Tuesday 30 June 2009

ကျေးလက်ဆန်ဆန် မင်္ဂလာပွဲလေး

တခုသော တနင်္ဂနွေရဲ့ ညနေခင်းလေးမှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင် အခမ်းအနားလေး ၊၊ ရိုးစင်းတယ် ၊၊ ရှင်းလင်းတယ် ၊၊ ဂုဏ်တွေ ပကာသနတွေ မဖက်ဘူး ၊၊ မိဘတွေရဲ့ အဝေးမှာမို့ နှစ်ဖက်သော မိဘတွေ တောင်မှ မပါဝင်ခဲ့ဘူး ၊၊ ဒါပေမယ့် သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းများ ရဲ့ မေတ္တာဖြင့် ကူညီဖေးမ မှူနဲ့ မင်္ဂလာပွဲ လေး ကထင်ထားတာထက်ကို ပိုပြီးပျော်ရွှင်စရာကောင်း နေခဲ့ပါတယ် ၊၊ ထုံးစံ အရ နှစ်ဖက်မိဘကို ရှိစေချင် ပေမယ့် အခုတော့ ပိုပြီးလွတ်လပ်ပျော်ရွှင်စရာ တောင် ကောင်းနေသေးရဲ့ လို့ အတွေးရောက် ခဲ့ပါတယ် ၊၊ လူကြီး တွေ မပါတဲ့ ပွဲမို့ လူငယ်တွေ ပိုပြီး ပေါ့ပေါ့ပါးပါး ပျော်ဖြစ်ခဲ့ကြရဲ့ (တကယ်တော့ လူငယ်လေးတွေတော့ ဟုတ်တော့ပါဘူး ၊ လူလတ်ပိုင်းအရွယ်ကို ရောက်နေကြပါပြီ ) ၊၊ မင်္ဂလာမောင်နှံလျှောက်လှမ်းလာတဲ့ လမ်းတစ် လျှောက်မှာတော့ ခင်းထားတဲ့ ပန်းပွင့် လေး တွေ က ပန်းတံတား ကို ဆက်လျှောက်တော့ မယ့် မောင်နှံ အတွက် နိမိတ်ပုံအလား ၊၊ ရိုးရိုးစင်းစင်း ဘယ်သူမှ မပါဘဲ ပွဲထွက်လာတဲ မောင်နှံကို လက်ခုပ်သံတွေနဲ့ ကြိုဆိုလို့ ၊ ပန်းဖွားတွေ ပစ်ဖောက်လို့ ပေါ့ ၊၊

ဟိုးရှေးကျတဲ့ ရုပ်ရှင်တွေမှာ တွေ့ရတဲ့ တကယ့်ကျေးလက် မင်္ဂလာပွဲလေး အတိုင်းပါပဲ၊၊ အ နောက်တိုင်း ဟန် ရယ်၊ တရုတ် ရိုးရာ ရယ် ၊ မြန်မာ မှုရယ် ပေါင်းစပ် ထားတဲ့ ပွဲလေး က ပိုပြီး ရိုး စင်း လို့ချစ်စရာ ကောင်းနေခဲ့တယ် ၊၊ (ပွဲစီစဉ်သူရဲ့စေတ နာ တွေ လည်း ပါမယ် ထင်ပါတယ် နော် ) ဟိုတယ် လိုနေရာမျိုးမှာ ကျင်းပတယ် ဆိုပေမယ့် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် နဲ့ အနေကျပ်တဲ့ ပွဲမျိုး မဟုတ်ဘဲ ၊ သူငယ်ချင်း မိတ်ဆွေတွေ နဲ့ တကယ့်ကို လွတ်လပ် ပျော်ရွှင် စရာကောင်းတဲ့ အခမ်းအနားသေးသေးလေးလို့ ဆိုချင်တယ် ၊၊ ဆိုလိုတာက တော့ မိသားစုဆန်တဲ့ တကယ့် ဧည့်ခံပွဲလေးပါ ၊၊ လူ ၁၂၀ ကျော်တက်ရောက်ခဲ့တဲ့ ပွဲလေးပေမယ့် သိုသိုသိပ်သိပ် ၊ စည်စည်ကားကား နဲ့ ပကာသနလုံးဝမဖက်တဲ့ ချစ်စရာ တနင်္ဂနွေညနေရဲ့ စောင်းကြိုးညှိုသံလေး ၊၊


အခမ်းအနား ပွဲလေး မစတင်ခင် ကတည်းကရောက်လာတဲ့ သူ ငယ်ချင်း တွေ ပြန်လည် ဆုံတွေ့ကြ ၊ စကားတွေ ပြောကြ ၊ တစ်ယောက်နဲ့ တစ်ယောက် စကြနောက်ကြ ၊
ပျော်ရွှင်ကြည်နူးကြနဲ့ ပွဲစဖို့ အခမ်းအနားမှူးလုပ်သူက ခေါ်ပါမှ နေရာယူဖြစ်ကြလေရဲ့ (အထူးသဖြင့် ရည်းစားမရှိသေးတဲ့ အပျိုကြီး လူပျိုကြီးတွေ အတွက်တော့ အရုပ်ပေါ့ အားလုံးက စကြ နောက်ကြ နဲ့ နောက်ပွဲတွေ ဆိုရင် တော့ မဖြစ်ဖြစ်အောင် နှစ်ယောက်သွားမှ လို့ အတွေးဝင်မိကြ မယ် ထင်ပ ) ၊၊
အဖြူရောင် နဲ့ မရမ်းရောင် ကို လှပ အချိုးညီစွာ သုံးထားပြီး မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဆိုတော့ အင်မတန်မှ
ပဏာရနေခဲ့တယ် ၊၊ ဒီဟော်တယ်လေးက ဟိုး အမြင့် တောင်းကုန်း ထိပ်လေး ပေါ်မှာ တည်ရှိနေတာလေးက
မင်္ဂလာပွဲကို ပိုပြီး ကဗျာဆန်စေ ခဲ့ပါတယ် ၊၊ မြန်မာပြည်မှာ ဆိုရင် စိမ်းလန်းစိုပြေနဲ့ ဆင်ဆင်တူပေမယ့် ဒီနေရာ
ခပ်မြင့်မြင့် တောင်ကုန်းလေးပေါ်မှာမို့ ပိုပြီး လှတယ်လို့ ဆိုချင်ပါတယ် ၊၊


ပြင်ဦးလွင် က ဘိုတဲဆန်ဆန် ၊ မီးလင်းဖို ခေါင်းတိုင်ကြီးပါတဲ အုတ် တိုက်နီနီ လေးက နှစ်ထပ်ဆိုပေမယ့် ပုပု ကပ်ကပ်လေး ဆိုတော့ တစ်ထပ် သာသာ ထင်ရ ၊၊ အဲဒီအဆောက်အဦးရှေ့က မြက်ခင်းပြင် စိမ်းစိမ်းထဲမှာ အဖြူရောင် ဖွေးဖွေး ဖဲစတွေနဲ့ ၊ မရမ်းရောင် ဖဲ စတွေ ကို လှပစွာတန်ဆာ ဆင်ထားတဲ့ စားပွဲဝိုင်းတွေ ၊၊ နောက် အလှဆုံးက တော့ မရန်းရင့်ရောင် နှင်းဆီပွင့် အရောင် စိုစိုကြီးတွေ ပဲ ၊၊ အရမ်းကို လှပပြီး မင်္ဂလာပွဲလေး ကပို လို့ အရောင် တောက်ခဲ့တာ အဲဒီ နှင်းဆီပန်းအိုး ကြီးတွေ ကြောင့်လို့တောင် ဆိုချင်ပါရဲ့ ၊၊


















နောက်တော့ အနောက်တိုင်းထုံးစံ ၊ အတိုင်း ဆက်လက်ကျင်းပလို့ ၊ကိက်မုန့်လှီး ခြင်း ၊ ၀ိုင်သောက် ရ်ျ ဂုဏ်ပြုကြခြင်း စသည်စသည် ဖြင့် အစီအစဉ်အတိုင်း ၊၊ နှစ်ဖက်ကုမ္နဏီမှ လူကြီးတွေက လည်း သူတို့ထုံးစံ (စင်ကာပူ ထုံးစံထင်တာပဲ )အသံ ရှည် ဆွဲပြီး အော်လို့ ကောင်း ခြင်းမင်္ဂလာတွေ ဆောင်ကျဉ်းပေးခဲ့ကြတယ် ၊၊ ပွဲလေးကတော်တော် နဲ့ မသိမ်းနိုင်ပဲ ၊ တစ်ယောက်တလှည့် ဂုဏ်ပြုကြရင်း နောက်ဆုံး သတို့သားနဲ့ သတို့သမီး ဥသြဆွဲမှ ပဲ သူတို့ကို မင်္ဂလာခန်းအပ်လို့ ပြန်ခဲ့ကြတယ် ၊၊ ဆူဆူညံညံတွေမို့ ဘေးခန်းတွေ အိပ်နေပေမယ့် အားမနာတမ်း ရွှေကြိုးတားပြီး ခဲဖိုးတောင်းတဲ့ ကျွန်တော်တို့ အစဉ်အလာလေးလည်း မပျက် ဆင်နွဲခဲ့သေးရဲ့ ၊၊









ဟော်တယ်လေးကို ကြော်ငြာ ၀င်လိုက်ပါအုံးမယ် ၊၊ တကယ့်လို့များ ဒီလို မင်္ဂလာပွဲလေး မျိုး ရိုးရိုးစင်းစင်း ပျော်ရွှင်လွတ်လပ်စွာ ဆင်နွှဲလိုတယ် ဆိုရင်ဖြင့် အဲဒီနေရာလေးကို ဆက်သွယ် နိုင်ပါတယ် ၊၊ ဒီပွဲကိုစီစဉ်ပေးသူ ကလည်း အတော်ကို သဘောကောင်းပါတယ် ၊၊ အပြောကောင်းရင် အကြွေးပါ ရနိုင်မယ် ထင်ပါတယ် ( နောက်တာပါ ) ဈေးလည်း လျှော့ယူမယ် ပြောလို့ အဲဒီနေ့က ပွဲမှာ ရှိတဲ့ လူပျိုကြီးများ အထူး မျက်စေ့ ကျခဲကြ ပါတယ် ၊၊ ဒါပေမယ့် တစ်ခု ဆိုးတာက သူတို့မှာ ရည်းစားကို လက်ဆုပ်လက်ကိုင် မရှိကြသေးတာပါပဲ ၊၊ နေရာကတော့ Rider Lodge Hotel , Turf Club Road ပေါ်မှာ ဖြစ်ပါတယ် ခင်ဗျာ ၊၊


သူငယ်ချင်းတွေ အားလုံးလည်း တော်တော် မှန်နေပြီမို့ ပျော်ရွှင်စရာ ကျေးလက်ဆန်ဆန် ရိုးစင်းတဲ့ မင်္ဂလာပွဲ လေးကို နှူတ်ဆက်ရင်း ပြန်ခဲ့ကြပါတော့တယ် ၊၊




ဒီလင်ဒီမယား အိုအောင် မင်းအောင် ပေါင်းသင်း ပျော်ရွှင် နိုင်ကြပါစေ လို့ ဆုမွန်ချွေရင်း ဖြင့်
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ
(ဓါတ်ပုံလေးတွေ ကိုတော့ ဖိုးစင်က ရိုက်ကူးခဲ့တာဖြစ်ပြီး မေတ္တာ ပြုပါတယ် ၊ (သူ့ခဗျာ သူများပွဲတွေပဲ ကူနေရရှာတယ် သနားစရာပါ သူ့အလှည့်ကို မျှော်လင့်နေရှာ ထင်ပ ) ကျွန်တော်ရိုက်ခဲ့တဲ့ ပုံတွေတော့ မဟုတ် ပါဘူး ကျွန်တော် ကတော့ ဗီဒီယိုလေးနဲ့ပဲ မှတ်တမ်းတင်ခြင်း တာဝန် ယူ ဖြစ်ခဲ့ပါတယ် ၊ နောက်များမှ Edit လုပ်ပြီး သူငယ်ချင်း လူပျို လူလွတ်တွေ အတွက် နမူနာယူဖို့ Youtube တင်ထားပါအုံးမယ် ) ( ပြန်လာတဲ့ညက တော့ နည်းနည်းများသွားလို့ အာမဟုတ်ပါဘူး မနက်ရုံးတက်ရမှာမို့ စာမရေးဖြစ်ဘူး ၊ နောက်ဒီနေ့တစ်နေ့လုံးလည်း video Editing လုပ်ဖို့ အလုပ်ရှုပ်နေတာနဲ့ပဲ အခုမှပဲ တင်ဖြစ်ပါတော့တယ် )

Friday 26 June 2009

မဝေခင်မှာ မကြွေ စေချင်ပါလေ


ကျွန်တော်တို့စီမံကိန်းကြီးလည်း အချောသပ်လုပ်ငန်းတွေ နဲ့ ပြီးဆုံးကာနီးပြီမို့ ဟိုးအရင် စီမံကိန်း အားကောင်း မောင်းသန် ကြိုးစားလုပ်ကိုင်ရတဲ့ စီမံကိန်းလယ် ကာလကာလောက် အလုပ်တွေ သိပ်မရှုပ်တော့ ၊၊ အနည်း ငယ် အေးအေးလူလူ ရှိလာပြီလို့ ဆိုရပေမပေါ့ ၊၊ ဆိုက်လုပ်ငန်းတွေ ကလည်းပါးပါးလျလျ နဲ့ လိုအပ်တဲ့ အချော သပ်လုပ်ငန်းတွေသာ ရှိတော့ တာမို့ လူအင်အားလည် လျော့ပါးသွားသလို စက်ကြီးတွေ ၊ ကရိန်းတွေ ၊ ယန္တယား တွေ လည်း နောက်ထပ်စီမံကိန်း အသစ်တစ်ခုဆီကို ပြောင်းရွှေ့သွားပြီမို့ ဟာလာဟင်းလင်း ရှင်းရှင်း လင်းလင်းနဲ့ စီမံကိန်းက လွမ်းမောစရာတောင်ကောင်းနေလေရဲ့ ၊၊

စီမံကိန်း လယ်ကာလ ၊ ဆီတုန်းကတော့ ပွဲတော်အလား ပျားပန်းခတ်မျှ စည်ကားလို့ပေါ့ ၊၊ မနက်အာရုံတက်လို့ ရောင်နီလာပြီ ဆိုသည်နှင့် စက်သံ၊ကားသံ ၊ လူသံ ၊ခေါ်သံ ၊ အော်သံ တွေနဲ့ စည်စည်ညံခဲ့ပေါ့လေ ၊၊ ကျွန်တော် တို့လည်း မနက် ၇-နာရီ ထိုးတာနဲ့ ဆိုက်ထဲရောက်နေကြပြီ ၊၊ တစ်နေ့တာ လုပ်ငန်းအတွက် တာဝန်တွေ ခွဲဝေ လို့ စီမံကိန်း ဒါရိုက်တာ ဖြစ်သူနဲ့ မနက်တိုင်း ကွင်းပြင်ထဲမှာ Briefing ယူနေကြပေါ့ ၊၊ နောက်မှ ကိုယ်တာဝန်ကျ တဲ့ အပိုင်းမှာ ရှိတဲ့ လုပ်ငန်းက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ထပ်ပြီး ညွှန်ကြား ၊ ပြီးမှ လိုအပ်တဲ့ လုပ်ငန်းတွေ လိုက်စစ်ဆေး လို့ ၊ လုပ်ကြကိုင်ကြပေါ့ ၊၊ ပင်ပန်းပေမယ့် အင်မတန်မှ ပျော်ရွှင်စရာကောင်းသလို ၊ အင်မတန်မှ လည်း ဂုဏ်ယူစရာပေါ့ ၊၊ နော်တချိန်မှာ ပေါ်ထွန်းလာတော့မယ့် တံတားသစ်ကြီးကို မြင်ယောင်ရင်း ပင်ပန်းတာ တွေ ပြေပျောက် ရပါတယ် ၊၊

