Tuesday 10 November 2009

လက်ဦးဆရာ

ကျုပ် စိတ်ပျက်တယ်ဗျာ ၊၊ တကယ်ပါ ၊၊ ကိုယ့်နဲ့ ဘ၀တစ်လျှောက်လုံး လက်တွဲမယ်လို့ ရည်ရွယ်ပြီး လက်ထပ် ထားတဲ့ ကိုယ့်ရဲ့ကိုယ်ပွား ကိုယ့်မယားကို စိတ်ပျက်ရတာ လောက် စိတ်ပျက်စရာ ကောင်းတာ ရှိမယ် မထင်တော့ ပါဘူးဗျာ ၊၊ သူတကာ သူငယ်ချင်းတွေ ကိုလည်း ရင်ဖွင့်လို့ မရတဲ့ အဖြစ်ပါဗျာ ၊၊ ကိုယ် ရင်ဖွင့်တဲ့ သူကရော ဘယ်လို ပြန်ပြီး အကြံပေးရပါ့မလဲ ၊၊ ကိုယ်တိုင်ရော ဘယ်လို မျက်နှာမျိုးနဲ့ သူတကာ ကို ပြောပြလို့ ရပါမလဲဗျာ ၊၊ အဲဒီလိုဆိုရင်လေ ကျုပ်အမေ တောသူမကြီးကို သိပ်သတိရတာပဲ ၊၊ ကျုပ်အမေ ပညာမတက် ဘူးဗျ ၊၊ ဒါပေမယ့် သာသမီး တစ်ကျိပ်လောက်ကို ဒီဘ၀ရောက်လာအောင် ဘယ်လို သွန်သင်ခဲ့တယ် ဆိုတာ ကျုပ်လေ သိပ်ပြချင်တာပဲ ၊၊

ကျုပ်မိန်းမဗျာ ပညာတက်ပါပဲ ၊၊ ဧည့်ခန်းမှာ ဓါတ်ပုံ ချိတ်ထားလေရဲ့ ၊၊ သူမွေးထားတာ ၃ ယောက်တည်း ၊၊ သမီး ၂ ယောက် သား ၁ ယောက် ၊၊ အလုပ်ဆိုတာ ဘာမှ လုပ်စရာမလိုဘူး ၊၊ ပိုက်ဆံဆိုတာ သူ့ကဒ် ထဲကို လကုန်ရင် ၀င်ပြီးသား ၊၊ သူလိုရာသုံး ၊၊ သူလုပ်ချင်ရာလုပ် ၊၊ သူ့အဓိက တာဝန်က သားသမီး တွေ တာဝန်နဲ့ အိမ်ထောင် တာဝန်လေးပဲ ၊၊ ဒါတောင်မှ ကျုပ်က ရုံးပိတ်ရင် မီးပူတိုက်တာ ဈေးဝယ်ထွက်တာ လုပ်ပေးလိုက် သေးတာ ၊၊ ကျုပ် မတရားမပြောချင်ပါဘူးဗျာ ၊၊ ဒါပေမယ့် ကျုပ်အမေက စီးပွားလည်း ရှာ ရသေးတယ် ၊၊ အဖေက ၀န်ထမ်း ၊၊ သာသမီးက တစ်ကျိပ် ၊၊ အားလုံး ပညာတွေလည်း ကုန်အောင် အမေ့ စကားပြော ရရင်တော့ အတန်းကုန်အောင် သင်ပေးနိုင်တယ် ၊၊ အာလုံးလည်း လူလွန်မသားတွေ မဖြစ်ပါ ဘူးဗျာ ၊၊ တကယ်ပါ ၊၊

ခုတော့ဗျာ ၊၊ ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ ဖြစ်အုံးမယ် ၊၊ ကျုပ်သမီး ၁၃ နှစ်သမီး ရည်းစားထားတယ် တယ်ဗျာ ၊၊ သူအမေ တစ်ယောက်လုံး ရှိနေတာဗျာ ၊၊ ဘာအလုပ်မှလည်း မလုပ်၇ဘူး ၊၊ ကျုပ် သေချင်တယ် ၊၊ တကယ်ပါ ၊၊ ကျုပ် နားလည်ပါတယ်ဗျာ ၊၊ ကျုပ်လည်း ပညာတက် ခေတ်လူ တစ်ယောက်ပါ ၊၊ ဒါပေမယ့်ဗျာ ၊ ၁၃ နှစ် သမီး ရည်းစားထားတာတော့ ဆိုးတယ်ဗျာ ၊၊ ကျန်တဲ့ သူတွေ ဖြစ်တာ ကြားပါတယ် ၊၊ ဒါပေမယ့်ဗျာ ကျုပ်သမီး ဖြစ်နေတာကို ကျုပ်တကယ် ရှက်မိတယ် ၊၊ သူအဘွား ကျုပ်အမေ သိရင် ကျုပ်ကို ဘယ်လိုပြောမလဲဗျာ ၊၊ တွေးကြည့်စမ်းပါ ၊၊ ဒီမိန်းမ ဗျာ ၊၊

