါး လေးမှာ ပါတဲ့ စာပိုဒ်လေး တစ်ခု ကို မျှဝေ လို. မုဒိတာ ပွားစေချင်လို.ပါ ၊၊ ဖြစ်ပုံလေးကတော့ Singapore နိုင်ငံ Orchard Road ပေါ်မှာ ရှိတဲ့ အခန်း ၁၄၀ ပါရှိတဲ့ Condominium တစ်ခုမှာ ဖြစ်တဲ့ အကြောင်းအရာလေးပါ ၊၊ ကျွန်တော် High Light လုပ်ချင်တာက အကြောင်းအရာ မဟုတ်ပါဘူး ၊၊ ဗြိတိန်နိုင်ငံသား Hotel Designer တစ်ယောက်ရဲ့ ပြောစကား
လေးကို ဝေမျှချင်တာပါ ၊၊သူတို.ကို အာဏာပိုင်တွေက လက်ရှိနေတဲ့ နေရာ Condominium ကနေ ရွှေပေးဖို. Sunday Night မှာ အသိပေးပါတယ် ၊၊ Monday ပြောင်းပေးရမယ်ပေါ့ ၊၊ အကြောင်းအရာကတော့ သူတို.အကြောင်း ဆိုတော့ ထားလိုက်ပါတော့ ၊၊

အဲဒီမှာ အဲဒီဗြိတိန် နိုင်ငံသားက ပြောသွားတာလေးက ဒီလိုဗျ ၊၊ မူရင်းအတိုင်း ရေးပေးလိုက်ပါမယ် ၊၊ သူကဒီလိုဆိုတယ်ဗျ ..
" I didnt know that what was happening . No notices pasted in the lobby , nothing . If I had not found out from friends , would my belongings have been rudely thrown out ? " asked the hotel Designer , who is looking for temporary accommodation and has contacted his embassy for Help .
ကျွန်တော်ခံစား လိုက်ရတာက အထက်မှာ ကျွန်တော် အနီရောင်နဲ. High Light လုပ်ထားတာလေးပါ ၊၊..
ကျွန်တော်တို.ဆို ဒီလိုစိတ်ကူးမျိုး ၀င်မိမလား ၊၊ No ၊၊ ကျွန်တော်တို. ဘယ်တော့မှ မျှော်လင့်မိမယ်မထင်ဘူး ၊၊ ကျွန်တော်တို.နဲ. သံရုံးကြားက ဆက်သွယ်ရေးက အခွန်ဆောင်ဖို.နဲ. ပိုက်ဆံ ၃၀၀ ပေးပြီး ပတ်စပိုစ့် သက်တမ်း တိုးရေးက လွဲရင် အခြားမရှိပါ ၊၊ တခါမှလည်း အကူအညီတောင်းမကြည့် ခဲ့ဘူးသလို ၊ စိတ်ကူးလည်း မရှိကြ ၊၊ ကူညီမယ်လို.လည်း မမျှော်လင့်ကြ ၊၊ လူတိုင်းဒီလို ခံစားရမယ်ထင်ပါတယ် ၊၊ ဘာကြောင့်များပါလိမ့် ?
အလုပ်ထဲမှာ အတူတူလုပ်ကြတော့ အခြားနိုင်းငံ ( အိမ်နီးနားခြင်း ) ဖိလစ်ပိုင် ၊ ယိုးဒယား ၊ အိန္ဒီယ ၊ ဘင်္ဂလား၊ တရုတ် စတဲ့နိုင်ငံက အလုပ်လုပ်သူတွေကတော့ ဘာအခွန်မှ ဆောင်ရန်မလိုပါတဲ့ ၊၊ ဒါကတော့ တစ်နိုင်ငံ မူတစ် မျိုး ဆိုတော့ ထားပါတော့ ၊၊ အမှန်တော့ ကျွန်တော်တို.ဆို ပတ်စပိုစ့် ဆိုတာလုပ်ကတည်းက ပညာရေးကင်းရှင်း ကြောင်းဆိုပြီး အခွန်ငွေ ဆောင်ခဲ့ပြီးသားပါ ၊၊ ထားပါတော့ ၊၊ အခြားနိုင်ငံသားတွေ အဆင်မပြေတဲ့အခါ သံရုံးကို အကြောင်းကြား အကူအညီတောင်းလို.ရတယ်ဆိုတာ သိရတော့ .......... အင်း ......
အကူအညီတောင်းဖူးသူများ ရှိရင်လည်း ပြောပြပေးပါဗျာ ...............
အခြားသူတွေလည်း သိရတာပေါ့ ..............
နောက်ထပ်တွေးမိတာလေးက ကျွန်တော်တို. ရွှေတွေ အခြားလူမျိုးထက် ပိုတော်တယ်လို. ၊ ဟုတ်တယ်လေ ဗျာနော် ၊ ဘယ်သူ.မှ အကူအညီမတောင်း ဘူး ၊၊ အချင်းချင်းလှည်ပတ် ကူညီပြီး ကိုယ်ပြသနာ ကိုယ်ရှင်း သွား ကြ တာ ၊၊ တကယ်တော် ပါတယ်ဆို..... အဟုတ် ..