အော် ၊ အခုတော့ စီမံကိန်းလည်း ပြီးဆုံးခြင်း ရောက်လို့ အချို.ချို.တွေ လည်း နောက်ထပ် စီမံကိန်းအသစ်ဆီ ရှေ့ပြေးအဖွဲ့အဖြစ် သွားကြပြီ ၊၊ အလုပ်မရှိတော့တဲ့ အလုပ်သမားအချို့လည်း ပြောင်းကြရွှေ့ကြပေါ့ ၊၊ အခုလို စပ်ကူးမတ်ကူးကာလ ဟာ ကျွန်တော်တို့လို ၀န်ထမ်းတွေ အတွက် မထောင်းတာပေမယ့် ၊ နေ့စား အလုပ် သမား လူတန်းစား အတွက်တော့ အင်မတန်မှ ကျပ်တည်းတဲ့ ကာလပေါ့ ၊၊ လုပ်ငန်းကလည်း မလှိုင်တော့ သလို အလုပ်မရှိဘူးလို့လည်း မဆိုနိုင် ၊ ပြတ်တုန်းလပ်တုန်း ကာလပေါ့ လေ ၊၊ မစဉ်းစားချင်ပါဘူးလေ ၊၊ အခုလို မနက်စောစော မှာ ဒီလိုအကြောင်းတွေ မတွေးလိုပေမယ့် ၊ တားမရဆီးမရ အလိုလို ၀င်လာတဲ့ အတွေး ဆိုးကို ဖြေဖျောက်လို. အားနေတုန်း လမ်းလေးဆင်းလျှောက်ဖို့ စိတ်ကူးနဲ့ ကျွန်တော့် အိမ်လေးရဲ့ ခေါင်းရင်းဖက် စွေစောင်းစောင်းမှာ ရှိတဲ့ ခရေပင်တန်းလေးတွေ ဘက်ဆီကို ဦးတည်မိပါတယ် ၊၊

ခရေပင်လေးတွေ ဟာ ပင်ပျိုလေးတွေ မို့ အပွင့်တွေ ဝေေ၀ဆာဆာ နဲ့ ရနံသင်းသင်းလေး အမြဲမွှေးနေတက် ပါတယ် ၊၊ လေအဝှေ့မှာ ကြွေကြနေတဲ့ ခရေပွင့်လေးတွေ လည်း မြေပြင်မှာ ဖွေးဖွေးလှုပ်လို့ပေါ့ ၊၊ အဲဒီ ခရေ ပန်း လေးတွေကို နေ့စဉ်မနက်တိုင်း ဗန်းကုံးလေးတွေနဲ့ လာကောက်နေကြ မောင်နှမနှစ်ယောက် ရှိပါတယ်၊၊ အကြီးမလေး က ၁၁ နှစ်လောက်နဲ့ အငယ်ကောင်လေးက ၈နှစ် လောက်ပေါ့ ၊၊ ဆိုက်ထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ယောက်ရဲ့ သားသမီးလေးတွေ နေမှာပါလေ ၊၊ ဗန်းကုံးလေးတွေ အပြည့်အမောက် အမြဲတမ်း ကုန်စင်အောင် ကောက်သွားတက်ကြပါတယ် ၊၊ ကျောင်းဖွင့်ချိန်ပေမယ့် ကျောင်းသွားတာမမြင်တော့ ကျောင်းမနေကြဘူးထင်ပ ၊၊ ဒီလိုပဲ ဆိုက်ထဲမှာ လည်း ဟိုဟာလေးကောက် ၊ ဒီဟာလေးကောက်နဲ့ တွေ့နေရ တက်ပါတယ် ၊၊

ဒီနေ့မနက်မှာတော့ ပန်းကြွေလေးတွေ ကောက်ရုံမက အပင်ကိုပါ လှုပ်ပြီး မကြွေသေးတဲ့ ပန်းလေးတွေကို ခြွေ ယူဖို့ ကြိုးစားနေတာကြောင့် " ဟေ့ ခလေးတွေ မင်းတို့ ကြွေတာကိုတင်ကောက်လေကွာ ၊ ဘာဖြစ်လို့ မကြွေ သေးတဲ့ ပန်းလေးတွေ ကို ခြွေနေတာလည်း ၊ အပင်မြင့်မှာ ခဏဖြစ်ဖြစ် သဘာဝအတိုင်း နေပါစေကွာ ၊ နောက် နေ့ မနက်တော့ သူ့အလိုလို ကြွေမှာပေါ့ကွာ " ရယ်လို့ ခပ်ငေါက်ငေါက်လေး ပြောမိတော့ ကောင်းမလေးက " ဒီနေ့ အဖေ့ကို ဆေးခန်းပြရမယ် အစ်ကိုကြီး ၊ ဆေးခန်းပြဖို့ငွေလိုတယ် ၊ ဒါကြောင့် မနက်ဖြန်သူ့အလိုလို ကြွေ တဲ့ထိ စောင့်လို့ မရလို့ပါ " ဆိုတဲ့ မျက်နှာဝိုင်းလေးကို ကျွန်တော် ဘယ်လိုပြန်ပြောရပါ့မလဲ ၊၊ " မကြွေ ခင်မှာ ဝေနေတဲ့ ပန်းလေးတွေကို သဘာဝအတိုင်း ရှိပါစေကွာလို့ " တားချင်ပေမယ့် သူတို့ကိုယ်တိုင် မဝေခင် မှာ ကြွေနေရတဲ့ ဘ၀လေးတွေ မို့ ကျွန်တော် ဘာများပြောနိုင်ပါဦးမလဲ ၊၊

တခါတခါ သဘာဝကို ချစ်မြတ်နိုးစွာ မဝေခင်မှာ မကြွေစေချင်တဲ့ ကျွန်တော်ကိုယ်တိုင် တခါတရံ ခြွေနေမိလား ရယ်လို့ အမြဲတွေးမိပါတယ် ၊၊ အလုပ်ခွင်ထဲမှာ ကျောင်းနေရမယ့်အရွယ် အလုပ်သမားလေးတွေကို တွေ့ရ ခိုင်းရတိုင်း လိပ်ပြာမလုံ ခံစားမိတာ အမှန်ပါ ၊၊ ၁၅ - ၁၆ - ၁၇ ဆိုတာ တကယ်တော့ မိဘရင်ခွင်၇ိပ်မှာ နွေးနွေး ထွေးထွေး ခိုလှုံရင်း ကျောင်းပညာ သင်ကြားရမယ့် အရွယ်တော့ပေါ့ ၊၊ အတက်ပညာတစ်ခုကို သင်ကြားနေရ မယ့် အရွယ်တွေပါ ၊၊ ပန်းခလေးတွေ ကြွေမှာစိုးတဲ့ ကျွန်တော် အဲဒီခလေးတွေ အတွက်ရော မကာကွယ် နိုင် တော့ ဘူးလား ၊၊ ကာရာအိုကေဆိုင်မှာ အဲဒီအရွယ် ခလေးမလေးတွေကို ပန်းကုံးစွပ်တာဟာ ၊ ဘောက်ဆူးပေး တာဟာ ချီးမြှောက်လိုက်တာလား ၊ ကြွေမှာစိုးလို့ တံစိုးပေးလိုက်တာလား ၊ ကြွေပြီးသားပါပဲရယ်လို့ နင်းခြေ ပေးလိုက်တာလား ၊၊ မစဉ်းစားတက်တော့ပါဘူး ၊၊

အဖေကူလီထမ်းလို့ သားကူလီထမ်းရတယ်ဆိုတာ မွေခံထိုက်စေဆိုတဲ့ ၀တ္တရားကျေပွန်ခြင်းလား ၊ အဖေလုပ် သူက ၁၀ ပိသာ အလေးကို ထမ်းလို့ သားလုပ်သူက ၁၅ ပိသာ အလေးကို ထမ်း နိုင်တယ်ဆိုတာ ဂုဏ်ယူ စရာလား ၊၊ အဲဒီသားသမီးကို အတိဇာတ သားရယ်လို့ ခေါ်ဆိုရမလား ၊၊

ကျွန်တော့်ပတ်ဝန်းကျင် ၊ အလုပ်ခွင်တွေထဲမှာ မဝေခင်မှာ ကြွေနေရတဲ့ ပန်းပွင့်လေးတွေ အများကြီးပါ ၊၊ အဲဒီ ပန်းလေးတွေဟာ အချိန်မတန်ခင် မှာ ပင်ယံထက်က ခြွေချခံခဲ့ရတယ်လေ ၊၊ ဒါပေမယ့် ဒါပေမယ့် အဲဒီ ပန်းခလေး တွေကို မဝေခင်မှာ မကြွေစေချင်ပေမယ့် ၊ ကိုယ်ဘာမှ မတက်နိုင်သေးတာမို့ တခါတရံ ကိုယ်တိုင် ခြွေသူမဖြစ်အောင် ကြိုးစားရင်းပဲ ..... မဝေခင်မှာ မကြွေပါစေနဲ့လို့ ဆုတောင်းပေးရုံမှတစ်ပါး .........

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

(လွန်ခဲ့တဲ့ အတိတ်က ကျွန်တော့် ရဲ့ တံတားဆိုက်ကို သတိယရင်း ၊ မြစ်သာတံတား စီမံကိန်းက လုပ်ဖေါ် ကိုင်ဖက် အလုပ်သမား လေးများအား လွမ်းဆွတ်ရင်း ရေးဖွဲ့ပါသည် )

Wednesday 24 June 2009

လှေခါးဖြစ်ခွင့်


ဒီနေ့ဒီရက်မှာ
မင်းလက်ကိုတွဲပြီး ပွဲမထွက်ရပေမယ့်
မင်းနင်းလို့တက်သွားမယ့် လှေခါးဖြစ်ခွင့် ရတာကိုပဲ ကျေနပ်မိတယ် မောင့်ချစ်သူ ၊၊

ဘိသိတ်သဘင်ဆင်ယင် ခါနီး
ဖ၀ါးနုနု လေးတွေ ဘေးမသီရန်မခဖို့
အပြုံးတုမဟုတ်တဲ့ ပီတိပြုံးတစ်ခုနဲ့ လက်ဖွဲ့ လိုက် ပါ့မယ်
မောင့်ချစ်သူ ၊၊

မင်းပြုံးရင် မောင်ပျော်သမို့
မင်းဖ၀ါးနုနု သွေးခြေတော် မအုဘူးဆိုရင် ဖြင့်
နင်းစမ်းပါ ခပ်ပြင်းပြင်းသာ နင်းလိုက်စမ်းပါ မောင့်ချစ်သူ ၊၊

အတက်မှာ ခပ်မော်မော် နင်းသလို
အဆင်း ဆိုရင် လည်း တစ်ချက်ချင်း နင်း လို့
လိုရာ ခရီးကို အရောက်မှီ လှမ်းရအောင်
ပို့ဆောင်ဖို့ စောင့်စားနေဆဲပါ မောင့်ချစ်သူ ၊၊

မင်းအိမ်ဖြူ

(ဘာမှန်းမသိတဲ့ စာချိုးလေးပါ ၊ လှေခါးလေးဖြစ်ခွင့်၇တာ ၊ တံတားလေးဖြစ်ခွင့်ရတာဟာ မေတ္တာသာ တကယ် ပါမယ်ဆိုရင် တွေးတွေးပြီး ဂုဏ်ယူစရာပေါ့)

Tuesday 23 June 2009

ငှက်စာ

ဟိုးတပတ်ကျော် တစ်ခုသော တနင်္ဂနွေကပေါ့ Bird Park ကို သွားဖြစ်ခဲ့သေးတယ် ၊၊ အကြောင်းကြောင်း ကြောင့် မရောက်ဖြစ်ခဲ့သေးတဲ့ နေရာလေးကို လက်မှတ်ဝင်ကြေး မပေးရပဲ ရောက် ခွင့်ရ ခဲ့ တယ် လေ၊၊ အသိအစ်မကြီးတစ်ယောက် ကသူတို့ ကုမ္မဏီက ရတဲ့ လက်မှတ်ကို ပေးလို့ပါ ၊၊ ၄ ယောက် အလကား ၀င် ခွင့်ရတယ် ၊၊ ပုံမှန်ဆိုရင်တော့ ၁၆ ကျပ်လားမသိဘူး ၊၊ ကိုယ်မပေးရတော့ ဈေးလည်း မေးခဲ့မိတော့ဘူး D:


ပထမတစ်ကြိမ်လည်း သွားဖို့ စီစဉ်ဖူးတယ် ၊၊ အိမ်မှာ အတူနေတဲ့ သူငယ်ချင်းတွေ နဲ့ ၊ ချိန်းထားပြီးတော့မှ ကိုယ့် ကိုမခေါ်ပဲ သူတို့ဘာသာ ထွက်သွားတော့ လိုက်ခွင့်မရခဲ့ဘူး ၊၊ အခုတော့ သွားဖြစ်ဖို့ဖန်လာလို့ ရောက် ခွင့်ရတာပေါ့လေ ၊၊




စင်ကာပူထုံးစံ အားလုံးက တော့ပြုပြင်ဖန်တီးထားတာတွေ ချည်းပါပဲလေ ၊၊ တောင်ဆိုလည်းအတု ၊ ရေတံခွန်ဆိုလည်း အတု ၊ မြစ်ဆိုလည်းအတု ၊ အပင်တွေကလည်း အရွက် တွေ က မာ ဆတ်ဆတ်နဲ့ အတု တွေ လားတောင် ထင်ရရဲ့ ၊၊ ဒါပေမယ့် ဘယ်အရာမဆို သေသေချာချာ စည်းစနစ်တကျ လုပ်ထားတာ တော့ အတော်ကိုသဘောကျပါတယ် ၊၊ အရာအားလုံးကို စည်းကမ်းဆိုတဲ့ ဘောင်တစ်ခုတည်းကနေ ထိန်းချုပ်ထားတာ တော့ နမူနာယူဖို့ကောင်းပါတယ် ၊၊ ဒီလိုမှ မလုပ်ရင်လည်း လူမျိုးပေါင်းစုံ လာရောက်နေထိုင်တဲ့ ကျွန်းနိုင်ငံလေး စည်းမဲ့ကမ်းမဲ့ ပရမ်းမတာတွေ ဖြစ်ကုန်မှာပေါ့လေ ၊၊

အဲဒီရေတံခွန်ကလည်း အတုလုပ်ထားတာပါလေ



အဲဒီထဲမှာ သဘော အကျဆုံးကတော့ ငှက်ကလေးတွေကို ပြပေးတဲ့ ငှက်ရှိုးလို့ ခေါ်မလား အဲဒီ Bird Show ကို သဘော အကျဆုံးပါပဲ ၊၊ ဆင်လိမ္မာ ပြပွဲဆိုတာလည်း ကိုယ်နဲ့ သိပ်မစိမ်းပါဘူး ၊၊ နောက် မြွေတွေကို သင်ကြား ပြသတဲ့ပွဲတွေ ၊ နောက် မျောက်ပွဲတွေ ဆိုတာက မြင်တွေ့နေကျမို့ ထူးပြီးမဆန်းပေမယ့် ငှက်တွေ ကို သင်ကြား ပြီး ပွဲတစ်ခု လိုပြသတာကတော့ ကျွန်တော့်အတွက် တကယ်ကို ထူးဆန်းပါတယ်ဗျာ ၊၊ အဲဒီ ငှက်တွေ ကို ကြိုးတွေနဲ့လည်းချည်မထားပါဘူး ၊၊ မိုးလုံလေလုံ ပြပွဲရုံထဲမှာ ပြတာလည်း မဟုတ်ပါဘူး ၊၊ အလွတ်တမ်း ပါ ပဲ ၊၊ တကယ်လို. အဲဒီ ငှက်ကလေးတွေ ပျံပြေးမယ်ဆိုရင် ပျံပြေးလို့ ရပါတယ် ၊၊ လေဟာပြင် ဇာတ်ရုံထဲမှာ ပေါ့၊၊

ပထမဆုံး ပြကွက်က ငှက်တွေ ရေငန်းတွေ အများကြီးထွက်လာပြီး ပြတာ ၊၊ ယိမ်းကသလိုပဲဗျာ ၊၊ တကယ် သူ့အပေါက်နဲ့သူ အ၀င်အထွက်မမှားဘူး ၊၊ နော်က ငှက်နှစ်ကောင်က ဂေါ်လီလုံးလေးတွေကို အပြိုင်ထည့်တဲ့ ပြကွက် ၊ သူတို့နာမည်တွေ ခေါ်ပြီး ပရိတ်သတ်က အားပေးရတယ် ၊၊ တကယ်ကို ၇င်သပ်ရှုမောလို့ ဆိုချင်တယ် ၊၊ နောက် သတ်မှတ်ထားတဲ့ နေရာတွေကို သွားပြ ပျံပြ ၊ သီချင်းတွေ ဆိုပြ ၊ တကယ်ကို အံသြမိပါရဲ့ အဲဒီမှာ ကျွန်တော့်ခေါင်းထဲကို အတွေးလေးတစ်ခု ဖျတ်ကနဲဆို ၀င်လာခဲ့တယ် ၊၊ ထုံးစံအတိုင်း အူအူကြောင်ကြောင် မို. အူကြောင်ကြောင် အတွေးလေးပေါ့ ၊၊