ပြောလိုက်ရင်လည်း နိုင်ငံရပ်ခြား မှာ သားသမီးတွေ က ဖြစ်နေလို့ ဆိုတာမျိုး ၊၊ ဒီမှာ ဘယ်လိုမှ ပြောလို့ ဆိုလို့ မရဘူးဆိုတာမျိုး ၊၊ အပိုတွေပါဗျာ ၊၊ မြန်မာပြည်မှာ ကြီးပြင်းတဲ့ သားသမီး မဟုတ်တဲ့ အတွက် လေးစားမှု မရှိဘူး ဆိုတာမျိုး ၊၊ နားလည်မှုမရှိဘူးဆိုတာမျိုး ၊၊ ကျုပ် ရယ်ချင်တယ် ၊၊ ဒါဆို လီရှောင်လုံး က ဂေးလန်းမှာ ဟိုဟာ ထောင်စားနေရမယ့် ပုံမျိုး ၊၊ ဒီကလူတွေ အားလုံး လူကြီးတွေ ဘ၀ပျက်နေပုံမျိုး ၊၊ သားသမီးတွေက လှည့်မကြည့်ပဲ လူအိုရုံတွေ ပို့ထားပုံမျိုး ၊၊ ကျုပ်တို့ ရွာပြန်ကြည့်လိုက်စမ်းပါဗျာ ၊၊ ပေါလို့ ပါ ၊၊ လူပေါ်မှာ မူတည်ပါတယ် ၊၊ ဘယ်မှာနေနေပါ ၊၊ သူတို့ ဆိုသလိုဆို နိုင်ငံခြားဆိုတာ အရိုင်းအစိုင်း လူမယဉ်ကျေးတွေ ရဲ့ ဌာနေပေါ့ ၊၊ အားလုံးလူကောင်းကို မရှိတော့ဘူးပေါ့ ၊၊ ဒီနေရာမှာ မွေးသူတိုင်း အရိုင်းအစိုင်းတွေပေါ့ ၊၊

ကျုပ်လည်း အလုပ်ထဲမှာ မေးကြည့်ပါတယ် ၊၊ သူတို့ မိသားစု အုပ်ချုပ်ပုံတွေ ၊၊ အသက် ၂၀ ကျော်တဲ့အထိ မိဘအရိပ် မလွတ်သူတွေ ၊၊ မိဘမသိပဲ ဘာမှ မလုပ်၇ဲသူတွေ တပုံဗျ ၊၊ ရည်းစား မထားဘူး တဲ့ သူတွေလည်း တစ်ပုံတပင်ဗျ ၊၊ အဲ လူအတန်းအစားတော့ ကွာသပေါ့ဗျာ ၊၊ ကျုပ်မိန်းမ လို အမေမျိုးက မွေးလာတဲ့ သားသမီးတွေကတော့ ကျုပ်သားသမီးတွေ လို ဖြစ်မှာပေါ့ဗျာ ၊၊ ဒါတော့ ကွာတာပေါ့ဗျာ ၊၊ ဒီတစ်ခါတော့ ကျုပ်လည်း တော်တော် စိတ်ပျက်သွားမိတယ် ၊၊ ပြောလိုက်တယ်ဗျာ ၊၊ နင်လည်း ဒီလောက်တောင် အုပ်ချုပ်လို့ မရတာ ၊ ပျော်လည်းမပျော်တဲ့ ဌာနေ နေမနေနဲ့တော့ ၊၊ အာလုံး ပြန်သာပြန်တော့လို့ ၊၊ ငါဒီကနေ ငွေပို့ပေးမယ် လို့ ပဲ ပြောလိုက်တော့တယ် ၊၊ ဟုတ်တယ်လေဗျာ၊၊ သူပြောသလို ရွာမှာ ကြီးပြင်းရင် လူတော် လူကောင်း လေးတွေ ဖြစ်မှာကိုး ၊၊ ကြီးရင် သားသမီးတွေ ပြန်မကြည့်မှာ ကြောက်သတဲ့ လေ ၊၊ သူကိုယ်တိုင်ကတော့ အဖေအိုအမေအို ပစ်ပြီး ကျုပ်နောက် လိုက်လာတာ ၊၊ ကိုယ့်အလှည့်မှ ပစ်ထားမှာ ကြောက်နေသတဲ့လေ ၊၊ အဲတော့ ထူးဘူး ပြန်ခိုင်းလိုက်တော့တယ် ၊၊