10 comments:

မယ့်ကိုး said...

သူများနိုင်ငံတွေမှာ ပင်လယ်ထဲကို သူတို့ နိုင်ငံသားတစ်ယောက် ပြုတ်ကျမျောသွားတာနဲ့  ရဟတ်ယဉ်ဆယ်စင်းနဲ့  လာကယ်တယ်။ ကျွန်မတို့ နိုင်ငံကတော့..........

မင်းအိမ်ဖြူ Minn Eain Phyu said...

မှန်တာပေါ့ မယ်ကိုးရေ

ကိုယ်တို.က တော့ ကံတရားကို ယိုးမယ်ဖွဲ.ရတာပ .....

မိုးခါး said...

ရွှေတွေတော်လို့ပါ ..
ဒီလိုပဲကြံဖန်ဂုဏ်ယူနေရတာကြာပေါ့ ..
တကယ်ကိုပဲ စိတ်ကုန် စိတ်ပျက်မိပါတယ် ..

ဗီလိန် said...

ကျနော် အကူအညီတောင်းဖူးတယ်ဗျ။ ပိုက်ဆံတွေ ပိုနေလို့ ဗျာ။ အိမ်က အမေကလည်း ပိုက်ဆံ ထပ်ပို့ရင် အိမ်ပြန်မလာနဲ့တဲ့ ကျနော်လည်း ထားစရာမရှိတာနဲ့ သံရုံးကို တစ်လ ၈၀ သွားသွားပေးထားတာ အခုဆို တော်တော်တောင်များနေပြီ။ :)

Taungoo said...

“အတ္တာဟိ အတ္တာနော နာထော” လေဗျာ

မင်းအိမ်ဖြူ Minn Eain Phyu said...

မိုးခါးရေ မှန်၏ ၊၊ ရွှေတွေတော်ပါတယ်ဆို

ညီငယ်လိန်လိန်ရယ် ဒီအကူအညီများ ကွာ အစ်ကို လည်း ကူညီနိုင်ပါတယ် ၊၊ မြန်မာပြည် ပြန်ခါနီးရင် ပတ်စပိုစ့်မှာ အစ်ကိုရုံးမှာသုံးတဲ့ ရုံးတံဆိပ်ထုပေးလိုက် မယ် P:

ကိုတောင်ငူရေ ဒီလိုနဲ. ကျွန်တော်တို.ပိုပြီး အရည်အသွေး တွေ ပြည့်ဝခဲ့ရပါတယ် ဗျာ

JulyDream said...

ကျွန်တော် အိန္ဒိယ နယူးဒေလီကို ရောက်ပြီး ၂ ရက် အကြာမှာ ဟိုတယ်ကို ကင်ညာသား တစ်ယောက် ရောက်လာပါတယ်။ ခါးပတ်အိတ်လေးနဲ့ အ၀တ်တစ်ထည် ကိုယ်တစ်ခုပါ။ လေယာဉ်က သူ့ သေတ္တာတွေကို မှားပြီး သယ်သွားလို့ပါ။

သူက ရောက်တဲ့ ညတွင်းချင်း သံရုံးကို ဖုန်းဆက်ပါတယ်။ နောက်နေ့ မနက် ၁၀ နာရီမှာ ကင်ညာသံရုံးက အ၀တ်အစားအသစ် သေတ္တာ ၂ လုံး လာပို့ပေးသွားပါတယ်။ သင်တန်းကာလ ၃ လစာ ၀တ်ဖို့အတွက်ပါ။

သြော်... ကောင်းလိုက်တာနော်လို့။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျွန်တော့်သူငယ်ချင်း စင်ကာပူကိုပဲ ကျောင်းလာတက်တာ ဒီလိုပဲ ပျောက်တာ ၊၊ အဲဒီလို အကြောင်းကြားရမှန်း မသိခဲ့ဘူးဗျာ ၊၊
သံရုံးကို အကြောင်းကြားရင် ပို.များပို.မလား မသိဘူးနော် ( ဘယ်ကိုလဲတော့ပြောဘူး P: )

တော်ပါသေးရဲ့ ဒီကောင် အကြောင်းမကြားမိလို. ကျောင်းပြီးသွားတာ PP::

လင်းဒီပ said...

ဒါတွေပြောရင် ဒေါတွေပါ လိမ့်မယ်..။

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟုတ်ပ ကိုဒီပရေ
ကိုလူပျိုကြီးလို. ခေါ်တော့ဘူးနော် ဟာဟ