အနားမှာရှိတဲ့သူငယ်ချင်းကို "မင်းစဉ်းစားကြည့်စမ်းပါ ၊ လူတွေ မပြော နဲ့ ငှက်တွေကိုတောင် ဒီလိုခိုင်းထားတာဆိုတော့ လူတွေ စိတ်ညစ်တယ် ၊ မပျော်ဘူး မပြောနဲ့တော့ကွာ " ဆိုတော့ သူငယ် ချင်းက ကျွန်တော့်ကို ဒီလို ပြန်ပြောပါ တယ် ၊ " သူတို့ တစ်ခုခု တော့ လုပ်ထားလိမ့်မယ်ကွ ၊ ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ခြင်းကို မြတ်နိုးပါတယ် ဆိုတဲ့ ငှက်ကလေးတွေက ပျံသန်းလွတ်မြောက်ခွင့် ရပါလျက် မပျံသွားဘူးဆိုတော့ "လို့ပြောပြီး စကားဖြတ်ပြီး စဉ်းစား ဟန်ပြု တော့မှ ကျွန်တော်ဖြတ် ကနဲတွေးမိ သွား တာ က ပွဲစဉ် တစ်လျှောက် လုံးမှာ ငှက်ထိန်း တွေ ကို အစာတမျိုးကို မရပ်မနား ကျွေး နေ တာကို သတိပြုမိသွားပြီး " မှန်တယ် မင်းပြောတာဖြစ်နိုင်တယ် သူတို့ကျွေးနေတဲ့ အစာထဲမှာ စွဲလန်းစေတက်တဲ့ အရာတစ်ခုခု ပါလိမ့်မယ် ၊ အပြင်ပတစ်နေရာမှာ မရနိုင်တဲ့ အစာတမျိုးကြောင့်သာ ဒီငှက်ကလေးတွေ အဝေးကို မပျံပြေးတာ ဖြစ်နိုင်တယ် လို့ အဖြေလေးတစ်ခုရမှ ပဲ နေသာ ထိုင်သာ ရှိပြီး ဆက်တွေးဖြစ်တာကတော့

အစာတလုတ်အတွက် ကိုယ့်ဌာနေကိုစွန့်ပြီး သူများအလိုကျ သရုပ် ဆောင်ပြနေရတဲ့ ငှက်ကလေးတွေ သူတို့ ရော ဟိုးတစ်နေရာ က အ မျိုး တွေ ရှိရာ မွေးရပ်မြေကို ပျံချင် နေကြမလား ၊၊ တကယ် လို.ပြန်သွားတဲ့အခါ ဒီမှာ စား ရတဲ့ အစာမျိုးမရတဲ့ အတွက် ပျော် နိုင်ပါ့ မလား ၊၊ ပျံသွားပြီး မနေနိုင်လို့များ ပြန်လာကြတာလား ၊၊ အော် တ ကယ် လို့ သူတို့ကြိုက်တဲ့ အစာတွေ အဲဒီ မွေးရပ်မြေမှာ ရရင် တော့ ပြန်သွား ကြမလား ၊၊ လားပေါင်းများစွာ နဲ့ပေါ့ ၊၊ ဒီလိုမြိုပြ ရဲ့ ပြပွဲမှာ ပါဝင်ခွင့် ရဖို့အတွက် ကိုယ့်ကိုကိုယ် လေ့ကျင့်ကျိုးစားပြီး ၊ သူများတွေ ခိုင်း သလို လုပ်ပြဖို့ ဒီနေရာကိုရောက်လာသူတွေအတွက် မ ထောင်း တာ ပေမယ့် အဲဒီ အစာလေးတလုတ်အတွက် စိတ်မပျော်ပဲ သရုပ်ဆောင် ပြနေရတဲ့ အဝေးရောက် ငှက်ငယ်လေးတွေ အတွက် ရင်နာမိတာ အမှန်ပါ ၊၊ သူတို့ပျော်တဲ့ အရပ်မှာ သူတို့စွဲလန်းသွားမိတဲ့ ငှက်စာလေးတွေ ပေါများပါစေဗျာ လို့ လေလွင့်ငှက်ငယ်လေး တွေ အတွက် ဆုတောင်းမိနေဆဲ ၊၊


လေးစားစွာဖြင့်
မင်းအိမ်ဖြူ

(စာတွေ အများကြီးမရေးဖို့ ထိန်းချုပ်နေရင်း မနည်းဖြတ်လိုက်ရပါတယ် ၊၊ မပြည့်စုံမှာလည်းဆိုးတော့ ဖြတ်ရင်း စာကနည်းနည်းတော့ ရှည်သွားတယ်ဗျာ ၊ ဒီထိရောက်အောင်ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ)

Monday 22 June 2009

တို့ဆွေမျိုး

......


ပင်လယ်ကမ်းစပ်တစ်နေရာ ၊ အပန်းဖြေမလား ၊ လွမ်းနေမလား ကွယ်



.................

ရုံးသွားကြရအောင် ၊ ကျောင်းသွားကြရအောင် ၊ ဘုရားသွားကြရအောင်

ရောင့်ရဲတက်တဲ့ တို့ဆွေမျိုး
ကြောင့်ကြနည်းတဲ့ တို့ဆွေမျိုး
တင်းတိမ်တက်တဲ့ တို့ဆွေမျိုး
လောဘနည်းတဲ့ တို့ဆွေမျိုး
နွံအနစ်မှာ ကျွန်မဖြစ်ပေမယ့်
လူဖြစ်ရှုံးတဲ့ တို.ဆွေမျိုးတွေ ဘဝ
ပြန်ကာလှန် ဟိုအတိတ်ဟောင်းကိုပ
ပြန်တွေးရင် ရင်တွေ အခါခါ နာသမို့
ပြန်မေးနဲ့ကွယ် ၊၊

၂၀ ကျော် ၂၀ကျော်
၂ ခါပိုင်း ပြီမို့
၂ခါနာ ၂ခါနာ
ခါခါများ ပြီမို့
တော်ပါပြီ ဆက်မတွေးချင်ဘူး
တန်ပါပြီ ဆက်မလွမ်းချင်ဘူး
လာမေးနဲ့ကွယ်
ပြန်မပြောချင်ဘူး ၊၊


(ဇာတ်လမ်းလေးတစ်ပုဒ်ရေးဖို.အတွက် စဉ်းစားရင်း ထွက်လာတဲ့ ဇာတ်လမ်းထဲက စာချိုးလေးပါ ၊၊ အဲဒီ ဇာတ်လမ်းလေးကို ၀မ်းသာစရာလေးနဲ့ ဇာတ်သိမ်းချင်တယ် ၊ ဒါပေမယ့် ခုချိန်ထိတော့ သေချာဘူးလေ ၊၊ ဒါကြောင့် သိမ်းထားဖြစ်ဆဲ ၊၊ တ၀က်တပျက် ရေးထားဆဲပေါ့၊၊အဲဒီထဲက ဒီစာချိုးလေးကိုတော့ အမှတ်တယအဖြစ် တင်ဖြစ်ပါတယ် ၊၊ ကောင်းမွန်သာယာ သော ဇာတ်သိမ်းလေး ဖြစ်ဖို. ကျိတ်ပြီးဆုတောင်း နေမိပါတယ် )
(ဗိုက်ပူကားလေးက မမေ ဘလော့မှ ယူထားပါသည် ၊၊ )

Sunday 21 June 2009

နွေးထွေးသော နေရာလေးတစ်ခုဆီသို.

အင်း...... ကျွန်တော့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကို အတိတ်ခရီးကနေ ပြန်လာပြီးတဲ့နောက်မှာတော့ သာယာ ပြီး နွေးထွေး တဲ့နေရာ လေး ၊ "ယုယ နွေးထွေးသော ဘ၀လေး တစ်ခုဆီသို. " ခေါ်သွားပါရစေနော် ၊၊

ကျွန်တော်သည်လည်း ဟိုးလွန်ခဲ့တဲ့ ၃ လကျော်လောက်က "ပြတင်းပေါက်ကလေး "ရဲ့ ပိုင်ရှင် ကိုဒီပ ရဲ့ စပွန်ဆာ နဲ. ဒီခရီးလေးကို စတင်လျှောက်လှမ်းဖြစ်ခဲ့ပါတယ် ၊၊ ဘာ့ကြောင့် ဒီလိုပြောလည်း ဆိုတော့ သူကိုယ်တိုင်ပဲ သင်ပြပေးပြီး သူ ကိုယ် တိုင် ပဲ အခုလို မိတ်ဆွေ သူငယ်ချင်းတွေ နဲ. တွေဆုံမိတ်ဆက်ခွင့်ပေးခဲ့တယ်လေ ၊၊

ကျွန်တော့်ရဲ့ ပထမဆုံး အဖေ ဆိုတဲ့ ပိုစ့်လေးကို မွေးနေ.အမှီတင် လိုတာ ကြောင့် အတော်ကို ကသောင်း ကနင်း ဖြစ်ခဲ့ရပါတယ် ၊၊ မွေးနေ.အတွက် ဘုန်းကြီးဆွမ်းကပ်ပွဲလေးကိုလည်း အိမ်မှာပဲ သူငယ်ချင်းတွေကိုယ်တိုင် ချက်ပြုတ် ခဲ့တာဆိုတော့ တော်တော်ကို ကသီခဲ့ပါတယ် ၊၊

မြန်မာစာ အရိုက်ကလည်းမသွက် ၊၊ မြန်မာစာလက်ကွက် က အဲဒီတော့မှ စရိုက်တာဆိုတော့ စာတစ်လုံးရိုက်ဖို. အရေး လိုက် လိုက်စမ်း နေရပါတယ် (ကီးဘုတ်ကိုပြောတာနော် ) ၊ သူငယ်ချင်း ကိုရွာသားလေး၊ ၀ိုင်တီယူ ရဲ့ အမှတ်တယ အကူ အညီပေါ့လေ ၊၊ ကျွန်တော့်ရဲ့ပထမဆုံး ပိုစ့်လေးဖြစ်တဲ့ အဖေ ဆိုတဲ့ ပိုစ့်လေးက အဲဒီသူငယ်ချင်း ကိုရွာသားပဲ ရိုက်ပြီး Gtalk ကနေပို.ပေးခဲ့တာပါ ၊၊ မှတ်မှတ်ယယပါပဲ ဗျာ၊၊

နောက်ပိုင်းလိုအပ်တဲ့ Adjustment တွေ ၊ မြန်မာဖောင့်ရိုက်နည်းတွေ ကိုတော့ ကိုဗီလိန် ကနေ လှမ်းလှမ်းပြီး သင်ပြ အကြံပေးခဲ့ပါတယ် ၊၊ ခုချိန်ထိပါပဲ ၊၊ မမေကတောင် မြန်မာစာ သတ်ပုံသတိထားဖို. အကြံပေးရဲ့ ကျေးဇူးတင်ပါတယ် ၊၊ ငှက်ကလေးလည်းပါတယ်၊၊ နောက်ပိုင်း အပုဒ်တိုင်းကို ကောင်းကောင်းမကောင်းကောင်း အားပေးတာကတော့ ကျွန်တော့်ညီမငယ် မယ်ကိုး ပေါ့ ၊၊ နောက်ပိုင်း လာရောက်လည်ပတ် အားပေးကြတဲ့ သူငယ် ချင်းဘလော့ဂါ တွေ ၊ မန်.ပြီး ၀င်ရောက်ဆွေးနွေးပေးတဲ့သူတွေ ရဲ့ အကူအညီနဲ. ကျွန်တော့်အိမ်လေး ကို ကျားကန်နေရတာပါဗျာ ၊၊

အခုလည်း ကျွန်တော်ကဲ့သို.ပဲ ၊ ကျွန်တော့်သူငယ်ချင်း ကလည်း ယုယနွေးထွေးမှူတွေ ပေးလိုပါတယ်ဆိုတော့ အဲဒီ နွေးထွေးတဲ့နေရာလေး တစ်ခုဆီကို လမ်းညွှန်ပါရစေဗျာ ၊၊ နည်းပညာဆိုင်ရာလေးတွေ ၊ ခံစားမှုလေးတွေ ၊ ဘာသာပြန် စာပေလေးတွေ နဲ. တကယ်ကို နွေးထွေးသော ဘ၀အတွက် ခေတ္တခဏ ဖြစ်ဖြစ် သွားရောက်လည် ပတ်စရာ နေရာလေး တစ်ခုအဖြစ် ၊ သွားရောက်ဖြစ်အောင် သွားရောက် လည်ပတ် ပြီး အပန်းဖြေပါအုံး လို. ပဲ အခမဲ့ "ယုယ နွေးထွေးသော ဘ၀လေး တစ်ခုဆီသို. " အရောက်ပို.ပါရစေဗျာ ၊၊

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Saturday 20 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ ၅

ဒီတစ်ခါ လည်း ကျွန်တော် ပြောချင်တာလေး ဆက်ပြောခွင့်ပြုပါအုန်းနော်၊၊

ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂုလအမြင်လည်း ဖြစ်နိုင်ပါတယ် ၊၊ ကျွန်တော်ရှေ.ပိုစ့်မှာ ဆိုခဲ့ပါတယ် ၊၊ တွန်းအား ပေးသော ပတ်ဝန်းကျင် ၊ နောက် အခြေအနေတစ်ရပ် ၊ နောက် ၀ှက်ဖဲတစ်ချပ် ၊၊ ကျွန်တော် ဘာ့ကြောင့် ဒီလို သုံးသလဲဆိုတော့ ကျွန်တော်ဟာ လူသားအားလုံးရဲ့ ၊ လူသားအများစုရဲ့ ကိုယ်ပိုင်အရည်အချင်းကို ယုံကြည် လို.ပါ ပဲ ၊၊ ကျွန်တော်ဒီလိုပြောတော့ အားလုံးဟာ အရည်အသွေးတူတူလား ဆိုတော့ ဒီလိုလည်း မဟုတ်ပါဘူး ၊၊

ကျွန်တော်လက်ခံပါတယ် ၊၊ တချို.သူတွေ ဟာ တချို.သူတွေထက် ခေါင်းတစ်လုံးပိုသာပါတယ် ၊၊ အရည်အချင်းပို ရှိပါတယ် ၊၊ ဒါပေမယ့် အရည်အချင်းရှိတာချင်းတူပေမယ့် ကြိုးစားခွင့်ရှိတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးပြင်းခွင့်ရသူက အခွင့်အရေးပိုရပါတယ်လို. ကျွန်တော်ကဆိုရင် ကန်.ကွက်လိုသူတွေ များမလား ၊၊
ပြုံးပြီးထောက်ခံပေးမလား ၊၊ လူတိုင်း လို.ကျွန်တော် မဆိုလိုပါဘူးနော် ၊၊ အခွင့်အရေးတွေ လက်တစ်ကမ်း မှာ ရှိပါလျက် ၊ အရမယူတက်သူတွေ လည်း ဒုနဲ.ဒေးပါပဲ ၊၊ ကျွန်တော် လက်ခံပါတယ် ၊၊

လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလတုန်းက သူငယ်ချင်းတွေဆီကို ပြန်သွားခွင့်ပြုပါ ၊၊ ကိုယုယက ၀င်ဆွေးနွေး ပေးပါ တယ် ၊၊ ကျွန်တော်က တစ်ယောက်မှ ပါမလာခဲ့ပါဘူးလို. ဆိုတဲ့ စာလေးသုံးတဲ့အခါ ဘယ်ကိုပါမလာတာလဲတဲ့ ၊၊
ကျွန်တော်တို. ဖြတ်သန်းခဲ့တဲ့ ဘ၀ကို အနိမ့်အမြင့် ၊ အတက်အကျ တွေနဲ. မတိုင်းတာပါဘူး ၊၊ ကျွန်တော်တို. ပြင်ညီ ခရီးတစ်ခုအနေနဲ. အနီးအဝေးနဲ. တိုင်းတာပြီးပြောကြရအောင် ၊၊ (သိသိကြီးနဲ.မေးပေးတာကိုပဲ ကျေးဇူး တင်ပါတယ်နော် ကိုယုယရေ )