သားသမီး ၃ ယောက်သား ပြန်လို့လည်း ပြောရော ၊၊ ငိုလိုက်ကြတာဗျာ ၊၊ ကျုပ်ဘာမှ တောင် မပြောရသေး ဘူး ၊၊ အကြီးမက ရည်းစားကိုလည်း ဖြတ်ပါမယ်တဲ့ ၊၊ မြန်မာပြည်တော့ မပြန်ပါရစေ နဲ့ တဲ့ လေ ၊၊ သမီးကြီးက ၁၃ နှစ် ၊ အငယ်မက ၁၀ နှစ် သားအငယ်ကတော့ ၇ နှစ်ပါဗျာ ၊၊ ပြီးရော ၊၊ နောက် တစ်ခုခုဖြစ်ရင် ပြန်ပို့မယ်လို့ ပြောလိုက်တယ် ၊၊ မှတ်ကရောဗျာ ၊၊

မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးအား ခံစား ရေးဖွဲ့ပါသည် ၊၊

10 comments:

Lucifer said...

ဟဟ မမီးကွ....၁ ရပြီ အတန်းထဲးမဝင်ခင် ၁ ရအောင်အရင်ယူတာ...
စာကတော့ ညအိမ်ရောက်မှ ဖတ်မယ်

Yu Ya said...

မြန်မာပြည်ကိုတော်တော်ချစ်တာပဲ..အဟီး။ ရီးစားတောင် ဖြတ်မယ်ဆိုပဲ.. မြန်မာပြည်တော့ မပြန်ချင်ဘူးတဲ့..။ အဟဲ..ဟိုပြန်ရောက်သွားရင် ဒီမှာလို ကဲလို့မရ၊ Internet သုံးမရ၊ မီးမရ ဖြစ်မှာစိုးရိမ်တယ်နဲ့တူတယ်..။

yu ya

မယ့်ကိုး said...

ဒီပို့စ်ကို လက်ခုပ်တီးကာ အားပေးပါတယ်။
high 5.... =)

ဂျူနို said...

နိုင်ငံခြားမှာမို့ ပျက်စီးတယ်ဆိုပြီး လွယ်လွယ် လက်ညိုးထိုး
လိုက်တာကို မအယ်လည်း အသည်း ယားနေတာကြာပြီ။

၁၃ နှစ် သမီး ရည်းစားထားတာ ဗမာပြည်လည်း ထားတာပါပဲ။ စိတ်ကစားတတ်တဲ့ အရွယ်လေးတွေမှာ ဖြစ်တတ်တာ သဘာဝပါ။

အမေ တယောက်တည်းကိုတော့ ခုလို အပြစ်ပုံချလို့မရပါဘူး။ ငွေမရှာတဲ့ အမေဆို ကလေးတွေကလည်း ပါဝါ မရှိဘူး ထင်တတ်တယ်။ မိန်းမ ကိုယ်တိုင်ကလည်း သူက လက်ဝေခံလို့ ထင်ပြီး အာငယ်တတ်တာလည်း ရှိတယ်။

သားသမီးကို ထိန်းသိမ်းတာက အမိရေ အဖရောမှာ တာဝန်ရှိပါတယ်။ ပိုက်ဆံရှာပေးတယ်။ မီးပူကူတိုက်တယ် ဆိုတာ ကောင်းသလိုပဲ ကလေးကိုလည်း တူတူ ဆုံးမ သွန်သင်ရမှာလို့ ထင်တယ်လေ။

