Tuesday 2 June 2009

စိတ်မလုံဘူး

သူများဒေသ သူများနိုင်ငံ သူများတိုင်းပြည် မှာ လာရောက်လုပ်ကိုင် နေရသည့် အတွက် မည်သူ တစ်ဦးတစ်ယောက် ရယ်မှ စိတ်လွတ်ကိုယ်လွတ် မနေထိုင်ရတာကိုတော့ ကိုယ်တိုင် ခံစားဖူး သူများ သာလျှင်ကိုယ်ချင်း စာ ခံစား နိုင်ပေလိမ့်မည် ၊၊ သွားနေပေသည့် မလွတ်လပ် ၊ စားနေပေသည့် ခံတွင်းမတွေ. ၊ အိပ်နေပေသည့် မနှစ်ခြိုက် ၊၊ ကြုံဖူး ခံစားဖူးမည်လားမသိ ၊ အိပ်ရတာခြင်းတူပေသည့် မိဘတွေ ရှိသည့် အိမ်တွင်အိပ်သည့် အခါ ပိုရ်ျ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၏၊၊ စားဝင်၏၊၊ ထို.အတူ ပေ ၊၊


ပိုရ်ျ ကောင်းကောင်း နေရပါ၏ ၊၊ ပိုရ်ျ ကောင်းကောင်း စားရပါ၏ ၊၊ ပိုရ်ျ ကောင်းကောင်း ၀တ်ရပါ၏ ၊၊ သက်တောင့်သက်သာ သွားရလာရ ပါ၏ ၊၊ အင်တာနက်သုံး ရ်ျ အဆင်ပြေ၏ ၊၊ မီး အတွက် ၂၄ နာရီပူစရာမလို ၊၊ ၁ နာရီလောက်ဖြတ်ချင်လျှင်တောင် တစ်ပတ်လောက် ကြိုတင်ရ်ျ သတိပေးအကြောင်းကြား၏ ၊၊ (ကျွန်တော်တို.ဆီမှာတော့ တစ်နှစ်စာ ကြိုတင် အကြောင်းကြားထားမှ အဆင်ပြေမည် ) တယ်လီဖုန်းဆက်သွယ်ရေး အဆင်ပြေ၏ ၊၊ (ကိုယ် မပြောလျှင် ပေးစရာမလိုပါ ၊၊ ) ကိုယ်ပိုင်ကားမရှိတဲ့ လူတန်းစားလည်း ပူစရာမလို ၊၊ တယ်လီဖုန်း ကိုင်နိုင်တဲ့ လူတန်းစား ရယ်လို.လည်း သတ်သတ်မှတ်မှတ် မတွေ.ဘူး ( Handset ကောင်းကောင်းကိုင်နိုင်သူများကိုမရည်၇ွယ်ပါ )


လိုအပ်ရ်ျ နေမကောင်းဖြစ်ပါက ဆေးခန်းသွား ၊ သာမာန် ရိုးရိုး ဖျားနာခြင်းအတွက် ကိုယ်ငွေ တစ်ပြားမှ ကုန်စရာမလိုပါ ၊၊ ဘောင်ချာလေးတင်လိုက် တစ်ရက် လည်း နားရ သည် ၊၊ ဆေးခန်းဖိုးလည်း ပြန်ရပါသည် ၊၊ စားစရာ ဆိုတာလည်း ဆိုင်တွေဆိုတာ တပုံတပင် ဘယ်နေရာမဆို အဝေးဆုံးဆိုတာက လမ်းတစ်လျှောက်သာသာ ၊ တစ်မှတ် တိုင်ပေါ့ ၊၊ ၂၄ နာရီဆိုတဲ့ ဆိုင်တွေက ရှိသေး ၊၊ ဘာဝယ်ချင်လည်း ရတယ် ၊၊ နေရာတကာ ၊ ကံကောင်းရင် အင်္ဂလိပ်လိုတောင် ပြောဖို.မလို ( 7 – 11 ဆိုင်တွေမှာက ညပိုင်းဆို ရွှေတွေ တွေရတက်ပါတယ် )အစားအသောက်လည်း သိပ်ထူးထူးခြားခြား ကွာလှတယ်မဟုတ်၊ စားလို.ရပါသည် ၊၊

သို.သော်
သို.သော်
ကျွန်တော်တို.မပျော်
ကိုယ်မြေ ၊ ကိုယ့်ရေ ၊ ကိုယ့်ဒေသရယ်မှ မဟုတ်တာနော် ၊၊
နောက်တစ်ခုက
ကျွန်တော်တို. စိတ်တွေ မလုံခြုံဘူးလေ………


စိတ်မလုံဘူးဆိုတဲ့ ခံစားချက်ကို ဘယ်လို နားလည် အဓိပါယ် ဖွင့်ကြမယ် မသိပေမယ့်
ကျွန်တော်အတွက်တော့ တကယ်စိတ်မလုံခြုံဘူးလို. ခံစားရပါတယ် ……….

ကိုယ်ကိုတိုင် အတွက်ရော ၊ အားလုံးအတွက်ရယ်ကော……………


13 comments:

puluque said...

ဟုတ်ပဗျာ။ အခြေအနေတွေ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ အနွေးထွေးဆုံး ဟာ အမေ့အိမ်ပါပဲဗျာ....

puluque said...

ဟုတ်ပဗျာ။ အခြေအနေတွေ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ အနွေးထွေးဆုံး ဟာ အမေ့အိမ်ပါပဲဗျာ....

puluque said...