ကျွန်တော် တို.အတူတူ နေကြတဲ့ အချိန်မှာ ဘာမှ မစဉ်းစားတက်ပေမယ့် အဲဒီအချိန်မှာ ကျွန်တော်မှာ နည်းနည်း လေးပိုသာတာက သူတို.ထက် စာတွေကို ပိုဖတ်ဖြစ်နေတယ် ဆိုတာကိုပဲ ၊၊အဲဒီစာတွေ ကို ဖတ်နိုင်ဖို. ကျွန်တော့်မှာ အခွင့်အရေးတစ်ခု ရခဲ့တယ်၊၊ အဲဒီအချိန်မှာ ကျွန်တော့် ခေါင်းထဲမှာ ရှိနေတာက စာတော်မှ ဒီဘ၀ ကလွတ်ထွက်နိုင်မယ်ဆိုတဲ့ ကလေးအတွေးလေးပဲ ၊၊ ကျွန်တော် ထင်ပါတယ် ကလေးသဘာဝ ၁၀ တန်းစာမေးပွဲအောင်ရမယ် ဆိုတဲ့ အတွေးမျိုး ကျွန်တော့် သူငယ်ချင်းတွေ အားလုံးမှာရှိကြမှာပါ၊၊ဒါပေမယ့် သူတို.မသိတာက ဘယ်လို ထူးချွန်စွာ အောင်မြင်အောင် လုပ်ရမလဲဆိုတာကိုပဲ ၊၊ အဲဒါဟာ သိတဲ့သူအတွက် ၀ှက်ဖဲတစ်ချပ် မဟုတ်ပေဘူးလား ၊၊

ဟုတ်ကဲ့ သိရုံနဲ.လည်း ကျွန်တော်တို.အတွက် နည်းလမ်းမှန်တစ်ခုတော့ မဟုတ်သေးပါဘူး ၊၊ အဲဒီအသိကို လက် တွေ. အကောင်အထည် ဖေါ်မှ ရမှာ ပါ ၊၊ အကောင်အထည်ဖေါ်ဖို. ဆိုတဲ့ နေရာမှာ ကိုယ်တစ်ယောက်တည်း နဲ. မဖြစ်နိုင်တော့တဲ့ အကြောင်းအရာတွေ အများကြီး ပါလာပါပြီ ၊၊ မသိတဲ့သူ ၊ ဘာကိုမှ မသိတဲ့သူထက် သိတဲ့ သူမှာ နည်းလမ်းကောင်းရှိတယ် ၊၊ အဲဒီ နည်းလမ်းကို အကောင်အထည် ဖေါ်ဖို. အတွက် ပဲ သူ.အတွက် လိုပါ တော့တယ် ၊၊ ဒါပေမယ့် ဘယ်လို ဖြတ်ကျော်ရမယ် ဆိုတာ သိပေမယ့် အကောင်အထည် မဖေါ်နိုင်တဲ့ အခါမှာတော့ အဲဒီလူတစ်ယောက်ဟာ ဘာမှ မသိတဲ့သူတစ်ယောက်ထက်ပိုပြီး ခံစားရတက်ပါတယ် ၊၊ အဲဒီ အခါ ခုနလို သိတဲ့သူတစ်ယောက် ကဆုတောင်းတက်တယ် " ဘာမှ မသိတဲ့သူ တစ်ယောက် ဖြစ်ရပါလို၏ " တဲ့လေ၊၊

အသိချင်းတူပေမယ့် အဲဒီ အသိကို အကောင်အထည် ဖေါ်နိုင်စွမ်းရှိသူက အဲဒီပွဲမှာ နိုင်တာပါပဲ
.
(အားလုံးဟာ စိတ်ညစ်မခံနိုင်ဘူးဆိုတာသိပါတယ်လေ၊ ကျွန်တော်လည်း အတိတ်ကို ပြန်စောင်းကြည့် လိုက်တာ တော်တော် လေးလာပါပြီ ၊ ကြာရင်ဘယ်သူမှ ခေါင်းလေးခံပြီး ကျွန်တော့်ဆီကို အလည်လာမယ် မထင်တော့ ပါဘူး ၊၊ ခဏတော့နားပြီး နောက်မှ တစ်ပိုင်း ပြန်ဆက်ရင်ကောင်းမလားလို.ပဲ ၊၊ အင်း အတိတ် ၁၅ နှစ်ကျော် ကာလ ကနေ ကြုံခဲ့ရတဲ့ ဘ၀တွေ သူငယ်ချင်းတွေ ကို ပြန်ကြည့်နေတာနဲ. သူငယ်ချင်း ဘလော့ဂါ အသစ်တွေ စိတ်ညစ်သွားမှာ စိုးပါတယ် )
(ကျွန်တော် ပြောပြနေရတဲ့ ကြောင်းရင်းကတော့ ကျွန်တော်တို. မရခဲ့တဲ့ အခွင့်အလမ်းတွေ ၊ အခြေအနေတွေ ကို နောက်ကျွန်တော်တို.ရဲ့ မျိုးဆက်တွေအတွက် ဖြည့်ဆည်းပေးဖို.ပါ ၊၊ တခါတလေမှာ လူဆိုတာက နေပူတုန်းက တွေးမိပေမယ့် နေရိပ်ကို ရောက်တဲ့အခါမှာ မေ့သွားတက်ပါတယ် ၊၊ တချို.လူတွေကြတော့ ငါ့တုန်း ကလည်းဒီလိုပဲ လုပ်ခဲ့ရတာ မင်းလည်းဒီ လိုပဲ လုပ်ပေါ့ကွ ဆိုတာမျိုး ရှိတက်လို.မေ့မှာစိုးလို. သတိပေးတာ ပါ ဗျာ ၊၊ )

Friday 19 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ ၎

မှန်တာပေါ့ဗျာ ၊ မှန်တာပေါ့ ၊၊

ဘ၀ဆိုတာက ကြိုတင်ကြည့်မြင်ခွင့်မရတဲ့ ကစားပွဲတစ်ပါပဲ ၊၊ မနေခြည်မေးသလို ကြိုသိအောင် ဘယ်လို လုပ်ရ မလဲ ဆိုတဲ့ မေးခွန်းကို အရမ်းသဘောကျ ပါတယ်ဗျာ၊၊ ဟုတ်ကဲ့ အမှန်တော့ ကျွန်တော် ရှေ.ဆက် ရေးမယ့် အကြောင်း အရာကလည်း ဒီမေးခွန်းလေး နဲ. ဆက်နွယ်တဲ့ အပိုင်းလေးကို တင်ပြဖို. ပဲဆိုတော့ အဆင်ပြေသွား တာပေါ့ ဗျာ ၊၊ ကိုယ့်ရဲ့ လက်ထက်မှာမှ ရုတ်တရက်ပြောင်းလဲဖို. မဖြစ်နိုင်ပါဘူး ၊၊ အချိန်တစ်ခု လိုအပ်ပါတယ်၊၊
(မျိုးဆက်တစ်ခုဆီ တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်သွားဖို. လိုအပ်ပါတယ် )

ကျွန်တော်တို. ဘယ်လိုမှ ကြိုမသိနိုင်တာ တော့ အမှန်ပါပဲ ၊၊ အလောင်းအစား ကစားပွဲတစ်ခုလို ရင်တခုန်ခုန်နဲ. စောင့် စားနေရတဲ့ မနက်ဖြန်တွေပါ ၊၊ ဒါပေမယ့် ကျွန်တော်ရှေ.ပိုစ့်မှာ ရေးခဲ့သလို ၀ှက်ဖဲ ဆိုတဲ့ စကားလုံးလေး ကို ပြန်ကောက်ချင်ပါတယ် ၊၊ လူတိုင်းမှာတော့ ၀ှက်ဖဲကိုယ်စီရှိကြမှာပေါ့ ၊၊ ဒါပေမယ့်အဲဒီ ၀ှက်ဖဲလေးက ကိုယ် ရှေ. ခရီး အတွက် အထောက်အပံ့ဖြစ်ဖို.တော့ လိုပါတယ် ၊၊ ဒါမှသာ အသုံးဝင်ပေမပေါ့ ၊၊

ခုနပြောသလို ကိုယ်ရဲ့ ဘ၀ခရီးကို ဘယ်လို ပုံဖေါ်ပြီး ဆက်သွားမလဲ ဆိုတဲ့ နေရာမှာ အရမ်းကို အရေးပါ ခဲ့ပြီဗျ၊၊ကိုယ်ရွေးချယ် ရမယ့် ဘ၀ခရီးကို ဘယ်လိုပုံစံနဲ. ဆက်သွားမယ် ဆိုတာ ငယ်ရွယ်နုနယ်လွန်းတဲ့ ခလေး တစ် ယောက် မသိမမြင်နိုင်တာ ၊ ကြိုမသိနိုင်တာ အပြစ် တစ်ခု မဟုတ်ပါဘူး ၊၊ ဖြစ်ရပ်တခုကို တွန်းအားပေးတဲ့ ပတ် ၀န်း ကျင် ဆိုတဲ့ အပိုင်း ကို ထည့်သွင်းစဉ်းစား ရပါတော့မယ် ၊၊

အတူစား ၊ အတူသွား ၊ အတူနေ ၊ အတူ ကစား ခဲ့ပေမယ့် ကျွန်တော်တို.ရဲ့ ပတ်ဝန်းကျင် ၊ ကျွန်တော်တို. ရှင်သန် ကြီးပြင်း တဲ့ အသိုင်းအ၀ိုင်းက ဘယ်လိုမှ မတူညီနိုင်ပါဘူး ၊၊ ကလေးအရွယ်မှာ သိသိသာသာ ကွဲပြား မှု မရှိသော်ငြား ကာလကြာမြင့်လာသည်နှင့်အမျှ ၊ ကြီးပြင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုး ရိုက်ခတ်မှူက ပိုလို. သာ သက်ရောက်လာပါတော့တယ် ၊၊

ဒီအကြောင်းအရာလေးကို ကျွန်တော် ခံစားနေခဲ့ရတာကြာခဲ့ပါပြီ ၊၊ ဒါကြောင့်ရှေ.မှာ"အလုပ်သမားကြီးသား " ဆိုတဲ့ ပိုစ့်လေးကို ရေးခဲ့ဘူးပါတယ် ၊၊

ဆရာဝန်ကြီးရဲ့ သားက ဆရာဝန်လေး ဖြစ်ဖို. ရာခိုင်နှုန်း ပိုများသလို အလုပ်သမား ကြီးရဲ့သား အလုပ် သမား လေး ဖြစ်ဖို. လည်း အင်မတန် လွယ်ကူပါတယ်လေ ၊၊
.

Thursday 18 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ ၃

ဒီိလိုနဲ. ဒီလိုနဲ.ပေါ့ဗျာ ၊၊

ကျွန်တော်တို.ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီး ဟာ အနာဂတ်အတွက် လမ်းပြမီး တန်ဆောင်ဖြစ်လာမယ်ဆိုတာ အဲဒီ အချိန် ကလေးဘ၀တုန်းက မသိခဲ့တာအမှန်ပေါ့ ၊၊ အဲဒီလို အတိတ်အဖြစ်ကျန်နေရစ်မယ့် ခရီးပိုင်းလေး က အနာဂတ် ဘ၀တွေကို အဆမတန် ကွာခြားသွားစေတယ်ဆိုတာကိုလည်း မသိခဲ့ရိုးအမှန် ၊၊

တခါတခါ ဘာမှမဟုတ်တာလေးက အမှိုက်ကစလို. ပြသာဒ်မီးလောင်ဆိုသလိုပဲ ၊ ကွာခြားပြောင်းလဲခြင်းတွေ ဖြစ်ပွားစေတာ အမှန်ပါပဲ ၊၊ ဒါပေမယ့် ဂရုပြုသတိထားမိတဲ့ အချိန်မှာတော့ အားလုံးဟာ ပြီးဆုံးခြင်းဘူတာကို လွန်မြောက်ခဲ့ပေါ့ ၊၊ အဲဒီအခါမှာတော့ ကံတရားကို ယိုးမယ်ဖွဲတယ်လို.တော့ မသုံးချင်ပေမယ့် စိတ်အနာပြေစေ ဖို.တော့ ဒီစကားလုံးလေးလည်း လိုသားလား ၊၊

ကလေးသာသာ ၊ လူကြီးမက ရိုးသားခြင်း အရှိန်တွေ မကုန်လွန်သေးတဲ့ ကျောင်းသားဘ၀လေးကို ပြန် မြင်ယောင် လေတိုင်း အဖြူအစိမ်းလေးဝတ်ပြီး လွယ်အိပ်ကလေး စလွယ်သိုင်းလို. ပြေးလွှားခဲ့ရတဲ့ အချိန်တွေ ကို သတိယမိတယ် ၊၊ ဘ၀ကို ဘယ်လိုပုံဖော်မယ် ဆိုတဲ့ အတွေးတွေ ထက် ဒီနေ.ကို ဘယ်လို ကုန်လွန်မယ် ဆိုတာကိုသာ တွေးတက်ခဲ့တဲ့ ရိုးသားခြင်း မကုန်တဲ့ ဘ၀ကို လွမ်းရုံတော့ လွမ်းသားကလား ၊၊

အဲဒီအချိန်တုန်းက ၀ှက်ဖဲဆိုတဲ့ စကားကို နားမလည်ပေမယ့် ၊ အခွင့်အရေးဆိုတဲ့ စကားလေးကိုတော့ ကြားဖူး နား ၀ ရှိနေခဲ့ပြီ ၊၊ အတူသွား အတူစား ၊ အတူကစား ပြီး အတူတူပျော်ခဲ့ဘူးသူတွေ အတူတူ ဘယ်သူတွေကများ ပိုသာလို. အခုအချိန်မှာ ဘ၀တွေ ခြားနေရတာလဲ ၊၊ အမြဲတမ်းစဉ်းစားဖြစ်တဲ့ မေးခွန်းလေးတစ်ခု ၊၊

ဘောလုံးကန်ခြင်းအတက်ပညာလည်း အတူတူ ၊ ဘောလီဘောပုတ်တော့လည်း မခြားနား ၊ သရေကွင်း ပစ်တော့ သူမသာကိုယ်မနာ ၊ ဒိုးလိန်.အုံးမလား ၊ လေးခွပြိုင်ပစ်မလား ၊၊ လူပျိုပေါက်ဖြစ်တော့ ဂစ်တာတီးတော့ လည်းတူတူ ၊ ထန်းရည်သွားသောက်တော့ ပြိုင်တောင်ပြိုင်ဖြစ်ကြသေး ၊ ဆေးလိပ်ခိုးသောက်တော့ လည်း တကျိတ်တည်း တဥာဏ်တည်း ၊၊ လယ်ကွင်းဘေးက ဆည်မြောင်းထဲမှာ ရေသွားကူးတော့ တဖွဲလုံး ၊၊ ဒါပေမယ့် အခုတော့ ဘ၀တွေက အလွန်ကိုဝေးကွာလို. ၊၊ ဘာတွေကများ ကျွန်တော်တို. ဘ၀တွေကို ကွဲပြားသွားစေပါ သလဲ ၊၊

သူသာတယ် ကိုယ်သာတယ် ဆိုတာတွေထက် ငယ်စဉ်ကလေးဘ၀တုန်းကတော့ အားလုံးဟာအတူတူပါပဲ ၊၊ တကယ်ကို တူတူပါပဲ ၊၊ စာမေးပွဲဆိုတာမှာလည်း သူမသာကိုယ်မသာ ၊ တခါတလေ ကိုယ်ကတောင် နာသေး ၏၊၊ အလယ်တန်းကျောင်းသားဘ၀မှာ ဆုံတွေ.ခဲ့ရတဲ့သူငယ်ချင်းတွေ ကျွန်တော့်ဘ၀ရဲ့ ခရီးမှာ တစ်ယောက် လောက် တောင် အတူပါမလာတာတော့ တကယ် ၀မ်းနည်းမိသည် ၊၊ ဘယ်ဆီရောက်လို. ဘာတွေများလုပ်နေ ကြပါလိမ့် ၊၊ တကယ်ကို တစ်ယောက်မှ အတူတူ မပါလာခဲ့တော့ ၊၊ အားလုံးက ကျွန်တော်တို. အတူတူ ပျော်ခဲ့ဘူးတဲ့ အလယ်တန်းကျောင်းလေးရဲ့ မနီးမဝေး အစွန်အဖျားလေးမှာပဲ ရှိနေကြဆဲ၊၊ ယခုတိုင်ရှိနေကြဆဲ၊၊


အနည်းဆုံး ရှေ.မှာ ဘာဖြစ် နိုင်တယ် ဆိုတဲ့ သတင်း လေးကို ကြိုသိတဲ့သူက ကြိုးစားဖို. အခွင့် သာတာ တော့ အမှန်ပဲ
.