ကြည့်လိုက်ရင် အဲ့လို မိသားစုတွေ တွေ့ရတယ်။ စိတ်လည်း မကောင်းပါဘူး။



မအယ်

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်ဗျာ။
ဒါမျိုးတွေက နိုင်ငံခြားဆိုတဲ့ ဆင်ခြေတွေနဲ့ မြန်မာလူမျိုးတွေ ဖြစ်နေကျ သရုပ်တစ်ခုပါဘဲ။ နိုင်ငံခြားရောက်သွားရင် မိဘလက်အောက်က လွတ်ပြီဆိုတော့ ကဲတဲ့သူတွေလဲ တစ်ပုံတစ်ပင်ကြီးရှိနေလေရဲ့ ။

ဘာဘဲပြောပြော အဓိကက ငယ်စဉ်အခါကတည်းက သားသမီးတွေကို စီမံအုပ်ချုပ်ရမဲ့တာဝန်ဟာ မိဘနှစ်ပါးလုံးရဲ့ တာဝန်ပါဘဲ။

အုပ်ချုပ်မှု ညံ့ဖျင်းရင် သားသမီးတွေနောင်ရေးမကောင်းနိုင်ပါဘူး။

အဆင်ပြေပါစေ။

~ဏီလင်းညို~ said...

ဖတ်နေမိတာ...ဆက်တိုက်ပါပဲ...။ ပြီးသွားတော့မှ သက်ပျင်းချမိတယ်ဗျာ...။

Thargyi(Gyobingauk) said...

အင်း...........ကိုယ်လိုတာကိုနိုင်ငံခြားကြောင့်ဆိုတာ တော့မပြောသင့်ပါဘူး.. အဲလိုသာပြောကြေးဆိုရင် နိုင်ငံခြားဆိုတာလုံးဝမကောင်းတာကြီးဖြစ်နေမှာပေါ့.. အခြားတဖက်ကလဲ သားသမီးတွေကိုကိုယ့်မူရင်းနိုင်ငံကိုချစ်တတ်အောင်သင်ပေးဖို့တော့လိုမယ်ထင်တယ်.. နိုင်ငံခြားကိုရောက်တာနဲ့ မြန်မာမကောင်းပါဘူးလို့ပြောတာကိုလဲမကြိုက်ပါဘူး.. မြန်မာပြည်မှာရှိနေတဲ့ သန်း 50 ကျော်ကိုအားနာဖို့ကောင်းပါတယ်လေ.... သူငယ်ချင်းရေ မဆိုင်တာတွေပြောမိပီဆောရီးနော်..

လသာည said...

ဖတ်ပြီးတော့ စိတ်မကောင်းဘူး။ တကယ်တော့ ပတ်ဝန်းကျင်မကောင်းလို့ သားသမီးမလိမ္မာဘူးလို့ ပြောတတ်ကြပေမဲ့ သားသမီးအတွက် ပထမဆုံး ပတ်ဝန်းကျင်ဟာ မိဘပါပဲ။ မိဘက အရင်ဆုံး ဆုံးမသွန်သင်သင့်တာပါ။ အမေတစ်ယောက်တည်းလည်း မဖြစ်ပါဘူး။ ၁၃ နှစ်အရွယ်လို စိတ်ကစားတတ်တဲ့ အရွယ်အတွက်က အမေရော အဖေရော စောင့်ကြည့်တည့်မတ်ပေးနိုင်ရင် အကောင်းဆုံးလို့ထင်ပါတယ်။

သားသမီး ရည်းစားထားတာနဲ့ ပတ်သက်ပြီး လက်ရှိပြဿနာကို ဦးတည်မဖြေရှင်းဖြစ်ပဲ သူ့မိဘ ကိုယ့်မိဘ သူအသုံးမကျလို့ ကိုယ်အသုံးမကျလို့လို့ လျှောက်တွေးနေမိရင် ကာယကံရှင်မိဘ( ဇနီးမောင်နှံ)နှစ်ဦးပဲ စိတ်ညစ်ရလိမ့်မယ်လို့ ထင်မိပါတယ်..
အစ်မရဲ့ အမြင်ပြောတာပါ။ အိမ်ထောင်သည်ဘ၀ကို ကိုယ်ချင်းစာမိလို့ မှတ်ချက်ရှည်သွားတယ်.. ဆောရီးနော်..

ZT (TGO) said...

ko MEPhyu .....I hearty appreciate for ur thinking on this post .....

မငုံ said...

နိုင်ငံခြားရောက်သွားပြီဆိုတာနဲ့ အတော်ကဲရဲတယ်လို့ ထင်တတ်ကြတယ်နော်။ သိပ်ကောင်းတဲ့ ပိုစ့်လေး