ဟုတ်ပဗျာ။ အခြေအနေတွေ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ အနွေးထွေးဆုံး ဟာ အမေ့အိမ်ပါပဲဗျာ....

မယ့်ကိုး said...

ကျွန်မလည်း ကျောင်းပြီးတုန်းက ဒီနိုင်ငံက ဘယ်မှ မခွာဆိုတဲ့ အမျိုးအစားထဲကပဲ။
အဖြူတွေက ဒီလာ အလုပ်လုပ်လည်း ဘာဖြစ်လို့  ဒီလို မခံစားရတာလဲ....
သိမ်ငယ်တာကို စိတ်မလုံတာလို့  လှည့်သုံးတာလား။
ဘာဖြစ်လို့  သိမ်ငယ်ရတာလဲ....ဘာဖြစ်လို့  စိတ်မလုံတာလဲ...
ဆက်မပြောတော့ဘူးနော်....

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျေးဇူးပါ ကိုပုလုကွေး

မှန်တယ် မယ်ကိုးရေး အစ်ကိုဆက်ရေးချင်တာက သူများ ဆီမှာလုပ်ရတာချင်း တူပေမယ့် အဖြူတွေ ရဲ့စိတ်ခံစားမှူနဲ. အစ်ကိုတို.နဲ. တခြားစီလေ...
ခံစားပေးနိုင်သော မယ်ကိုးအား ကျေးဇူးပါ.....

မိုးခါး said...

မပျော်တာတော့ မပျော်တာအမှန်ပါပဲ ..း(

ဗီလိန် said...

လူရယ်လို့ ဖြစ်လာမှတော့ဗျာ။ ပျော်ရာမှာ မနေရ တော်ရာမှာ နေရတာ သဘာဝပါပဲ။ ဒေါင်ကျကျ ပြားကျကျ နေနိုင်ဖို့က ရွှေတွေရဲ့ မွေးရာပါ တာဝန်တစ်ခု ဖြစ်နေပါပြီ။

Htoo Aung Lwin said...

အကိုရေ မလုံရင် ပုဆိုးလေး ခေါင်းမူးချုံလိုက်နော် ဟဲ

နွေးနေခြည် said...

ထောက်ခံပါတယ် ထောက်ခံပါတယ် မှန်ပါတယ်
နွေးထွေးမှုမရသလို ခံစားရတယ်။ ကိုယ့်ကို နှိမ်နေလို့လည်းမဟုတ်ဘူး။ အားငယ်တယ်။ မပျော်တာတော့ သေချာတယ်။ စက်ရုပ်ဘ၀တွေပါ

Taungoo said...

လုပ်သင့်တာကတော့ အရွယ်ရှိတုန်းမှာ ရှာဖွေစုဆောင်းပြီး စိတ်လုံခြုံရာ အမေ့အရိပ်ကို ပြန်နေနိုင်ဖို့ပဲ

မင်းအိမ်ဖြူ Minn Eain Phyu said...

တစ်နေ.တော့ပျော်မှာပါ မိုးခါးရေ

သင့်ရဲ့ အယူအဆ ကိုထောက်ခံ၏ လိန်လိန်

ခရောင်းလေးလည်း မှန်ကန်စွာ လက်တွေ.ဆန်၏

နေခြည် ရေစက်ရုပ်ဆိုတာ အားသွင်းဖို.လိုတယ် ဟုတ်?

ကိုTaungoo ကောင်းမွန်သော အကြံပါ အားလုံးအတွက်

Mogok Thar said...

တချို့ အဖြူတွေလဲ အဲလို မလုံ့ခြုံစိတ်တွေ ခံစားရတာ တွေ့ဖူး ကြုံဖူးပါတယ်။ ညီမင်းအိမ်ရေ...။
ကိုယ်တို့တွေလဲ လူထဲက လူတွေပဲလေ။
ဆင်းရဲသူ၊ ချမ်းသာသူ အားလုံးက သူ့ အပူနဲ့သူ။
လက်ရှိ အချိန်တွေ အကောင်းဆုံး အသုံးချလို့ မိသားစုအားကိုးရာ အေးမြတဲ့ အိမ်ဖြူလေးတစ်လုံး ဖြစ်နိုင်ပါစေ။ လောက အလှကို ဆင်နိုင်တဲ့ အိမ်ဖြူလေးလဲ ဖြစ်ပါစေဗျား။
ခင်တဲ့
ကိုကြီး မိုးကုတ်သား

Anonymous said...

အင်း သေချာတာ တစ်ခုကတော့ စိတ်ထဲမှာ ငါ့အိမ်မဟုတ်ပါလားဆိုတာစွဲနေတာပဲ ဖြစ်လိမ့်မယ်... ဗမာလူမျိုးတွေဟာ သူများလူမျိုးတွေထက် အိမ်ကို ပိုတွယ်ကြတယ်လို့ ထင်တယ်လေ.. ဘာလို့လည်းဆိုတော့ ဗမာလူမျိုးတွေမှာ တစ်ခြားလူမျိုးတွေထက် ပိုနွေးထွေးတဲ့အိမ်ရှိတယ်.. ရှိခဲ့ဘူးကြတယ်..အတိအကျပြောရရင် မေတ္တာကို သူများထက်ဦးစားပေးတဲ့ မေတ္တာတရားလွှမ်းခြုံတဲ့ ချစ်ခြင်းရဲ့အိမ်.... အစ်ကိုတောင် အခုအိမ်ကလေးတစ်လုံးကို စိတ်ကူးကောင်းကလေးတွေနဲ့ တည်ဆောက်နေတာပဲ.. ဒီလိုပါပဲ