Tuesday 16 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ ၂


ကျွန်တော်တို. ရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ အတိတ်ခရီးကို ပြန်စောင်းငဲ့ ကြည့်ရင် အင်မတန်မှ လွမ်းမောစရာ ကောင်းတာတော့ အမှန်ပါ ၊၊ အတိတ်ကို လွမ်းဆွေးနေဖို. ထက် မှားခဲ့ ဘူးတဲ့ လုပ်ဆောင်ချက်တွေ အတွက် နောင် အနာဂတ်မှာ မမှားရလေအောင် ပြုပြင် ထိန်းချုပ်ဖို. ရာကျွန်တော်တို. အတွက် အတိတ်က ပေးတဲ့ သင်ခန်းစာ၊ ဒါဟာအခွင့်အရေးပါပဲ ၊၊

ရပ်တည်ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်မှာ ကိုယ်နဲ.ပတ်သပ် ဆက်နွယ် ခဲ့ဘူးသူတွေ ၊ လမ်းချင်းတူလို. အတူ လျှောက်လှမ်းခဲ့ဘူးသူတွေ ရဲ့ ဘ၀တွေကို ပြန်လို. နှိုင်းယှဉ် ခံစားကြည့်ခြင်းမှလည်း ကျွန်တော်တို. ရဲ့ လမ်းကြောင်း အမှားအမှန် အဆိုးအကောင်း အကျိုးအကြောင်းတွေ ကို ပြင်ဆင်ဝေဖန်လို. ရပေမပေါ့လေ ၊၊

ဒီနေ. စိန်ဗေဒါ နဲ. မနေ.က စိန်ဗေဒါ ၊ ကိုယ့်ကိုကိုယ်ပဲ အမြဲနိုင်းယှဉ် ပါတယ် ဆိုတဲ့ စကားလေးဟာ အင်မတန်မှ အဖိုးတန်ပြီး မှတ်သားစရာ အပြည့်ပါ ၊၊ သို.သော် တခါတလေမှာတော့ ကိုယ့်ကိုကိုယ် ယှဉ်ဖို.လိုအပ်သလို မိမိ ပတ်ဝန်းကျင်ကိုလည်း မျက်ခြေမပျက်ဖို. လိုအပ်သည်ဟုထင်မြင်မိကြောင်း တင်ပြလိုပါသည် ၊၊

သင်တော်မှန်ကန်သော ကြိုးစားအားထုတ်မှု ၊ ရွေးချယ်မှန်ကန်သော လမ်းကြောင်းမှသာ ကိုယ့်ဘ၀တက်လှမ်း လျှောက်လှမ်းနိုင်မှာ မဟုတ်ပေလားဗျာ ၊၊ ကျောက်တုံးကို အားထုတ်ပြီး ညှစ်လို. ဆီထုတ်လို. မရသလို ၊ အင်ဂျင်နီယာ တစ်ယောက် ဆေးပညာစာအုပ်တွေ လေ့လာလိုက်စားနေခြင်းကလည်း ဆရာဝန် တစ်ယောက် ဖြစ်မလာ နိုင် တော့ ( ပညာရပ်တစ်ခုကို စိတ်ဝင်စားစွာ လေ့လာခြင်းအား အားပေးပါ၏ ) ၊၊

ငယ်စဉ်တုန်းက ၀င်္ကဘာလမ်းလျှောက်လှမ်းကြသလို လမ်းသိထားသူ ၊ နောက် ကြိုတင်မြင်နိုင်စွမ်း ရှိသူတွေ အတွက် အချိန်တိုအတွင်း ပန်းတိုင် ကိုရောက်ရှိနိုင်ပေမယ့် ၊ တခါတလေ တချို.သူတွေအတွက် လမ်းလျှောက် ရင်း လမ်းပျောက်နေရသူတွေ မနည်းပေ ၊၊ ပန်းတိုင်ရောက်ရှိသူခြင်း တူပေသည့် သက်သက်သာသာ ချောချော မွေ.မွေ. ရောက်ရှိုသူတွေ ရှိသလို ၊ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လျှောက်လှမ်းရသူလည်း မနည်းပေ ၊၊

အင်းဒီလိုလေးတွေးမိတဲ့ အခါ မှာတော့ ဟိုးငယ်စဉ် ကတည်းက အတူသွား အတူစား ၊ အတူကစားခဲ့ကြတဲ့ သူငယ် ချင်းတွေ ကို သတိယမိတဲ့ အခါ သူတို.တွေ ဘယ်တွေ ရောက်လို. ဘာတွေများ လုပ်နေကြပါလိမ့်လို. အတွေးရောက်ခဲ့ ပြန်ေ၇ာပေါ့ ၊၊ ဒီလိုနဲ. အတိတ် ခရီးမှာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလမှာ တူတူ ပျော်ရွှင်ခဲ့ဘူး တဲ့ သူငယ်ချင်းတွေ ကို တစ်ပိုင်း သတိယမိပြန်ပေါ့ .....
(မိမိ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး အတွေအကြုံ အမှားအမှန် အကောင်းအဆိုးတွေ က နောင်လာမယ့် မျိုးဆက် အတွက် အချိန်ကုန်သက်သာပြီး အဖိုးနှုန်းချိုသာတဲ့ ဘ၀လမ်းပြမြေပုံ တစ်ခုလို. ယုံကြည်ပါတယ်လေ)

Saturday 13 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ


ငယ်ငယ်တည်းက အရမ်းကို နှစ်သက်သဘောကျမိတဲ့ မြန်မာသံစဉ် သီချင်းလေးတစ်ပုဒ် ရှိခဲ့ဖူးပါတယ် ၊၊ အဲဒီ သီချင်းလေးကို ကြားရလေတိုင်း မျက်ရည်ဝဲရတယ် ၊၊ အခုလည်းဒီစာလေးကို ရေးနေရင်း အဲဒီ သီချင်းလေးကို နားထောင်ခံစားနေမိပါတယ် ၊၊ မြန်မာသံစဉ်တွေနဲ. အလှမ်းဝေးသူတွေ အနေနဲ. နားယဉ်ဖို. ခဲ့ယဉ်း ပေမယ့် တကယ်ကို အနှစ်သာရ ရှိတဲ့ သီချင်းလေးပါ ၊၊ ဘယ်အချိန်ပဲ ဖြစ်ဖြစ်ကျွန်တော့် ရင်ကိုတော့ ခံစားရစေပါတယ် ၊၊ ကျောင်းဖွင့်ခါနီးတိုင်း မြန်မာ့ရုပ်မြင်သံကြားကနေ ဟိုးအရင်တုန်းကတော့ ပုံမှန်လွှင့်ထုတ်နေကြပါ ၊၊ အဲဒီသီချင်းသံလေးကြားရလေတိုင်း လွမ်းလွမ်းဆွေးဆွေး ခံစားနေရမြဲ ၊၊ နောက် အာစရိယ ပူဇော်ပွဲ တိုင်းမှာ အဲဒီ သီချင်းသံလေးများကြား ရတဲ့ အခါ အားလုံး ရဲ့ အတွေးတွေဟာ ဟိုး အတိတ်ဆီ ပြန်ရောက်သွား ရမြဲပါလေ ၊၊


ဘယ်သီချင်းလေးများ ဖြစ်မလဲနော် ၊၊ မြန်မာသံစဉ် သီချင်းတွေ နဲ. မဝေးတဲ့ သူတွေ ကတော့ အတက် သိမယ် လို. ထင်ပါတယ် ၊၊ တေးသံရှင် တွံတေးသိန်းတန် ရဲ့ အသီးတရာ အညှာတစ်ခု ဆိုတဲ့ သီချင်းလေးပါပဲ ၊၊ ဟိုးငယ် စဉ် ကလေးဘ၀ကနေ ၊ လူကြီးတွေ ဖြစ်လို. အလုပ်အကိုင်တွေ ကိုယ်စီနဲ. ကိုယ့်ဘ၀ကိုယ့်လမ်း လျှောက်လှမ်း နေကြတဲ့အခါ မှာတော့ ကျွန်တော်တို. သူငယ်ချင်းတွေ တွေ.ဖို.ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး ၊၊ တကယ်ကို တမြေစီ ၊ ခုခေတ်မှာတော့ ပိုလို.တောင် ဆိုးပါသေးတယ်လေ ၊၊ နိုင်ငံတွေခြားလို. ဘယ်လိုမှ မတွေကြရတော့ ၊၊ အရင်လို တစ်နိုင်ငံတည်းဆို ရင်တောင် မတွေ.ဖြစ်ပေမယ့် တွေ.နိုင်မယ်လို. ထင်မှတ်ရပေမယ့် ၊ ခုများတော့ သူနဲ.ကိုယ်နဲ. ဘယ်လိုမှ မတွေ.ဖြစ်ကြတော့ ၊၊ သူ.အလုပ်ကိုယ့်အလုပ် ၊ သူ.ခွင့်ရက် ကိုယ့်ခွင့်ရက် ဘယ်လိုမှာ ညှီုနိုင်းလို. မရတော့ ၊၊


ဟိုတစ်နေ. က နေပြည်တော် သူငယ်ချင်းတစ်ယောက် Email ပို.လာသည် ၊၊ သူရေးထားတာဖတ်လိုက်ရတော့ ကျောင်းတက်ခဲ့ရတဲ့ ဘ၀ကိုလည်း ပြန်လွမ်းမိရဲ့ ၊၊ နောက်သူဆိုလိုက်တဲ့ စကားလေးတခွန်းလည်း မှတ်မှတ်သား သား ဖြစ်မိပါရဲ့လေ ၊၊

ကိုယ့်အနားမှာအနီးကပ်ရှိတဲ့သူတွေက ကိုယ့်ဘ၀ကိုအများဆုံးလွှမ်းမိုးကြတယ် ထင်ပါရဲ့

သြော် သူပြောသလို ကျွန်တော်တို. အားလုံးဟာ ကျွန်တော်တို. ရဲ့ နေစဉ်ဘ၀တွေ သာယာဖို.ကိုပဲ ဦးစားပေးနေ ရတယ် လေ ၊၊ သူပြောတဲ့ စကားလေးကို ကျွန်တော် တကယ်ကို မှတ်မှတ်သားသား ဖြစ်မိပါရဲ့ ၊၊ နောက် သူစာထဲမှာ ဆက်ပြီး ရေးထားတာလေးကတော့

ကျောင်းတက်ခဲ့တဲ့အချိန်တွေကိုပြန်သတိရပြီးဝမ်းနဲတာရယ် ခရီးမဆက်ဖြစ်တော့ တဲ့ ငါတို့ရဲ့ ကျောင်းသားဘ၀အတွက်ရယ်ပေါ့ တဲ့လေ ၊၊

အင်း ပေါ့လေ.... ဘယ်အချိန်တွေ ထိများ ငါတို. ဘ၀တွေ ကိုယ်ယုံကြည်ရာကို ဆက်လွှင့်နေရအုံး မလဲနော် ၊၊ ဘ၀ဆိုတာ စိတ်ကူးထဲကအတိုင်း ဖြစ်မလာဘူးဆိုတာကိုတော့ သိခဲ့တာကြာပါပြီ ၊၊ အရမ်းကို ဖြူ စင်လွန်းတဲ့ ငယ်ငယ်က ဘ၀လေးကိုတော့ အလွမ်းသား ၊၊ ဒါပေမယ့် လည်းကိုယ်ရဲ့ ခရီးက တစ်ဝက်တောင် ကျိုးနေပြီမို. နောက်ပြန်ခံစားစား ယုံမှ အပ ၊ လွမ်းယုံမှ အပ ၊ တခါတလေ ဖုန်းလေးပြောရုံမှအပ ၊ တခါတလေ အချိန်ရရင် အီးမေး ပို.ရုံမှ အပ ၊ တိုက်ဆိုင်တဲ့ အခါတိုင်း လွမ်းဆွတ် သတိယစွာ သူ.အကြောင်း စဉ်းစားရုံမှ အပ ၊ သူငယ်ချင်း မိတ်ဆွေ အသစ်တွေကို ဟိုးတုန်းက သူငယ်ချင်းတွေ အကြောင်း အလွမ်းပြေ ပြောပြရုံမှ အပ ၊ ဘာမှ တိုးပြီး မကြိုး စားနိုင်တော့ပါလားလို.ပဲ ဘာသာ တွေးမိပါတော့တယ် ၊၊


ခပ်ဝေးဝေး မှသာ လွမ်းဆွတ်နိုင်တော့တဲ့ ဘ၀တွေ ကို နားလည်းခံစားပေးနိုင်ကြပါစေလေ.......


သူငယ်ချင်းများကို လွမ်းဆွတ်ခြင်းများစွာဖြင့်
မင်းအိမ်ဖြူ



http://www.youtube.com/watch?v=P9M9-wjv0kc


http://www.youtube.com/watch?v=h7ALvja4Jg0

Thursday 11 June 2009

ဘယ်ဆီမှာရယ်

ဒီကျွန်းကို စရောက် တဲ့နေ.ကတည်းက အခုဆို သူ.ကို ရှာနေမိတာ ၂ နှစ်ကျော်ပြီပေါ့……..
*********************************
ပထမဆုံး ပြည်ပခရီးကလည်း ဖြစ်ပြန် ၊ လေယာဉ် စီးဖူးတာလည်း ပထမဆုံးဖြစ်ပြန် ၊ နောက် ဘာမှ မသေချာသေးတဲ့ နေထိုင်ခွင့်နဲ. အလုပ်အတွက်လည်း ပူရပြန်ဆိုတော့ လေယာဉ် စီးရတာ ဘယ်လို မှ သက်တောင့်သက်သာ မဖြစ်တာတော့ အမှန်ပါပဲ ၊၊ တစ်ခုခုကို စိုးရိမ်ပူပန်မှူတွေက ကျွန်တော့် မျက်နှာပေါ်မှာ အထင်းသား ပေါ်လွင်နေမှာ အမှန်ပါပဲ ၊၊ လက်နှစ်ဖက်ကို ဆုပ်လိုက် ဖြန်.လိုက် တစ်ရှူးထုတ်ပြီး ချွေးသုတ်လိုက်နဲ. တကယ်ကို ရုပ်ပျက်ဆင်းပျက် ဘာမှန်းမသိပဲ ပူပန်နေမိပါတယ် ၊၊ မိဘတွေကို စိတ်မချ ၊ သူတို.က ကိုယ့်ကို စိတ်မချ ၊ မှာတမ်းတွေ ချွေနဲ့ နောက်ဆုံးမှ ၀င်ခဲ့တော့ ထိုင်ခုံက ဟိုးနောက်မှာ ၊၊ ကံကောင်းချင်တော့ မတောင်းပေမယ့် Window Seat လေးရတော့ မြန်မာပြည် မင်္ဂလာဒုံ လေဆိပ်ကြီးကို ထင်ထင် ရှားရှား မြင်နေရတာ တော့ အတော်ကို သက်တောင့်သက်သာ ခံစားရပါတယ် ၊၊
မှုန်တိမှုန်ဝါး ဖူးမြင်နေရတဲ့ ဘုရားစေတီ စုံကို လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး အဆင်ပြေရာ အဆင်ပြေကြောင်း တစ်တွတ်တွတ် ဆုတွေ တောင်းလို. ပေါ့ ၊၊ဂါထာစုံ ရွတ်ဖတ်သရဇယ်လို. ပြီးလောက်ကျမှ ၊ အနည်းငယ် စိတ်အနည်ကျမှ ဘေးဘေးဘီဘီ သတိထား အမှတ် ပြုမိပါတယ် ၊၊ အလယ်မှာ ထိုင်နေတာက ကြွေရုပ်လေး ၊၊ သူက လည်း ကျွန်တော့်ကို ကြည့်လို. ၊၊ ဖြတ်ခနဲ အမှတ်မထင် ကျွန်တော်လှည့် ကြည့်လိုက်မှ သူ မျက်လွှာလေး ချလို. ခေါင်းငုံ.သွားလေတယ် ၊၊ ကျွန်တော့်ရဲ့ တကိုယ်တော် ပျာယာခတ်နေတဲ့ Performance ကို ဘယ် အချိန်ကတည်းက ရှူစားတော်မူနေတယ် မသိ ၊၊ ကျွန်တော့်ရဲ့ သွေးခုန်နှုန်းတွေ ၇ပ်တန်. သွား ပြီလားလို.တောင် ခံစားမိရဲ့ ၊၊ခေါင်းလေးငုံ.ပြီး ရှက်နေတဲ့ ၊ ဖြောင်းစင်းပြီး နက်မှောင်နေတဲ့ ကေသာတွေ နဲ့ ဖုံးကွယ် နေတဲ့ သူရဲ့ မျက်ဝန်းချိုချိုလေးကို ကြမ်းတမ်းစွာ ဆွဲလှန်ပြီး နောက်တစ်ကြိမ် မြင်ချင်စိတ်ကို မနည်းကို ထိန်းချုပ်ထားရသည် ၊၊
အရှက်ပိုနေတဲ့ ကြွေရုပ်လေး ဘယ်အချိန် ကိုယ့်နားရောက်လာတယ် မသိအောင် စိတ်ပူပန်နေမိတဲ့ ကိုယ့်ကိုကိုယ်လည်း နာနာကျည်းကျည်း ကျိန်ဆဲမိရဲ့ ၊၊ ဟိုးဘက်က တစ်ယောက်ကို ကြည့် လိုက်တော့ အန်ကယ်ကြီး တစ်ယောက် ၊၊ ကြွေရုပ်လေးရဲ့ အုပ်ထိန်းသူများလား ရယ် လို. စိုး၇ွံ.စွာ အကဲ ခတ်တော့ ဟုတ်ဟန်မတူ ၊၊ ဟူး တော်ပါသေးရဲ့ လို.ဘာသာ သက်ပြင်းချမိသည် ၊၊ဘယ်လိုမှ ပြန်မော့မလာတော့ တဲ့ ကြွေရုပ်လေးကို ဘယ်လိုလုပ် ၇ပါ့မလဲ စဉ်းစားနေဆဲမှာပဲ ၊ ကံဇာတာ မျက်နှာ သာ ပေးတာကြောင့် လေယာဉ်မယ်ကလေးတွေ ရဲ့ ချိုသာပျုငှာ စွာမေးလာတဲ့ ၊ ဘာများသုံးဆောင်ပါအုံးမလဲ ရှင်ဆိုတဲ့ အသံ လေး ပေါ်လာမှပဲ ကြွေရုပ်လေး အသက်ဝင်လာလေရဲ့ ၊၊
********************************
အရမ်းကို မြန်လွန်းတဲ့ Flight Time ၂ နာရီအတွင်းမှာ ကျွန်တော်နဲ. ကြွေရုပ်လေးနဲ. သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ် ၊၊ တစတစ ရင်းနှီးလာတာနဲ. အမျှ တစ်ယောက်အကြောင်း တစ်ယောက် မေးဖြစ်ပြောဖြစ်ပေါ့ ၊၊ အရမ်းသတ္တိကောင်းတဲ့ ကြွေရုပ်လေးပါပဲ ၊၊ ဒီလိုခရီးကို သူငယ် ချင်းတောင် မပါပဲ တစ်ယောက်တည်း စွန်.စွန်.စားစား ထွက်လာဝံ့တယ် ၊၊ ရှက်ကိုးရှက်ကန်း ကောင်မလေးက မီး ကြောက်ပါဘူးတဲ့ ၊၊ ဒါဆိုခုန ဘာလို.ခေါင်းငုံသွားတာလည်းဆိုတော့ ဒါတော့ မီးမသိဘူး ကိုကြီးကိုတော့ မီးတကယ် ရှက်သွားတယ်တဲ့ ၊၊ သူပြောတဲ့ အသံလေးကလည်း တကယ် ကို ကြိုးကြာသံ ၊ ကရိတ်ဝိတ်သံ မကြားဖူးပေမယ့် ကျွန်တော့် နားထဲမှာ တော့ ချိုမြိန်ခြင်း မြစ်တစ်စင်း စီးဆင်းလို.ပေါ့ ၊၊အပြင်ကျောင်းတစ်ခု တက်ဖို.လာတဲ့ ကြွေရုပ်လေးက ကျွန်တော့်ကိုတောင် ပြန်အားပေးသေးရဲ့ ၊၊ စိတ်မပူပါနဲ. ကိုကြီးရယ်တဲ့ ၊၊ ကျွန်တော် စက်မှူတကသိုလ် ပြီးခဲ့ပေမယ့် ဘယ်လိုမှ မခုန်ခဲ့ဘူးတဲ့ ရင် ဟာ ကြွေရုပ်လေး နဲ.မှ တခဏ အတွင်းမှာ ပဲ ပြောင်းဆန်လို.ပါလား ၊၊ အလုပ်ထဲမှာလည်း ဘယ်လိုမှ မပြောင်းလဲခဲ့တဲ့ ကျွန်တော့်ရဲ့ နှလုံးသားကို ကြွေရုပ်လေးက အပိုင်သိမ်းပြီး မင်းမူ တိုက်ခိုက်လို. သွားခဲ့လေရဲ့ ၊၊ သြော် တကယ်ကို. ပိုင်စိုးမှု ဧကရီပါလား ၊၊
***************************
သူငယ်ချင်းတွေ ကောင်းမှူနဲ. Prepaid ဖုံးတစ်လုံး နံပါတ် ကြိုရထားတဲ့ အတွက် ကျွန်တော် ဘက်က ကံတရားက မျက်နှာသာပေးတယ် လို. အဲဒီ ကံတရားကို မှတ်မှတ်ယယ ကျေးဇူးတင်မိ ပါတယ် ၊၊ ကျွန်တော့် ရဲ့ ကြွေရုပ်လေးမှာတော့ ဖုံးနံပါတ် မရှိသေးဘူးတဲ့ ၊၊ သူအရင် သွားနှင့်တဲ့ ကောင်မလေး သူငယ်ချင်းတွေ လာကြိုမယ် ဆိုတဲ့အတွက် ကျွန်တော် တို.ရဲ့ တွေ ဆုံမှူက ချန်ဂီမှာ ပဲ အဆုံးသတ်ရမှာမို. ရင်ထဲမှာတော့ ဆွေးသလိုလို ၊၊ နှစ်ယောက်လုံး ငြိမ်သက်လို. ဘာစကားမှ မပြောဖြစ်ခဲ့ ၊၊ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ဖုံးနံပါတ်လေး ပေးတော့မှ အားရ၀မ်းသာနဲ. မှတ်ပြီး မီးဖုံးဝယ် ပြီးတာနဲ. ကိုကြီးကို ခေါ်လိုက်မယ်နော်တဲ့ ၊၊ အဲဒီတော့ မှ နှစ်ယောက်သား စကားတွေ ပြန်ဖောင် ဖြစ်ကြလေရဲ့ ၊၊
*****************************
လေဆိပ်မှာ နောက်ဆုံး လမ်းခွဲ တော့ သူလည်းသူ.သူငယ်ချင်း ကောင်မလေး နှစ်ယောက် ခေါ်ရာ ဆီ လိုက် ၊ ကျွန်တော်လည်း လာကြိုတဲ့ သူငယ်ချင်း တွေ နောက် လိုက်ရင်း Taxi Stand မှာ အချင်းချင်း မျက်လုံးချင်း ပဲ စကားပြောဖြစ်ခဲ့ပါတယ် ၊၊ နောက်သူက အရင် ကျွန်တော့်ရှေ.က ထွက်သွား လေရဲ့ ၊၊ ထွက်သွားတဲ့ Taxi ကားပေါ်ကနေ တောင် ခေါင်းတချက်ငဲ့လို. မျက်ဝန်းလဲ့လဲ့ လေး နဲ့ နှူတ်ဆက် သွားသေးရဲ့ ၊၊
**************************
ဒီလိုနဲ. အလုပ်ရလို. Contract နဲ.၀ယ်လို. ရတဲ့ ဖုန်းပြောင်းကိုင်ဖို. သူငယ်ချင်းတွေ တိုက်တွန်း ပေမယ့် ကျွန်တော် ရောက်ကတည်းက ကိုင်ခဲ့တဲ့ Prepaid ဖုန်းလေးနဲ့ပဲ ၂ နှစ်ကျော်ခဲ့ပါပြီ ၊၊ ဖုန်းနံပါတ် ပြောင်းရင် သူခေါ်လို. မရမှာ စိုးရွံနေမိပါတယ်၊၊ အဲဒီ စင်ကာပူကို ရောက်တဲ့ နေ. ကတည်းက မျှော်နေမိတဲ့ ကြွေရုပ်လေးရဲ့ ဖုန်းဟာ တစ်ကြိမ်မှ မြည်မလာခဲ့ပါဘူး ၊၊ ခုချိန်ထိ ဖုန်း သံကြားတိုင်း ညနက်သန်းခေါင်ဖြစ်ပါစေ မျှော်လင့်တကြီး ရင်ခုန်စွာ ဖြေကြားနေဆဲ ၊၊ သူငယ်ချင်း တွေက ကျွန်တော့်ကို ဖုန်းသရဲလို. ခေါ်ပေမယ့် ကျွန်တော် ပြုံးပြရုံကလွဲလို. ဘာမှ ပြန်မပြောနိုင်ခဲ့ ၊၊ နောက်ဆုံး အိမ်သာဝင်ရင်တောင် တယ်လီဖုန်းကို လက်ကမချတဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေ က အရူးတဲ့ ၊၊ဘယ်သူတွေ ဘာပဲ ပြောပါစေ ကျွန်တော့်ကြွေရုပ်လေးရဲ့ ဖုန်းကို ဒီနေ.ထိစောင့်မျှော်နေဆဲပါ ၊၊ တကယ်လို. ဒီစာလေးကို ကြွေရုပ်လေးဖတ်မိမယ် ၊ ကြွေရုပ်လေး ကျွန်တော့် ဖုန်းနံပါတ်လေး ပျောက်သွားလို.ပါဆိုရင် ဖြင့် ကျွန်တော် နောက်တစ်ခေါက်ထပ်ပေးလိုက်ပါမယ် ၊၊ကြွေရုပ်လေးကိုပေးခဲ့တဲ့ ကျွန်တော့်ရဲ့ Prepaid ဖုန်းလေးကို ဒီနေ.အထိ သုံးနေဆဲပါလို. ၊၊
Email ပို.လို.လည်းရပါတယ် ကြွေရုပ်လေးရယ် ………………..
လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Monday 8 June 2009

စင်ကာပူနိုင်ငံသားများရဲ့သဘောထားမှန်

ဒီနေ. Straits Times သတင်းစာထဲမှာပါတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို မျှဝေပါရစေ၊၊ ဖတ်တဲ့သူတွေ လည်းသိ ပြီးပြီထင်ပါတယ် ၊၊ မဖတ်ရသေးတဲ့သူတွေ သိရအောင်ပါ ၊၊ဆောင်းပါးအရ မနေ.က Tanjong Pagar GRC မှာ လုပ်တဲ့ ဆွေးနွေးပွဲခေါ်မလား ၊ ရှင်းလင်းပွဲ ပြောမလား အဲဒီ အကြောင်းလေးပါ ၊၊ အဓိကကတော့ Singaporean တွေက Foreign worker တွေကို Complain တက်တဲ့ ရှင်းလင်းပွဲလို. ပြောလို.ရမယ်ထင်ပါတယ် ၊၊ Debate လို.သုံးထားပါတယ် ၊၊ Forign-versus-local debate dominated a community dialogue လို.အစပြုပြီး ရေးသားထားပါတယ် ၊၊

Local လို.ခေါ်တဲ့ Singaporean တွေ က သူတို. အလုပ်အကိုင်ရှားပါးရတာဟာ Foreign Workers တွေကြောင့် ဖြစ်ပါတယ် လို စွပ်စွဲပါတယ် ၊၊ Some Singaporeans questioned the need for foreign workers , arguing that Singapore could survive without them . One even called for the Government to stop issuing work permit to them.အထက်က စာကြောင်းက တော့ တော်တော့ ကို ပြင်းထန်ပါတယ်၊၊ ပါမစ်ထုတ်မပေးဖို. အစိုးရကို တွန်းအားပေး တာပါ ၊၊

ဒါပေမယ့် MOM Minister Mr Gan Kim Yong ကတော့ အသေအချာပြန်ပြောပါတယ် ၊၊ ကျွန်တော်တို. စနစ်တကျ ဆောင်ရွက်နေပါတယ် ၊၊ နိုင်ငံခြားသားတွေ ဟာ အသုံးလည်းဝင်ပါတယ် ၊ အရေးလည်းကြီးပါတယ် ဒါပေမယ့် စင်ကာပူ နိုင်ငံသားတွေ အတွက် ကူညီဖို. အမြဲတမ်း နည်းလမ်းတွေ ရှာကြံနေပါတယ်တဲ့ ၊၊ နောက် သူက ဆက်ပြောတာကတော့ စင်ကာပူနိုင်ငံသား တွေ အလုပ်အကိုင်တည်မြဲရေးနဲ. စင်ကာပူနိုင်ငံ စီးပွားရေး အထောက်အပံ့အတွက်လိုအပ်တဲ့ နိုင်ငံခြားသား တွေ ရဲ့ အရည်အတွက်ကိုလည်း ထိန်းညှို ဆောင်ရွက်သွားဖို. လိုအပ်ပါတယ် လို.ဆိုပါတယ် ၊၊

ဆွေးနွေးပွဲပြီးတဲ့နောက် သတင်းထောက်တွေကို ပြောကြားရာမှာတော့ PM Mr Lee Hsien Loong မှ SMU Singapore Management University မှာ ပြောကြားသွားတဲ့ စကားလေးကို ပြန်ပြောသွားပါတယ် ၊၊
"This sentiment will remain and it is heightened during this recession because Singaporeans are affected "

နောက်ထပ် စင်ကာပူနိုင်ငံသူ တစ်ယောက်က တော့ " ဘာဖြစ်လို. နိုင်ငံခြားသား တွေ အတွက် လုပ်ကိုင် ခွင့်တွေ မရပ်ပစ် ၊ မပိတ်ပစ်တာလဲရှင် ၊၊ နိုင်ငံသားတွေ အတွက် အလုပ်အကိုင် ရှာဖို. အခွင့်အရေးတွေ နည်းပြီး အလုပ်လက်မဲ့တွေ များလာတာပေါ့ ""Why not stop issuing work permits to foreign workers , so that unemployed locals will get the first bite of any job opportunity . "

ကျွန်တော်တို. အတွက် ၀မ်းသာစရာကောင်းတာက အလုပ်ရှင်တွေ က နိုင်ငံခြားသား အလုပ်သမားတွေကို ပိုသဘောကျပါတယ်တဲ့ ၊၊ Ms Amelia Kang ဆိုတဲ့ အလုပ်ရှင်အမျိုးသမီးကတော့ စင်ကာပူနိုင်ငံသားတွေ နဲ့ အလုပ်လုပ်ရတာကို ဒီလိုဆိုပါတယ် " ကျွန်မရဲ့ အလုပ်မှာ စင်ကာပူနိုင်ငံသား ၁၅ ယောက်ကို ငှားရမ်းလုပ်ကိုင် စေခဲ့ပါတယ် ၊၊ တစ်နှစ်ကျော်အောင်လုပ်သွားတာ ၃ ယောက်ပဲ ရှိပါတယ် ရှင်" လို.ဘယ်လို လုပ်ရကိုင်ရ ခက်ခဲ ကြောင်းပြောကြားသွားပါတယ် ၊၊နောက် အလုပ်ရှင် Mr Andrew Kang ကထောက်ခံပြောကြားသွားတာ ကတော့ နိုင်ငံသားတွေက မလုပ်ပေမယ့် နိုင်ငံခြားသား အလုပ်သမား တွေ က အချိန်ပို အလုပ်ဆင်းဖို.လည်း ၀န် မလေးကြပါဘူး တဲ့ ၊၊ Locals would be reluctant လို.ဆိုပါတယ် ၊၊
နောက်ထပ် ခေါင်းစဉ်တစ်ခု ဆက်ဆွေးနွေးတာကတော့ စင်ကာပူနိုင်ငံသားနဲ ပီအာတွေပါ ၊၊ အခွန်တူတူဆောင် ရပါလျက် အခွင့်အရေးတူတူ မရတဲ့ အကြောင်း ပါ ၊၊ တော်တော် တော်တဲ့ စင်ကာပူ နိုင်ငံသားတွေ ပါ ဒီလို ပြန်ပြောပါတယ် " အခွင့်အရေး တူတူ လိုချင်ရင် နိုင်ငံသားခံလိုက်ပါလား " တဲ့ သူ.ဆောင်းပါးထဲမှာတော့ Singaporean later rose to challenge to PR လို.သုံးထားပါတယ် ၊၊

နောက်ဆုံးမှာ Mr Gan ကပြောတာကတော့ နိုင်ငံခြားသား လုပ်သားတွေကို ပြန်ထုတ်ရမယ် ဆိုရင် စင်ကာပူ အနာဂတ် ကို ထိခိုက်ပါလိမ့်မယ် ၊၊ ကုပ္မဏီတွေကို ဖိအားပေးပြီး နိုင်ငံသားတွေပဲ အလုပ်အကိုင်ပေးရမယ်လို. ဆိုရင်လည်း သူတို.လုပ်ငန်းဆောင်ရွက်ရာမှာ ပိုမိုခက်ခဲစေပါလိမ့်မယ် ၊၊ လို.ဆိုပါတယ် ၊၊
နောက်ဆုံးမှာ Mr Gan ဆိုသွားတာကတော့ " To keep foreigners out may be very appealing to the locals , but it may not be the right approach for Singapore in the long term , because it will undermine the basic economic fundamentals ."
နောက်ဆုံးမှာထပ်ပြီး Mr Gan က သူရဲ့ Ministers နဲ. MP တွေကို သေချာ ကွင်းဆင်းရှင်းလင်းပြဖို.နဲ. နောက်ပိုင်းမှာ စင်ကာပူနိုင်ငံကြီးသားတွေ အနေနဲ. နားလည်းလက်ခံလာမယ်လို. သူယုံကြည်ပါတယ်လို. ပြောကြားသွားပါတယ် ၊၊

ဆောင်းပါးလေးရဲ့ ခေါင်းစဉ်ကတော့ Foreign v local debate gets airing ဆောင်းပါးရှင် သတင်းရေးသူ ကတော့ Aaron Low ဖြစ်ပါတယ် ၊၊ ဇွန်လ ၈ ရက်နေ.ထုတ်သတင်းစာမှာပါတဲ့ ဆောင်းပါးလေးကို တင်ပြတာပါ ၊၊ မူရင်းကို ဖတ်ကြည့်စေချင်ပါတယ်၊၊ အမှားအယွင်း အကျအပေါက် ကွဲလွဲမှူများ ပါဝင်ပါက ခွင့်လွှတ်ပါရန်ကြိုတင် တောင်း ပန်ပါတယ် ၊၊ ဒီနိုင်ငံမှာ လာရောက်အလုပ်လုပ်သူချင်းမို. ကိုယ်ချင်းစာ စိတ်လေးနဲ. မျှဝေပေးခြင်းသပ်သပ်ပါ ၊၊ အင်္ဂလိပ်စာ ညံ့ သလို မြန်မာစာရေးလည်း မကောင်းပါဘူး ၊၊ PR သမားတွေ အတွက် သိပ် အရေးမကြီးပေမယ့် Pass Holder တွေ အတွက်တော့ အလုပ်မရှိတာနဲ. နေထိုင် ခွင့်လည်း မရှိတော့ပါဘူး ၊၊ ဒါကြောင့်ပိုအရေးကြီးမယ်ထင်ပါတယ်အခုလို. သူတို.နိုင်ငံသားတွေ အနေနဲ. နိုင်ငံခြားသား အလုပ်သမားတွေ ပေါ်မှာ ထားတဲ့ သဘောထားကို သိရတော့ ဘာပဲဖြစ်ဖြစ် သွားသတိ ၊ စားသတိ ၊ လာသတိ ၊ နေသတိ ၊ ထိုင်သတိ ၊ အလုပ်ထဲမှာလည်း သတိနဲ. လှုပ်ရှား ရတာပေါ့ ဗျာ ၊၊
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ
လေးစားစွာဖြင့်
မင်းအိမ်ဖြူ

Friday 5 June 2009

ကျွန်တော်လွမ်းတဲ့ လူထုအော်သံ

လွမ်းတယ် ဆွေးတယ် သတိယတယ် ဆိုတာဟာ နှလုံးသား ကို အခြေပြု စီးဆင်းလာတာ မို. အလွန်အကျွံ မဖြစ်ဘူးဆိုရင် ခံစားသင့်တဲ့ အရာအဖြစ် ကျွန်တော် သတ်မှတ် လက်ခံထား ပါတယ် ၊၊ ကျွန်တော် လွမ်းတက်ပါတယ် ၊၊ ဘာ့ကြောင့်မှန်းမသိပေမယ့် တကယ် လွမ်းတက်တာပါ ၊၊ တခါတခါ မိဘတွေကိုလွမ်းတယ် ၊၊ မောင်နှမ တွေကို လွမ်းတယ် ၊၊ သူငယ်ချင်းတွေကို လွမ်းတယ် ၊၊ လွမ်းတယ်ဆိုတာ ဘယ်လို အတိအကျ အဓိပါယ် ရှိလဲ မသိပေမယ့် ကျွန်တော့် အတွက်တော့ လွမ်းတယ် ဆိုတာ တမ်းတမ်းတတ သတိယခြင်း တစ်မျိုးပါပဲ ၊၊


ငယ်စဉ်ကတည်းက အလွမ်းတွေ နဲ. ရစ်ပတ်ကြီးပြင်းခဲ့သူမို. ခုချိန်ထိလည်း လွမ်းလို.နေ ဆဲပါ ၊၊ သက်ရှိတွေ ကိုလည်း လွမ်းပါတယ် ၊၊ သက်မဲ့တွေ ကိုလည်းလွမ်းပါတယ် ၊၊ ချစ်တဲ့သူတွေကိုလည်း လွမ်းပါတယ် ၊၊ မုန်းတဲ့ သူတွေကိုလည်း လွမ်းပါတယ် ၊၊ ကိုယ့်အ ပေါ် ကောင်းတဲ့သူတွေကိုလည်း လွမ်းပါတယ် ၊၊ ကိုယ့်အပေါ် ဆိုးတဲ့ သူတွေကိုလည်း လွမ်း ပါတယ် ၊၊ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း လွမ်းတက်ပါတယ် ၊၊ တကယ် အားလုံးကို လွမ်း ပါတယ် ၊၊

အခုဒီကိုရောက်တော့ ဘာပဲဖြစ်ဖြစ် ပိုလွမ်းမိနေတာက မြန်မာတစ်နိုင်ငံလုံးကို ပါပဲ ၊၊
တိုက်ဆိုင်မှုရှိတိုင်း လွမ်းပါသည်ပေါ့ ၊၊

ဟိုးငယ်ငယ်တည်းက စာစဖတ်တက်စ အရွယ်မှာ သတင်းစာ ဆိုတာကို စပြီး မိတ်ဆက် ခွင့် ရခဲ့ပါတယ် ၊၊ အိမ်မှာက ကြေးမုံ ရော ၊ ဗိုလ်တစ်ထောင်ရော ယူပါတယ် ၊၊ ကျွန်တော်တို. မြို.က ရန်ကုန်နဲ. မိုင်၂၀၀ နီးပါးဝေးပါတယ် ၊၊ အဲဒီတော့ သတင်းစာကို ထွက် တဲ့ မနက်ပိုင်းမှာ ဖတ်ခွင့်မရပါဘူး ၊၊ ညနေ စာပို.ရထား ဆိုက်တဲ့ အချိန်မှ ဖတ်ခွင့် ရပါတယ် ၊၊ ဘာ့ကြောင့်စာပို.ရထား လို. ခေါ်လဲဆိုတော့ အဲဒီရထား မှာ စာတိုက်တွဲဆိုတာ ပါပါတယ် ၊၊ စာတွေကို အပို.အယူလုပ်တာပေါ့ ၊၊ စာတိုက်ရှိတဲ့ ဘူတာတိုင်းမှာ အဲဒီ ရထားက ရပ်ပါတယ် ၊၊


အဲဒီလိုနဲ့ သတင်းစာနဲ့ ရင်းနှီးလာတဲ့ အနှီကလေးလေး ကျွန်တော် ဟာ သတင်းစာ ၂ စောင် လုံးကို အမြဲတမ်း စောင့်ပြီး ဖတ်ပါတယ် ၊၊ ဘူတာမှာ သွားယူပါတယ် ၊၊ သူတို.အိမ်ကိုလာ ဝေရင် ကြာလို.ပါ ၊၊ အဲဒီလို ဘူတာက ပြန်ရင်း လမ်းလျှောက်ဖတ် ရတဲ့ အရသာဟာ တကယ်ကောင်းပါတယ် ၊၊ အခုတောင် အဲဒီလိုလေး ဘောင်းဘီတို အကွက်လေး ၀တ်ပြီး ပြန်သွားပြီး ဖတ်လိုက်ချင်ရဲ့ ၊၊ ဘာတွေ များဖတ်တုန်း ၊၊ ကာတွန်းပါ ၊၊ နောက်ကာတွန်း ပြီးရင်ဖတ်တာက တော့ လူထုအော်သံ ပါ ၊၊ အရမ်းကြိုက်ပါတယ် ၊၊ အဲဒီကာလ တုန်းက ခုလို ဂျာနယ်တို. ဘာတို.ကလည်းမရှိ ၊၊ အင်တာနက်တို. ဘာတို.ကလည်း မရှိ ၊၊ ဆိုတော့ အဲဒီသတင်းစာ ဟာ ကျွန်တော်တို. အတွက်တော့ တံခါးပေါက်ပါပဲ (ကိုဒီပ ၇ဲ့ ပြတင်းပေါက်တော့ မဟုတ်ပါ ) ၊၊


တကယ်ကို အဲဒီတုန်းက ကာတွန်းလေးတွေဆို အရမ်းကောင်းပါတယ် ၊၊ ဖြစ်နေတဲ့ ခေတ် အမြင်လေးတွေကို တင်ပြတာပါ ၊၊ နောက်လူထု အော်သံ ဆိုလည်း တကယ် အော်လို. ရပါတယ် ၊၊ မုန်.ဟင်းခါးဖို အပုပ်နံ. ဘေးအိမ်မခံနိုင် ၊ တို. ရပ်ကွက်တွင်းမှ ဟိုအိမ်တွေ ဖယ်ရှားပေးစေချင် တို. ဘော်ဒီရုံမှ အသံ လမ်းတွင်း နေသူများ အိပ်မရ တို. ပဲလှော်ဖိုမှ မီးဘေးစိုးရိမ်ရ တို. ညဖက်သန်းခေါ်င် သုံးဘီးကားသံ နားမခံသာ တို. စသည် ဖြင့်ပေါ့ ၊၊ တကယ်ဖတ်လို.ကောင်းပါတယ် ၊၊ ဘာဖြစ်ဖြစ် ကိုယ် မသွားနိုင် မမြင်နိုင်တဲ့ ဆီက အသံတွေကို ကြားနေရပါတယ် ၊၊ ( အခုတော့ တစ်ပြည်လုံးသာယာပြီဆိုတော့ ဒါတွေ လိုတော့ ပါဘူးနော် ၊ လမ်းဖောက် ၊ တံတားဆောက် ၊ ရေအားလျှပ်စစ်ထုတ် တဲ့ သတင်းတွေ တောင် မှ ဖေါ်ပြဖို. စာမျက်နှာမဆံ့လို. နောက် အချပ်ပို ထုတ်နေရတာလေ နော် )


အခုတော့ မမြင်ရတော့တဲ့ အဲဒီ လူထုအော်သံ လေး လွမ်းတယ်ကွယ် ၊၊
ဦးဦးအယ်ဒီတာကြီးခင်ဗျား .........................
ဆို အစပြုပြီး ရေး လိုက်ချင်မိပါရဲ့ ၊၊


(ဒီက Straits Times သတင်းစာမှာ ကျွန်တော် ငယ်ငယ်တုန်းက အမြဲစောင့်ဖတ် ရတဲ့ ကျွန်တော် လွမ်းနေတဲ့ ကာတွန်းနဲ့ လူထုအော်သံ ဆိုတာလေးပါလို. ပိုလွမ်းမိသွားတာ ပါဗျာ : အခုဟာက အင်္ဂလိပ် လိုဆိုတော့ ဖတ်တက်ဘူး P: )

လက်ဆောင်

အဒေါ်တစ်ယောက်နဲ. အတူ ကျွန်တော်တို. ညပိုင်း ရုပ်မြင်သံကြား ကလာတဲ့ ပေါင်ချိန်ကား ထိုင်ကြည့် နေတဲ့ အချိန် ပေါ့ ၊၊ အဲဒီမှာ တစ်ယောက်က ပေါင်ချိန်ရုံးထိပ်က စည်ကြီး ရှိရင်ကောင်း မယ်ပေါ့ ၊၊ မကျေနပ်ရင် သွားအော် လို.ရတယ် ပေါ့ ၊၊ အဲဒီတော့ အဒေါ် လုပ်သူက ၀င်ပြောပါတယ် ၊၊ မရှိတာကောင်းပါတယ်ဟယ်တဲ့၊၊
ဘာလို.လည်း အဒေါ်ရပေါ့ ၊ အားလုံးက ၀ိုင်းမေးတဲ့ အခါ
ဟဲ့ အဲဒါကြီးရှိတော့ ဘယ်သူမှ အလုပ်လုပ်ရမှာ မဟုတ်ဘူး ၊ အော်ဖို.တန်းစီနေရတာနဲ့ အော်စရာတွေ က အများကြီး ဘယ်လိုလုပ်မတုန်းတဲ့ ၊၊ဒီတိုင်းလေးပဲကောင်းပါတယ် ဟယ် တဲ့ ၊၊
အင်း သူဟာနဲ့သူတော့ နေသားကျလို.ပါပဲလေ ....……..လို.သာစဉ်းစားရင်း

Thursday 4 June 2009

ပျော်ရွှင်စရာမွေးနေ.လေးဖြစ်ပါစေ

..................... .......................
စေတီတော်၏ညချမ်းကြည်ညိုဖွယ်.................ဒီအရုပ်လေးရင်းနှီးခဲ့တာကြာပေါ့.........................ပန်းလှူဖြစ်ခဲ့ပါ၏

ကျောင်းတွေ ဖွင့်တဲ့ လ ……..
မိုးတွေရွာတဲ့လ ……
ဝါဆိုတော့မယ့်လ………..
သြော် ဇွန်လ ရောက်ပြန်ပြီ…………….

ရာသီစက်ဝန်းတွေ အလီလီပြောင်းခဲ့သလို
နှစ်တွေလည်း အခါခါ ဟောင်းခဲ့ပြီ ………..
ပြန်မရနိုင်တော့တဲ့ ပျိုမြစ်နုနယ်ခြင်းတွေ လည်း ကုန်ဆုံးခဲ့ပြီ…..
အစားထိုးဝင်ရောက်လာတဲ့ တည်ငြီမ်ရင့်ကျက်ခြင်းတွေကို ကြိုဆိုရင်း …………

အမှတ်ယစရာလေးတွေ
ဒီလိုနေ. ဇွန်လ ၄ ရက်ရောက်တိုင်း ကောင်းမှုကုသိုလ်လေးတစ်ခုခုတော့ ပြုဖြစ်မြဲ
ဒီနေ.လည်းပြုဖြစ်ပါအုံးမည်၊၊

၂၀၀၄ခုနှစ် တုန်းက စစ်ကိုင်တိုင်း အနောက်မြောက်ပိုင်းက ကလေးဝမြို.မှာ ၊ ဘုရား ဘွဲ.တော် က ရွှေစည်းခုံ စေတီတော် ဘွဲ.အမည်ရတဲ့ တစ်ဆူလုံးရွှေအပြည့်နဲ.ဟိုး တောင်ပေါ်ထိပ်က စေတီမှာ
၂၀၀၅ခုနှစ် တုန်းက ရန်ကုန်မှာ
၂၀၀၆ခုနှစ် တုန်းက လည်းရန်ကုန်မှာပဲ ရှိနေခဲ့
၂၀၀၇ခုနှစ် တုန်းက ဒီနေ.ဒီရက်မှာ မုံရွာမှာ ရှိနေခဲ့တယ်
အဲဒီတော့ မုံရွာ ရွှေစည်းခုံ ဘုရားမှာ မွေးနေ.ကို ရည်စူးပြီး ငွေလှုခဲ့သည် ၊၊
၂၀၀၈ခုနှစ် မနှစ်ကတော့ နာဂစ် ဖြစ်ပြီးကာစ ကာလဆိုတော့ ကျောင်းကသူတွေ အားကြိုး မာန်တက် ကောက်ခံဒါနပြုနေတာတွေနဲ.လည်းကြုံဖြစ်တော့ အဲဒီအတွက် ရည်စူးပြီး ငွေလှူ ဖြစ်ခဲ့တယ် ….
၂၀၀၉ခုနှစ် ဒီနှစ်လည်း ဒီနေ.မှာ ဒါနတစ်ခုခု ပြုဖြစ်အုံးမှာပါ ၊၊ ဒီညနေ ဘုရားသွားမယ် ၊၊ ပန်း ၊ ရေချမ်း လည်းကပ်မယ် ၊၊မွေးနေ.ကို ရည်မှန်းလို. ဒါနပြု အမျှပေးဝေပါအုံးမယ် ၊၊
၂၀၁၀ခုနှစ် ................


နောင်လာမည့် နှစ်တွေတိုင်းမှာလည်း ပြုခွင့်ရသမျှ အခွင့်ရသမျှ အမှတ်တယ ဒါနလေးတွေ ဒီနေ.ဒီရက်မှာ ပြုဖြစ်ပါအုံးမည်၊၊

ဒီမွေးနေ.မှသည် နိဗာန် မရောက်မီဆက်ကြား ဘ၀ဆက်တိုင်း ပျော်ရွှင်ချမ်းသာ စွာဖြင့် ကောင်းမွန်စွာ အသက်မွေးနိုင်ပါစေ ၊၊
ဘ၀များစွာ သံသရာစက်ဝန်းအတွင်း ကျင်လည်နေရအုံးမည် ဆိုလျှင်လည်း သစာမဲ့သူ သူတစ်ထူးနဲ. မတွေ.မဆုံ ၊ မကြုံမသိ ပါစေနဲ. ၊၊
သာယာပျော်ရွှင် ချမ်းမြေ့သော ဘ၀တစ်ခု ၊ ပြည့်စုံချမ်းသာသော မိသားစုဘ၀တစ်ခုကို ပိုင်ဆိုင်ပါစေလို. ဆုမွန်တောင်းပါ၏ ၊၊

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

Tuesday 2 June 2009

စိတ်မလုံဘူး

သူများဒေသ သူများနိုင်ငံ သူများတိုင်းပြည် မှာ လာရောက်လုပ်ကိုင် နေရသည့် အတွက် မည်သူ တစ်ဦးတစ်ယောက် ရယ်မှ စိတ်လွတ်ကိုယ်လွတ် မနေထိုင်ရတာကိုတော့ ကိုယ်တိုင် ခံစားဖူး သူများ သာလျှင်ကိုယ်ချင်း စာ ခံစား နိုင်ပေလိမ့်မည် ၊၊ သွားနေပေသည့် မလွတ်လပ် ၊ စားနေပေသည့် ခံတွင်းမတွေ. ၊ အိပ်နေပေသည့် မနှစ်ခြိုက် ၊၊ ကြုံဖူး ခံစားဖူးမည်လားမသိ ၊ အိပ်ရတာခြင်းတူပေသည့် မိဘတွေ ရှိသည့် အိမ်တွင်အိပ်သည့် အခါ ပိုရ်ျ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၏၊၊ စားဝင်၏၊၊ ထို.အတူ ပေ ၊၊


ပိုရ်ျ ကောင်းကောင်း နေရပါ၏ ၊၊ ပိုရ်ျ ကောင်းကောင်း စားရပါ၏ ၊၊ ပိုရ်ျ ကောင်းကောင်း ၀တ်ရပါ၏ ၊၊ သက်တောင့်သက်သာ သွားရလာရ ပါ၏ ၊၊ အင်တာနက်သုံး ရ်ျ အဆင်ပြေ၏ ၊၊ မီး အတွက် ၂၄ နာရီပူစရာမလို ၊၊ ၁ နာရီလောက်ဖြတ်ချင်လျှင်တောင် တစ်ပတ်လောက် ကြိုတင်ရ်ျ သတိပေးအကြောင်းကြား၏ ၊၊ (ကျွန်တော်တို.ဆီမှာတော့ တစ်နှစ်စာ ကြိုတင် အကြောင်းကြားထားမှ အဆင်ပြေမည် ) တယ်လီဖုန်းဆက်သွယ်ရေး အဆင်ပြေ၏ ၊၊ (ကိုယ် မပြောလျှင် ပေးစရာမလိုပါ ၊၊ ) ကိုယ်ပိုင်ကားမရှိတဲ့ လူတန်းစားလည်း ပူစရာမလို ၊၊ တယ်လီဖုန်း ကိုင်နိုင်တဲ့ လူတန်းစား ရယ်လို.လည်း သတ်သတ်မှတ်မှတ် မတွေ.ဘူး ( Handset ကောင်းကောင်းကိုင်နိုင်သူများကိုမရည်၇ွယ်ပါ )


လိုအပ်ရ်ျ နေမကောင်းဖြစ်ပါက ဆေးခန်းသွား ၊ သာမာန် ရိုးရိုး ဖျားနာခြင်းအတွက် ကိုယ်ငွေ တစ်ပြားမှ ကုန်စရာမလိုပါ ၊၊ ဘောင်ချာလေးတင်လိုက် တစ်ရက် လည်း နားရ သည် ၊၊ ဆေးခန်းဖိုးလည်း ပြန်ရပါသည် ၊၊ စားစရာ ဆိုတာလည်း ဆိုင်တွေဆိုတာ တပုံတပင် ဘယ်နေရာမဆို အဝေးဆုံးဆိုတာက လမ်းတစ်လျှောက်သာသာ ၊ တစ်မှတ် တိုင်ပေါ့ ၊၊ ၂၄ နာရီဆိုတဲ့ ဆိုင်တွေက ရှိသေး ၊၊ ဘာဝယ်ချင်လည်း ရတယ် ၊၊ နေရာတကာ ၊ ကံကောင်းရင် အင်္ဂလိပ်လိုတောင် ပြောဖို.မလို ( 7 – 11 ဆိုင်တွေမှာက ညပိုင်းဆို ရွှေတွေ တွေရတက်ပါတယ် )အစားအသောက်လည်း သိပ်ထူးထူးခြားခြား ကွာလှတယ်မဟုတ်၊ စားလို.ရပါသည် ၊၊

သို.သော်
သို.သော်
ကျွန်တော်တို.မပျော်
ကိုယ်မြေ ၊ ကိုယ့်ရေ ၊ ကိုယ့်ဒေသရယ်မှ မဟုတ်တာနော် ၊၊
နောက်တစ်ခုက
ကျွန်တော်တို. စိတ်တွေ မလုံခြုံဘူးလေ………


စိတ်မလုံဘူးဆိုတဲ့ ခံစားချက်ကို ဘယ်လို နားလည် အဓိပါယ် ဖွင့်ကြမယ် မသိပေမယ့်
ကျွန်တော်အတွက်တော့ တကယ်စိတ်မလုံခြုံဘူးလို. ခံစားရပါတယ် ……….

ကိုယ်ကိုတိုင် အတွက်ရော ၊ အားလုံးအတွက်ရယ်ကော……………


စပ်မိစပ်ရာ ဘာဘာညာညာ

ဒီနေ.ဖတ်ဖြစ်တဲ့ The Straits Times သတင်းစာလေးထဲက သတင်း ဆောင်းပါး လေးမှာ ပါတဲ့ စာပိုဒ်လေး တစ်ခု ကို မျှဝေ လို. မုဒိတာ ပွားစေချင်လို.ပါ ၊၊ ဖြစ်ပုံလေးကတော့ Singapore နိုင်ငံ Orchard Road ပေါ်မှာ ရှိတဲ့ အခန်း ၁၄၀ ပါရှိတဲ့ Condominium တစ်ခုမှာ ဖြစ်တဲ့ အကြောင်းအရာလေးပါ ၊၊ ကျွန်တော် High Light လုပ်ချင်တာက အကြောင်းအရာ မဟုတ်ပါဘူး ၊၊ ဗြိတိန်နိုင်ငံသား Hotel Designer တစ်ယောက်ရဲ့ ပြောစကား
လေးကို ဝေမျှချင်တာပါ ၊၊သူတို.ကို အာဏာပိုင်တွေက လက်ရှိနေတဲ့ နေရာ Condominium ကနေ ရွှေပေးဖို. Sunday Night မှာ အသိပေးပါတယ် ၊၊ Monday ပြောင်းပေးရမယ်ပေါ့ ၊၊ အကြောင်းအရာကတော့ သူတို.အကြောင်း ဆိုတော့ ထားလိုက်ပါတော့ ၊၊

အဲဒီမှာ အဲဒီဗြိတိန် နိုင်ငံသားက ပြောသွားတာလေးက ဒီလိုဗျ ၊၊ မူရင်းအတိုင်း ရေးပေးလိုက်ပါမယ် ၊၊ သူကဒီလိုဆိုတယ်ဗျ ..
" I didnt know that what was happening . No notices pasted in the lobby , nothing . If I had not found out from friends , would my belongings have been rudely thrown out ? " asked the hotel Designer , who is looking for temporary accommodation and has contacted his embassy for Help .
ကျွန်တော်ခံစား လိုက်ရတာက အထက်မှာ ကျွန်တော် အနီရောင်နဲ. High Light လုပ်ထားတာလေးပါ ၊၊..
ကျွန်တော်တို.ဆို ဒီလိုစိတ်ကူးမျိုး ၀င်မိမလား ၊၊ No ၊၊ ကျွန်တော်တို. ဘယ်တော့မှ မျှော်လင့်မိမယ်မထင်ဘူး ၊၊ ကျွန်တော်တို.နဲ. သံရုံးကြားက ဆက်သွယ်ရေးက အခွန်ဆောင်ဖို.နဲ. ပိုက်ဆံ ၃၀၀ ပေးပြီး ပတ်စပိုစ့် သက်တမ်း တိုးရေးက လွဲရင် အခြားမရှိပါ ၊၊ တခါမှလည်း အကူအညီတောင်းမကြည့် ခဲ့ဘူးသလို ၊ စိတ်ကူးလည်း မရှိကြ ၊၊ ကူညီမယ်လို.လည်း မမျှော်လင့်ကြ ၊၊ လူတိုင်းဒီလို ခံစားရမယ်ထင်ပါတယ် ၊၊ ဘာကြောင့်များပါလိမ့် ?
အလုပ်ထဲမှာ အတူတူလုပ်ကြတော့ အခြားနိုင်းငံ ( အိမ်နီးနားခြင်း ) ဖိလစ်ပိုင် ၊ ယိုးဒယား ၊ အိန္ဒီယ ၊ ဘင်္ဂလား၊ တရုတ် စတဲ့နိုင်ငံက အလုပ်လုပ်သူတွေကတော့ ဘာအခွန်မှ ဆောင်ရန်မလိုပါတဲ့ ၊၊ ဒါကတော့ တစ်နိုင်ငံ မူတစ် မျိုး ဆိုတော့ ထားပါတော့ ၊၊ အမှန်တော့ ကျွန်တော်တို.ဆို ပတ်စပိုစ့် ဆိုတာလုပ်ကတည်းက ပညာရေးကင်းရှင်း ကြောင်းဆိုပြီး အခွန်ငွေ ဆောင်ခဲ့ပြီးသားပါ ၊၊ ထားပါတော့ ၊၊ အခြားနိုင်ငံသားတွေ အဆင်မပြေတဲ့အခါ သံရုံးကို အကြောင်းကြား အကူအညီတောင်းလို.ရတယ်ဆိုတာ သိရတော့ .......... အင်း ......
အကူအညီတောင်းဖူးသူများ ရှိရင်လည်း ပြောပြပေးပါဗျာ ...............
အခြားသူတွေလည်း သိရတာပေါ့ ..............
နောက်ထပ်တွေးမိတာလေးက ကျွန်တော်တို. ရွှေတွေ အခြားလူမျိုးထက် ပိုတော်တယ်လို. ၊ ဟုတ်တယ်လေ ဗျာနော် ၊ ဘယ်သူ.မှ အကူအညီမတောင်း ဘူး ၊၊ အချင်းချင်းလှည်ပတ် ကူညီပြီး ကိုယ်ပြသနာ ကိုယ်ရှင်း သွား ကြ တာ ၊၊ တကယ်တော် ပါတယ်ဆို..... အဟုတ် ..

Monday 1 June 2009

အမှား

သင်ပြုလုပ်ခဲ့သည့် အမှားများကို
သေသေချာချာ မှတ်တမ်းတင်ပါ ၊၊ စီစစ်ပါ ၊၊

အမှားဆိုတာ လူတစ်ယောက်ရဲ့ မှတ်တိုင်များဖြစ်ပေသည် ၊၊ မိမိမကြုံဘူးသေးသော ၊ အသစ်ဖြစ်သော နေရာဒေသနှင့် အတွေ.အကြုံများကို ဆောင်ရွက်ရာတွင် အထောက်အကူရစေသည် ၊၊ လမ်းညွှန်မှူလည်း ဖြစ်သည် ၊၊ အမှားဆိုသည်မှာ သင်ကြားလေ့လာရသော ပစည်းဖြစ်သည် ၊၊ သင်ခန်းစာ ဖြစ်၏ ၊၊


စိတ်မတိုပါနှင့်


မည်သည့် အချိန်အခါမျိုး အခြေအနေမျိုးမှာမဆို စိတ်ရှည်သည်းခံမှူရှိသောသူသည် အောင်မြင်မှူကို ရရှိမည်မှာမလွဲပေ ၊၊ ( သောမတ်ဂျက်ဖာဆန် )


လူတိုင်းနှစ်သက်သော အကြောင်းအရာ ၁၀ ခု


၁၊၊ ကျေးဇူးပြုပြီ
၂၊၊ ကျေးဇူးတင်ပါတယ်
၃၊၊ရိုးသားစွာ နှူတ်ဆက်ခြင်း
၎၊၊ရိုးသားစွာ ချီးကျူးခြင်း ( ခင်ဗျားလုပ်တဲ့ အလုပ်က ပထမတန်းစားပဲဗျာ )
၅၊၊ရိုးသားစွာ အသိအမှတ်ပြုခြင်း ( လုံလ ၀ီရိယကို ချီးကျုးပါတယ် ဗျာ )
၆၊၊ကောင်းမွန်သော စကားပြောကြားခြင်း (ခင်ဗျားနဲ့ပတ်သပ်ပြီ မင်္ဂလာသတင်းပဲ ကြားရတယ်ဗျာ )
၇၊၊နှစ်လိုစွာ ပြောဆိုခြင်း ( ခင်ဗျားနဲ. အလုပ်တွဲလုပ်ရတယ် ကျေနပ်ပါတယ် )
၈၊၊ချိုသာစွာ တောင်းဆိုခြင်း( ခင်ဗျားအကူအညီလိုတယ် )
၉၊၊ရင်တွင်းစကားဆိုခြင်း (ခင်ဗျားကြိုးစားမှူကို တကယ်ကို ခံစားလိုက်ရပါတယ် )
၁၀၊၊ဝေမျှခံစားခြင်း (၀မ်းမြောက်ဂုဏ်ယူပါတယ် )


How To Become CEO
Aung Min Htike


အခုလောလောဆယ် ဖတ်နေသော စာအုပ်မှ စာပိုဒ်လေးအား နှစ်သက်မိပါသဖြင့် တင်မိပါသည် ၊၊ ကျွန်တော်တို. မှာ မှတ်တိုင်တွေ ဘယ်လောက်များနေပြီလဲ????????

မရေမတွက်နိုင် စိတ်တွေ တိုနေဆဲပါလာ ?????????

လူတိုင်းနှစ်သက်တဲ့ ၁၀ ချက်ကို စိတ်လိုလက်ရ စိတ်ပါလက်ပါ ဘယ်နှစ်ကြိမ်လုပ်ခဲ့လဲ ?????????